လက်မလည်အောင် ရောင်းအားကောင်းနေတဲ့ အိမ်မြှောင်ကြော်+ထမင်း ဆီဆမ်း

310

ကျွန်တော်တို့ ဒေသတွေမှာတော့ ကင်းခြေများတို့၊ ကင်းမြှီးကောက်၊ နွားချေးပိုးတို့ကို စားစရာလို့ မမြင်ဘဲ၊ ရွံစရာလို့ မြင်ကြပါတယ်။ ဒါပေမယ့် တစ်ချို့ဒေသတွေမှာတော့ ဒါတွေက ထမင်းမြိန်စေတဲ့ စားကောင်းသောက်ဖွယ် ဖြစ်နေတတ်ပါတယ်။ တစ်ချို့ဆို သွေးစုပ်တဲ့မျှော့ကအစ စားကြပါသတဲ့။

ထူးထူးဆန်းဆန်း အစားအစာတွေ ရောင်းချလေ့ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ၊ ပုံမှန်မဟုတ်တဲ့ အစားအစာမျိုးစုံ ရနိုင်ပါတယ်။ ခွေးသား၊ လင်းနို့သား၊ မြွေသားတွေသာမက အိမ်မြှောင်၊ တောက်တဲ့၊ ပုတ်သင်ညိုအသားတွေပါ ချက်ပြုတ်ကြော်လှော် ရောင်းချပါသတဲ့။

WorldOfBuzz မှာ ဖော်ပြထားချက်အရ ဗီယက်နမ်မှာ လက်မလည်အောင် ရောင်းရတာကတော့ အိမ်မြှောင်ကြပ်တိုက်ကင်၊ အိမ်မြှောင်ကြော်နဲ့ ထမင်းတို့ ဖြစ်ပါတယ်တဲ့။ လူမှုကွန်ရက်မှာ တက်လာတဲ့ဓာတ်ပုံတွေကြောင့် ဒေသခံတွေကို အစားအသောက် ပက်စက်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဗီယက်နမ်မှာတော့ အိမ်မြှောင်ဈေးကွက်ဟာ အလွန်ကောင်းနေပြီး၊ ကုန်သည်ပွဲစားတွေဆီမှာ တောင်ပုံရာပုံ ရှိတယ်လို့ ဆိုပါတယ်။ အခြားနိုင်ငံတွေမှာတော့ အိမ်မြှောင်တစ်ကောင် စားကောင်းသောက်ဖွယ်ထဲ ပါလာရင် အကြီးအကျယ် ရန်ပွဲဖြစ်နိုင်ပေမယ့်-

ဗီယက်နမ်မှာတော့ ဒါဟာ သဘောကျစရာ ဟင်းအမယ် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ တစ်ချို့နေရာတွေမှာတော့ အခြောက်လှန်းထားတဲ့ အိမ်မြှောင်မျိးမဟုတ်ဘဲ၊ လက်လက်ဆက်ဆက် အိမ်မြှောင်တွေ ရလာခဲ့ရင်၊ ရေနွေးနဲ့အသာဖျောပြီး မြန်မာတွေ ငပိရည်အတို့အမြှုပ်နဲ့ စားသလို၊ အချဉ်ရေနဲ့ တို့ပြီး မြည်းကြပါသတဲ့။

လင်းဇော်ကို D Nae Khit Media