အချိန်မီကယ်ဆယ်ဖို့ လုပ်ခဲ့ပေမဲ့ တံတားပေါ်ကခုန်ချသွားခဲ့သူ အမျိုးသမီးရဲ့ နောက်ကွယ်ကအဖြစ်

760

မေလးရွားႏုိင္ငံ ဆီလန္ေဂါေဒသက Banting တံတားက ရွည္လြန္းတဲ့အတြက္ လူေတြ ခုန္ခ်သက္ေသတာေတြ ခဏခဏျဖစ္ပါတယ္။ ေတာ္ရံုကယ္ဆယ္ေရးေတြလာမတားႏုိင္ေအာင္ တံတားအလယ္ထိသြားျပီး ခုန္ခ်က်တာျဖစ္ျပီး၊ လံုျခံဳေရးေတြ အျမဲလိုလို အသင့္ထားထားရတဲ့ တံတားပါ။

အခုတစ္ေခါက္မွာေတာ့ အမ်ိဳးသမီးတစ္ဦးထပ္မံခုန္ခ်သြားျပန္ပါျပီ။ အားလံုး၀ိုင္းတားေနတဲ့ၾကားကေန အမ်ိဳးသမီးကိုေအာက္ဆင္းေအာင္ ေျပာေနခ်ိန္မွာ ရုတ္တရက္ခုန္ခ်ခဲ့တာပါ။ အနားထိကပ္သြားကာ အမ်ိဳးသမီးကို ဖမ္းဆြဲခဲ့ဖို႔ ၾကိဳးစားခဲ့ေပမဲ့ စိတ္ပိုင္းျဖတ္ထားတဲ့အမ်ိဳးသမီးဟာ ခုန္ခ်ကို ခုန္ခ်မယ့္အေၾကာင္းရင္းက ရွိေနခဲ့ပါတယ္။

China Press သတင္းစာရဲ႕ ေဖာ္ျပခ်က္မွာ အမ်ိဳးသမီးဟာ တံတားေပၚကို မလာခင္မွာ မနက္အေစာပိုင္းတုန္းက စိတ္ဓာတ္က်မႈကို ရင္ဆိုင္ခဲ့ရပါတယ္။ သားျဖစ္သူနဲ႔ စကားအေခ်အတင္မ်ားခဲ့တာျဖစ္ျပီး၊ သားသမီးရဲ႕ ေျပာဆိုမႈေတြက အမ်ိဳးသမီးကို စိတ္ပိုင္းဆိုင္ရာထိခိုက္မႈေတြရေစခဲ့တာပါ။ ဒါ့အျပင္ ေစ်း၀ယ္စင္တာတစ္ခုမွာ အလုပ္လုပ္တဲ့သူမအတြက္

သားျဖစ္သူရဲ႕ လက္ပါခဲ့မႈေတြက လုပ္ငန္းခြင္မွာ အရွက္ရေစခဲ့ပါတယ္။ ရွက္လည္းရွက္၊ စိတ္ဓာတ္လည္းက်တဲ့အဆံုးမွာ လူေလာကကေန ထြက္ခြာဖို႔ကိုၾကိဳးစားခဲ့ျပီးေနာက္ တံတားကိုလာဖို႔ ဆံုးျဖတ္ခဲ့တာပါ။ ထူးဆန္းတာက အဲဒီတံတားဟာ ဂိတ္အ၀ေတြမွာ (၂၄)နာရီပတ္လံုး အေစာင့္ရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးကို သူတို႔ သတိမထားမိခဲ့ပါဘူး။

ေအာက္ကို ခုန္ခ်ခဲ့ခ်ိန္မွာ ေရေပၚ၀န္ေဆာင္မႈကလည္း အသင့္အေနအထားမွာ မရွိတဲ့အဆံုး အမ်ိဳးသမီးကို လက္လႊတ္ခဲ့ရပါတယ္။ နာမည္နဲ႔ ရုပ္ပံုကိုေတာ့ သိကၡာအရ မေဖာ္ျပထားဘဲ ဆီလန္ေဂါမွာပဲေနတယ္လို႔ေတာ့ အတည္ျပဳထားပါတယ္။ သားသမီးနဲ႔ မိဘၾကား ျပႆနာေတြက အခုလိုထိျဖစ္ပ်က္ေနရတာကေတာ့ Apannpyay ပရိသတ္ေတြအေနနဲ႔ ဆင္ျခင္ကရုဏာသက္ရံုကလြဲျပီး ဘာမွမမတ္ႏုိင္ပါဘူး။

သူေရး (ApannPyay)

Unicdoe

အချိန်မီကယ်ဆယ်ဖို့ လုပ်ခဲ့ပေမဲ့ တံတားပေါ်ကခုန်ချသွားခဲ့သူ အမျိုးသမီးရဲ့ နောက်ကွယ်ကအဖြစ်

မလေးရှားနိုင်ငံ ဆီလန်ဂေါဒေသက Banting တံတားက ရှည်လွန်းတဲ့အတွက် လူတွေ ခုန်ချသက်သေတာတွေ ခဏခဏဖြစ်ပါတယ်။ တော်ရုံကယ်ဆယ်ရေးတွေလာမတားနိုင်အောင် တံတားအလယ်ထိသွားပြီး ခုန်ချကျတာဖြစ်ပြီး၊ လုံခြုံရေးတွေ အမြဲလိုလို အသင့်ထားထားရတဲ့ တံတားပါ။

အခုတစ်ခေါက်မှာတော့ အမျိုးသမီးတစ်ဦးထပ်မံခုန်ချသွားပြန်ပါပြီ။ အားလုံးဝိုင်းတားနေတဲ့ကြားကနေ အမျိုးသမီးကိုအောက်ဆင်းအောင် ပြောနေချိန်မှာ ရုတ်တရက်ခုန်ချခဲ့တာပါ။ အနားထိကပ်သွားကာ အမျိုးသမီးကို ဖမ်းဆွဲခဲ့ဖို့ ကြိုးစားခဲ့ပေမဲ့ စိတ်ပိုင်းဖြတ်ထားတဲ့အမျိုးသမီးဟာ ခုန်ချကို ခုန်ချမယ့်အကြောင်းရင်းက ရှိနေခဲ့ပါတယ်။

China Press သတင်းစာရဲ့ ဖော်ပြချက်မှာ အမျိုးသမီးဟာ တံတားပေါ်ကို မလာခင်မှာ မနက်အစောပိုင်းတုန်းက စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ သားဖြစ်သူနဲ့ စကားအချေအတင်များခဲ့တာဖြစ်ပြီး၊ သားသမီးရဲ့ ပြောဆိုမှုတွေက အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရစေခဲ့တာပါ။ ဒါ့အပြင် ဈေးဝယ်စင်တာတစ်ခုမှာ အလုပ်လုပ်တဲ့သူမအတွက်

သားဖြစ်သူရဲ့ လက်ပါခဲ့မှုတွေက လုပ်ငန်းခွင်မှာ အရှက်ရစေခဲ့ပါတယ်။ ရှက်လည်းရှက်၊ စိတ်ဓာတ်လည်းကျတဲ့အဆုံးမှာ လူလောကကနေ ထွက်ခွာဖို့ကိုကြိုးစားခဲ့ပြီးနောက် တံတားကိုလာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ထူးဆန်းတာက အဲဒီတံတားဟာ ဂိတ်အဝတွေမှာ (၂၄)နာရီပတ်လုံး အစောင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသမီးကို သူတို့ သတိမထားမိခဲ့ပါဘူး။

အောက်ကို ခုန်ချခဲ့ချိန်မှာ ရေပေါ်ဝန်ဆောင်မှုကလည်း အသင့်အနေအထားမှာ မရှိတဲ့အဆုံး အမျိုးသမီးကို လက်လွှတ်ခဲ့ရပါတယ်။ နာမည်နဲ့ ရုပ်ပုံကိုတော့ သိက္ခာအရ မဖော်ပြထားဘဲ ဆီလန်ဂေါမှာပဲနေတယ်လို့တော့ အတည်ပြုထားပါတယ်။ သားသမီးနဲ့ မိဘကြား ပြဿနာတွေက အခုလိုထိဖြစ်ပျက်နေရတာကတော့ Apannpyay ပရိသတ်တွေအနေနဲ့ ဆင်ခြင်ကရုဏာသက်ရုံကလွဲပြီး ဘာမှမမတ်နိုင်ပါဘူး။

သူရေး (ApannPyay)