ခင္ပြန္းနဲ႔သားျဖစ္သူက ေရာဂါသည္ေတြျဖစ္ေနေတာ့ ကုိယ္တုိင္ တကၠစီေမာင္းေနရတဲ့အဖြား

179

မေလးရွားႏုိင္ငံက သက္ႀကီးပိုင္း အဖြားအုိတစ္ဦးဟာ ခင္ပြန္းျဖစ္သူက နာတာရွည္ေရာဂါေၾကာင့္ အိပ္ယာထဲလဲေနၿပီး၊ သားျဖစ္သူကလည္း စိတ္က်န္းမာေရး ခ်ိဳ႕ယြင္းေနလုိ႔၊ မိသားစုစားဝတ္ေနေရးအတြက္ သူမကိုယ္တုိင္ ကားေမာင္းေနရတယ္လုိ႔ ဆုိပါတယ္။

ဒီအေၾကာင္းကို RachFeed က ေဖာ္ျပထားတာျဖစ္ၿပီး၊ ApannPyay က ဘာသာျပန္တင္ဆက္လုိက္တာပါ။ အဖြားရဲ႕အေၾကာင္းကို Fedtri Yahya က သိရွိခဲ့တာ ျဖစ္ပါတယ္။ သူဟာ Labuan ကု္ိ သြားဖုိ႔ Grab တကၠစီကုိ Booking ျပဳလုပ္စဥ္-

အဖြားနဲ႔ ဆုံခဲ့ရတာပါ။ သူဟာ အမ်ိဳးသမီးတစ္ေယာက္ ေမာင္းတဲ့ကားမုိ႔ စိတ္ထဲမွာ ေၾကာက္ရြံ႕စိတ္မျဖစ္ေသာ္လည္း၊ ဘာလုိ႔ အဖြားအုိအရြယ္ အမ်ိဳးသမီးတစ္ဦးက တကၠစီေမာင္းစားေနရတာလဲဆုိတာလဲဆုိတာကို စိတ္ဝင္စားခဲ့ပါသတဲ့။ ဒီလုိနဲ႔ သူက ေမးျမန္းစပ္စုခဲ့ရာ-

အဖြားဟာ အသက္(၆၀)ဝန္းက်င္ျဖစ္ေၾကာင္း၊ နာမည္မွာ Misnah Binti Chuminin ျဖစ္ၿပီး၊ သူမဟာ Grab စေပၚကတည္းက ကားေမာင္းခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ခင္ပြန္းက နာတာရွည္ေရာဂါသည္ျဖစ္ၿပီး၊ သားက စိတ္က်န္းမာေရး ခ်ိဳ႕တဲ့ေနသူပါ။

ဒါေၾကာင့္လည္း သူမက ဘယ္သူ႕ကိုမွလည္း ခခယယ မေနခ်င္တာေၾကာင့္ သူမ ကားေမာင္းေနတာျဖစ္ေၾကာင္း၊ အဓိကကေတာ့ ခင္ပြန္းနဲ႔သားရဲ႕ေဆးဖုိး ကာမိေစဖုိ႔ျဖစ္တယ္လုိ႔ သူမက ေျပာပါတယ္။ သူမရဲ႕ အေျပာအဆုိက ဘဝအေၾကာင္းဆုိေပမယ့္ တစ္ေယာက္ေယာက္ဆီက အကူအညီ လုိခ်င္ပုံမရဘူးလုိ႔ Fedtri က ေျပာပါတယ္။

နတ္သူႀကီး APANNPYAY

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မလေးရှားနိုင်ငံက သက်ကြီးပိုင်း အဖွားအိုတစ်ဦးဟာ ခင်ပွန်းဖြစ်သူက နာတာရှည်ရောဂါကြောင့် အိပ်ယာထဲလဲနေပြီး၊ သားဖြစ်သူကလည်း စိတ်ကျန်းမာရေး ချို့ယွင်းနေလို့၊ မိသားစုစားဝတ်နေရေးအတွက် သူမကိုယ်တိုင် ကားမောင်းနေရတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို RachFeed က ဖော်ပြထားတာဖြစ်ပြီး၊ ApannPyay က ဘာသာပြန်တင်ဆက်လိုက်တာပါ။ အဖွားရဲ့အကြောင်းကို Fedtri Yahya က သိရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ Labuan ကု်ိ သွားဖို့ Grab တက္ကစီကို Booking ပြုလုပ်စဉ်-

အဖွားနဲ့ ဆုံခဲ့ရတာပါ။ သူဟာ အမျိုးသမီးတစ်ယောက် မောင်းတဲ့ကားမို့ စိတ်ထဲမှာ ကြောက်ရွံ့စိတ်မဖြစ်သော်လည်း၊ ဘာလို့ အဖွားအိုအရွယ် အမျိုးသမီးတစ်ဦးက တက္ကစီမောင်းစားနေရတာလဲဆိုတာလဲဆိုတာကို စိတ်ဝင်စားခဲ့ပါသတဲ့။ ဒီလိုနဲ့ သူက မေးမြန်းစပ်စုခဲ့ရာ-

အဖွားဟာ အသက်(၆၀)ဝန်းကျင်ဖြစ်ကြောင်း၊ နာမည်မှာ Misnah Binti Chuminin ဖြစ်ပြီး၊ သူမဟာ Grab စပေါ်ကတည်းက ကားမောင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ခင်ပွန်းက နာတာရှည်ရောဂါသည်ဖြစ်ပြီး၊ သားက စိတ်ကျန်းမာရေး ချို့တဲ့နေသူပါ။

ဒါကြောင့်လည်း သူမက ဘယ်သူ့ကိုမှလည်း ခခယယ မနေချင်တာကြောင့် သူမ ကားမောင်းနေတာဖြစ်ကြောင်း၊ အဓိကကတော့ ခင်ပွန်းနဲ့သားရဲ့ဆေးဖိုး ကာမိစေဖို့ဖြစ်တယ်လို့ သူမက ပြောပါတယ်။ သူမရဲ့ အပြောအဆိုက ဘဝအကြောင်းဆိုပေမယ့် တစ်ယောက်ယောက်ဆီက အကူအညီ လိုချင်ပုံမရဘူးလို့ Fedtri က ပြောပါတယ်။

နတ်သူကြီး APANNPYAY