လူကြီးကားကြည့်နေတဲ့ လုံခြုံရေး၊ မြို့လယ်ခေါင်မှာပါ ပြည်သူတွေကိုပါ (၂)နာရီလောက်အလှူပေးခဲ့

213

ဒီသတင်းကတော့ အသက် (၁၈)ပြည့်ပြီးတဲ့ Apannpyay ပရိသတ်တွေပဲ ဖတ်ရမယ့် သတင်းပါ။ အကြောင်းက ပေါ့ပေါ့ဆဆမေ့လျော့တတ်တဲ့ လုံခြုံရေး ဦးလေးကြီးကြောင့် နယူးဇီလန်နိုင်ငံသားတွေ နံနက်စာစားဖို့ မေ့ခဲ့တဲ့အထိကြောင့်ပါပဲ။

အနောက်နိုင်ငံမှာ ရုပ်ရှင်ဇာတ်လမ်းပုံစံတစ်မျိုးအနေနဲ့ သတ်မှတ်ထားတဲ့ (၁၈+) ဇာတ်ကားတွေဟာ တရားဝင်ဝက်ဘ်ဆိုက်တွေမှာ ဝင်ကြည့်လို့ပါတယ်။ ဒီအတိုင်းပဲ နယူးဇီလန်၊ အက်ကလန်ဒေသက အလုပ်ချိန်အတွင်း ရုံးခန်းထဲမှာ လူကြီးကားတွေကို ထိုင်ကြည့်နေပါတယ်။ တစ်ခုသတိမထားမိခဲ့တာက သူကြည်နေတဲ့ ကွန်ပျူတာဟာ ထိန်းချုပ်ခန်းက ကွန်ပျူတာဖြစ်နေတာကိုပါ။

အရာရှိနာမည်ကို ဖော်ပြထားတာ Apannpyay အနေနဲ့ မတွေ့ရပေမဲ့ the Asics စတိုးဆိုင်မှာလုပ်နေတဲ့ လုံခြုံရေးအရာရှိလို့ သိရပါတယ်။ ခပ်တည်တည်ပဲဇာတ်ကားကြည့်ချိန်မှာ ဆိုင်အပေါ်ထပ်က ကြော်ငြာပြတဲ့ ဘေလ်ဘုတ်မှာ ရုပ်ရှင်ပြသလို ဖြစ်နေခဲ့ပြီး၊ လမ်းသွားလမ်းလာတွေကို လူကြီးကား အလှူဒါနပြုခဲ့ပါတယ်။

(၁၁)နာရီကတည်းက အဆိုပါအဖြစ်စတင်ခဲ့တာဟာ နေ့လယ် (၁)နာရီအထိ ပြသနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူအုပ်ကြီးသတိထားမိပြီး ရပ်ကြည့်နေချိန်က (၁၀)နာရီလောက်ကတည်းကစခဲ့တာဖြစ်လို့ အချိန်ဟာ (၂)နာရီမကဘူးလို့ သိရပါတယ်။ လမ်းသွားလမ်းလာတွေ၊ ကလေးတွေအကုန်လုံးဟာ ဇာတ်လမ်းကို တစ်ချိန်လုံး မြင်နေခဲ့ရပြီး၊

နေ့လယ် (၁)နာရီလောက်မှ သတိထားမိကာ အမြန်ပိတ်နိုင်ခဲ့ပါတယ်။ ဖြစ်ရပ်က လူမှုကွန်ရက်မှာပျံ့သွားခဲ့ချိန်မှာတော့ ရဲဌာနက စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီး၊ ဆိုင်မန်နေဂျာနဲ့ သက်ဆိုင်ရာလူကြီးတွေကို မေးမြန်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်မဖြစ်စေဖို့ကိုဘဲ သတိပေးခဲ့တယ်လို့ New Zealand Herald သတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။ ဆိုင်ကတော့ ပြည်သူတွေကို တရားဝင်စာနဲ့ တောင်းပန်ထားပြီးပါပြီ။

သူရေး (ApannPyay)

Zawgyi

လူၾကီးကားၾကည္႔ေနတဲ့ လံုျခံဳေရး၊ ျမိဳ႕လယ္ေခါင္မွာပါ ျပည္သူေတြကိုပါ (၂)နာရီေလာက္အလွဴေပးခဲ့

ဒီသတင္းကေတာ့ အသက္ (၁၈)ျပည္႔ျပီးတဲ့ Apannpyay ပရိသတ္ေတြပဲ ဖတ္ရမယ့္ သတင္းပါ။ အေၾကာင္းက ေပါ့ေပါ့ဆဆေမ့ေလ်ာ႔တတ္တဲ့ လံုျခံဳေရး ဦးေလးၾကီးေၾကာင့္ နယူးဇီလန္ႏိုင္ငံသားေတြ နံနက္စာစားဖို႔ ေမ့ခဲ့တဲ့အထိေၾကာင့္ပါပဲ။

အေနာက္ႏုိင္ငံမွာ ရုပ္ရွင္ဇာတ္လမ္းပံုစံတစ္မ်ိဳးအေနနဲ႔ သတ္မွတ္ထားတဲ့ (၁၈+) ဇာတ္ကားေတြဟာ တရား၀င္၀က္ဘ္ဆိုက္ေတြမွာ ၀င္ၾကည္႔လို႔ပါတယ္။ ဒီအတိုင္းပဲ နယူးဇီလန္၊ အက္ကလန္ေဒသက အလုပ္ခ်ိန္အတြင္း ရံုးခန္းထဲမွာ လူၾကီးကားေတြကို ထိုင္ၾကည္႔ေနပါတယ္။ တစ္ခုသတိမထားမိခဲ့တာက သူၾကည္ေနတဲ့ ကြန္ပ်ဴတာဟာ ထိန္းခ်ဳပ္ခန္းက ကြန္ပ်ဴတာျဖစ္ေနတာကိုပါ။

အရာရွိနာမည္ကို ေဖာ္ျပထားတာ Apannpyay အေနနဲ႔ မေတြ႕ရေပမဲ့ the Asics စတိုးဆိုင္မွာလုပ္ေနတဲ့ လံုျခံဳေရးအရာရွိလို႔ သိရပါတယ္။ ခပ္တည္တည္ပဲဇာတ္ကားၾကည္႔ခ်ိန္မွာ ဆိုင္အေပၚထပ္က ေၾကာ္ျငာျပတဲ့ ေဘလ္ဘုတ္မွာ ရုပ္ရွင္ျပသလို ျဖစ္ေနခဲ့ျပီး၊ လမ္းသြားလမ္းလာေတြကို လူၾကီးကား အလွဴဒါနျပဳခဲ့ပါတယ္။

(၁၁)နာရီကတည္းက အဆိုပါအျဖစ္စတင္ခဲ့တာဟာ ေန႔လယ္ (၁)နာရီအထိ ျပသေနခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ လူအုပ္ၾကီးသတိထားမိျပီး ရပ္ၾကည္႔ေနခ်ိန္က (၁၀)နာရီေလာက္ကတည္းကစခဲ့တာျဖစ္လို႔ အခ်ိန္ဟာ (၂)နာရီမကဘူးလို႔ သိရပါတယ္။ လမ္းသြားလမ္းလာေတြ၊ ကေလးေတြအကုန္လံုးဟာ ဇာတ္လမ္းကို တစ္ခ်ိန္လံုး ျမင္ေနခဲ့ရျပီး၊

ေန႔လယ္ (၁)နာရီေလာက္မွ သတိထားမိကာ အျမန္ပိတ္ႏုိင္ခဲ့ပါတယ္။ ျဖစ္ရပ္က လူမႈကြန္ရက္မွာပ်ံ႕သြားခဲ့ခ်ိန္မွာေတာ့ ရဲဌာနက စံုစမ္းစစ္ေဆးမႈစတင္ခဲ့ျပီး၊ ဆိုင္မန္ေနဂ်ာနဲ႔ သက္ဆုိင္ရာလူၾကီးေတြကို ေမးျမန္းခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္မျဖစ္ေစဖို႔ကိုဘဲ သတိေပးခဲ့တယ္လို႔ New Zealand Herald သတင္းဌာနက ေဖာ္ျပထားတာေတြ႕ရပါတယ္။ ဆုိင္ကေတာ့ ျပည္သူေတြကို တရား၀င္စာနဲ႔ ေတာင္းပန္ထားျပီးပါျပီ။

သူရေး (ApannpPyay)