လက်တွေ့စမ်းသပ်မောင်းနှင်အပြီးမှာ ကမ္ဘာ့အမြန်ဆုံးကားဖြစ်လာတဲ့ ဘူဂတ်တီ

101

ကားနဲ့ ပတ်သက်ပြီး အမြန်ဆုံးကားတွေအကြောင်းကို သိချင်တဲ့ Apannpyay ပရိသတ်ကြီးအတွက်တော့ အခုဖော်ပြမယ့် ဘူဂတ်တီကားက စိတ်ဝင်စားစရာပါပဲ။ တရားဝင် စံချိန်မတင်ရသေးပေမဲ့ လတ်တလောမှာ ကမ္ဘာ့အမြန်ဆုံးကားအဖြစ် မြန်နှုန်းမြင့်မောင့်ပြအပြီးမှာတော့ အားလုံးက အသိအမှတ်ပြုလာကြပါပြီ။

လက်ရှိ ကမ္ဘာ့အမြန်ဆုံးကားအဖြစ် သတ်မှတ်ထားတဲ့ ကားအဖြစ် စံချိန်တင်ထားတဲ့ ကားက ဟန်နက်ဆီ ဗီနွန် အက်ဖ်ဖိုက် (Hennessey Venom F5)ပါ။ သူကတစ်နာရီကို (၃၁၁)မိုင်အထိ မောင်းလို့ရပြီး၊ တကယ်လက်တွေမောင်းချိန်မှာလည်း တစ်နာရီကို (၃၀၁)အထိ အမြန်နှုန်းထိ မောင်းပြခဲ့ပြီး ကမ္ဘာ့အမြန်ဆုံးအနေနဲ့ စံချိန်တင်ခဲ့ပါတယ်။

ဟန်နက်ဆီ ဗီနွန် အက်ဖ်ဖိုက်

ဒါပေမဲ့ အခုအချိန်မှာတော့ အက်ဖ်ဖိုက်ကို ကျော်မယ့် ကားတစ်စီးက ပေါ်ထွက်လာပါပြီ။ သူကတော့ ဘူဂတ်တီ ချီရီယွန် (Bugatti Chiron)ပါ။ သူ့ရဲ့အမြန်နှုန်းကို စမ်းသပ်မောင်းနှင်ခဲ့အပြီး၊ မြန်နှုန်းကို မှတ်သားခဲ့ချိန်မှာတော့ တစ်နာရီကို (၃၀၄)မိုင်နှုန်းနဲ့ အရင် ဗီနွန်ဖိုက်ထက် (၃)မိုင်ပိုမောင်းပြခဲ့ပါတယ်။

ဘူဂတ်တီ ချီရီယွန်

တရားဝင်တော့ မသတ်ရသေးပေမဲ့ မြင်းကောင်ရေ (၁၅၇၈)အထိ အမြင့်ဆုံးနဲ့ မောင်းနှင်နိုင်တဲ့ ဘူဂတ်တီဟာ လက်ရှိမှာ ကမ္ဘာ့အမြန်ဆုံးပါပဲ။ ဘူဂတ်တီရဲ့တစ်နာရီ ဘယ်လောက်အထိသွားနိုင်လဲကို မသတ်မှတ်ထားပေမဲ့ (၃၀၄)မိုင်နှုန်းနဲ့ သွားပြထားပြီဖြစ်တဲ့အတွက် သံသယရှိစရာမလိုတော့တာအမှန်ပါ။

မကြာခင်မှာ တရားဝင်အနေနဲ့ သတ်မှတ်သွားဖို့ရှိနေပြီး၊ ပြီးရင်တော့ ကမ္ဘာ့အမြန်ဆုံး ကားဖြစ်လာတော့မှာပါ။ အနီးစပ်ဆဲုး လိုက်မောင်းထားနိုင်တဲ့ ကားတွေထဲမှာတော့ အက်စ်အက်စ်စီ (SSC Tuatara) ကားပဲရှိပြီး၊ တစ်နာရီကို မိုင် (၃၀၀)နှုန်းနဲ့ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ တစ်နာရီ(၂၇၈)မိုင်နှုန်းကအများဆုံးဖြစ်ပါတယ်။

အက်စ်အက်စ်စီ (SSC Tuatara)

သူရေး (ApannPyay)

zawgyi







သူရေး (ApannPyay)