ဘဝပေးအခြေအနေကြောင့် ကျောက်ဆည်ကနေမန်းလေးအထိ ထီလာရောင်းရရှာတဲ့အဖိုးအို

161





Unicode Version

လူတွေဟာ ဘဝပေးကုသိုလ်အရ လက်ရှိဘဝမှာ ရုန်းကန်မှုတွေ လုပ်နေကြရပါတယ်။ တစ်ခါတစ်ရံမှာ အေးချမ်းပေမယ့် တစ်ခါတစ်ရံမှာတော့ ဆိုးရွားလွန်းကြပါတယ်။ တချို့ဆိုရင် အနားယူချိန်တန်ပေမယ့်လည်း ဘဝကို ရုန်းကန်လှုပ်ရှုားနေကြရတုန်းပါပဲ။ ဒီလို ရုန်းကန်လှုပ်ရှားနေကြတဲ့ ဘိုးဘိုးဘွားဘွားတို့ ကို မြင်ရင် ရင်ထဲမကောင်းသလို အမြဲတမ်းကူညီဖြစ်အောင် ကူညီပေးကြတဲ့ လူတွေ ရှိပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် ၈၅ နှစ်အရွယ် ထီရောင်းနေတဲ့ အဘိုးအိုပါပဲ။

အဘိုးဟာ ကျောက်ဆည်မှာ နေထိုင်သူဖြစ်ပြီး မန္တလေးထိ ထီလာရောင်းရပါတယ်။ ဘယ်လိုများလာတယ်လို့ ပရိတ်သတ်ကြီးထင်လဲ …. ? သူဟာ စက်ဘီး တစ်စီးနဲ့ ကျောက်ဆည်ကနေလာတာပါ။ ထီဖွင့်ရက် ၁၀ ရက်အလိုဆိုတာနဲ့ စက်ဘီးလေးကို နင်းရင် မန္တလေးမှာ ထီလာရောင်းပါတယ်။ လမ်း ၈၀ အနီးတဝိုက်မှာ အများဆုံး တွေ့ရပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ရုန်းကန်နေရတဲ့ အဘိုးကို တွေ့ရင် လှည့်ထွက်မသွားပဲ အားပေးခဲ့ကြဦးနော် ပရိတ်သတ်ကြီး။

Writer – ME( Shwe Yaung Lan )