အရေးကြီးလို့ပါ…ခိုးသွားတဲ့ သူခိုးမှ ပိုင်ရှင်ကို ဆက်သွယ်ပေးပါ ရဲမတိုင်ပါဘူးတဲ့

143

မြန်မာပြည်မှာလည်း လူတွေရဲ့စားဝတ်နေရေးတွေ တနေ့ထက်တနေ့ ကျပ်တည်းခက်ခဲလာသလို စိတ်မကောင်းစရာ သတင်းဆိုး တွေနဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ဆိုးတွေအပြင် ဒေါသထွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ခိုးမှု လုယက်မှု တွေကိုလည်း နေ့စဉ်နဲ့အမျှ တွေ့မြင်ကြားသိနေရပါတယ်။

အခုတခေါက်မှာလည်း သူခိုးတဦးဟာ ရိုးသားစွာ ရပ်တည်လုပ်ကိုင်စားသောက်နေပြီး ဘဝအခက်အခဲတွေကြား ပြေလည်အောင် ကြိုးစားရှင်သန်ရပ်တည်နေရတဲ့ ဓာတ်ပုံဆရာတဦးရဲ့ ထမင်းအိုးကို ခွဲသွားခဲ့ပြန်ပါပြီ။ အဲ့ဒီသူခိုးဟာ ဓာတ်ပုံဆရာရဲ့ အိမ်ထဲထိ ရဲတင်းစွာနဲ့ ဝင်ခိုးသွားခဲ့တာဖြစ်ပြီး ဒီသတင်းကို အိမ်ဖောက်ထွင်းခံရပြီး အခိုးခံလိုက်ရတဲ့ ကာယကံရှင်ကိုယ်တိုင်ဖြစ်သူ Harry Phyo ဆိုသူ ဓာတ်ပုံဆရာက သူ့ရဲ့အကောင့်မှာ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

သုံးလေးနှစ်စာ ချွေးနည်းစာနဲ့ ဝယ်စုထားရတဲ့ ကင်မရာနှစ်လုံး လက်ပ်တော့ နဲ့ ဖုန်း တွေကို သူခိုးတဦးက အိမ်ထဲအထိ ဝင်ရောက် ခိုးယူသွားခဲ့တဲ့အတွက် ဓာတ်ပုံဆရာတဦးအဖြစ် အသက်မွေး ရပ်တည်နေရတဲ့ မိမိမှာ တန်ဖိုးဖြတ်မရတဲ့ ဒေတာ နဲ့ အချက်အလက်တွေအပြင် အမှတ်တရတွေဟာ သူခိုးလက်ထဲ ပါသွားခဲ့ပြီဖြစ်ကြောင်း။ ဒါဟာ ဓာတ်ပုံရိုက်သူအဖြစ် ရှင်သန်နေရသူမိမိအတွက် ထမင်းအိုးကွဲသွားခဲ့စေတာဖြစ်ကြောင်း Harry Phyo အကောင့်ပိုင်ရှင်က ရေးသားထားတာကို ရင်မောဖွယ်ရာတွေ့ရှိခဲ့ရပါတယ်။

ဓာတ်ပုံရိုက်သူအဖြစ် တမင်းတလုပ် ဝမ်းစာရှာစားနေရသူအဖို့ Data ဒေတာတွေက အသက်ပင်ဖြစ်ကြောင်း။ ဒေတာတွေက ပြန်စုဖို့မလွယ်သလို မသက်ဆိုင်သူအတွက် အသုံးမဝင် တန်ဖိုးမရှိပါကြောင်း။ ပစ္စည်းတွေကို ယူဆောင်သွားခဲ့သူအနေနဲ့ ကင်မရာနှစ်လုံးမှအပ ကျန်သောစက်တွေဟာ အသုံးပြုလို့ရမှာမဟုတ်သလို သွားရောင်းရင် ဈေးမရတဲ့အပြင် ရောင်းထွက်ဖို့လည်း မလွယ်ကြောင်း။ လက်ပ်တော့မရှိတော့ခြင်းဟာ မိမိအတွက် ထမင်းအိုးကွဲသွားခြင်းနဲ့ အတူတူ သာဖြစ်ကြောင်း။

ဒါတွေဟာ မိမိဘဝအတွက် မရှိမဖြစ်တွေမို့ မိမိပစ္စည်းတွေကို ပြန်လည်လာရောက်ပေးစေလိုကြောင်း။ ကျေးဇူးဆပ်မယ့်အပြင် ရဲလက်ထဲလည်း အပ်မှာမဟုတ်ကြောင်း။ Harry Phyo အကောင့်မှာ ရေးသားမေတ္တာရပ်ခံ ထားတာကို တွေ့ရှိခဲ့ရသလို သူ့ရဲ့ ချက်ဘောက်ကနေ လာရောက်ဆက်သွယ်နိုင်ကြောင်း။ သူ့ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 09260756570 ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

EFIL-ApannPyay(အပန်းပြေ)

Source – Harry Phyo