ငါးဖမ်းထွက်စဉ် အဆိပ်ပြင်း ပင်လယ်ဂျက်မြွေအကိုက်ခံရလို့ သေဆုံးခဲ့ရတဲ့ အမျိုးသား

198

ငါးဖမ္းသမားတစ္ေယာက္ဟာ ပင္လယ္ျပင္မွာ ငါးဖမ္းထြက္စဥ္၊ ထင္မွတ္မထားဘဲ ပင္လယ္ဂ်က္ေျမြ အကိုက္ခံလုိက္ရေၾကာင္း သိရပါတယ္။ သူဟာ ေလွေပၚကုိဆြဲတင္လုိက္ၿပီးေနာက္ ပုိက္ကိုစစ္ေဆးစဥ္မွာ အဆိပ္ျပင္းပင္လယ္ဂ်က္ေျမြက ပါလာခဲ့တာ ျဖစ္ပါတယ္။

ဒီအေၾကာင္းကို DailyStar သတင္းစာက ေဖာ္ျပထားတာျဖစ္ၿပီး၊ ApannPyay ကေန ဘာသာျပန္တင္ဆက္လုိက္တာပါ။ ေျမြဆိပ္သင့္ၿပီး ေသဆုံးခဲ့ရတဲ့ တံငါသည္မွာ Harry Evans လုိ႔ သိရၿပီး၊ အသက္(၂၃)ႏွစ္သာ ရွိပါေသးတယ္။ သူဟာ ငါးဖမ္းကုမၸဏီ Ocean Exporter မွာ အလုပ္လုပ္သူပါ။

Evens ဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာမွာ အဆိပ္ျပင္းပင္လယ္ဂ်က္ေျမြ ကိုက္ခံခဲ့ရတာ ျဖစ္ပါတယ္။ သူဟာ ၾသစေတးလ်မွာ ပင္လယ္ဂ်က္ေျမြကိုက္ျခင္းေၾကာင့္ ေသဆုံးခဲ့ရသူေတြထဲမွာ အႏွစ္(၈၀)ၿပီးေနာက္၊ ပထမဆုံးေသဆုံးသူ ျဖစ္လာခဲ့ပါတယ္။

Evens ဟာ အလြန္အဆိပ္ျပင္းလွတဲ့ Black-banded sea snake ရဲ႕ ကိုက္ျခင္းကို ခံခဲ့ရတာပါ။ သူဟာ ခ်က္ခ်င္း သတိေမ့လဲက်သြားၿပီး၊ လုပ္ေဖာ္ကိုင္ဘက္ေတြက သူနာျပဳရဟတ္ယာဥ္အထိ ေခၚယူေပးခဲ့ပါတယ္။ ဒါေပမယ့္ သူ႕အသက္ကိုေတာ့ မကယ္ႏုိင္ခဲ့ပါဘူး။

Evens ရဲ႕အမႈကို Dorset Coroner’s Court တရား႐ုံးမွာ ၾကားနာခဲ့ပါတယ္။ တကယ္ေတာ့ Evens ဟာ အဂၤလန္၊ Dorset ဇာတိဆုိေသာ္လည္း၊ အလုပ္က ၾသစေတးလ် ငါးဖမ္းစက္ေလွမွာ ျဖစ္ပါတယ္။ အခုအျဖစ္အပ်က္အတြက္ ကုမၸဏီက နစ္နာေၾကး ေပးေဆာင္ရဖုိ႔ရွိပါတယ္။

နတ္သူႀကီး-ApannPyay

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ငါးဖမ်းသမားတစ်ယောက်ဟာ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်စဉ်၊ ထင်မှတ်မထားဘဲ ပင်လယ်ဂျက်မြွေ အကိုက်ခံလိုက်ရကြောင်း သိရပါတယ်။ သူဟာ လှေပေါ်ကိုဆွဲတင်လိုက်ပြီးနောက် ပိုက်ကိုစစ်ဆေးစဉ်မှာ အဆိပ်ပြင်းပင်လယ်ဂျက်မြွေက ပါလာခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းကို DailyStar သတင်းစာက ဖော်ပြထားတာဖြစ်ပြီး၊ ApannPyay ကနေ ဘာသာပြန်တင်ဆက်လိုက်တာပါ။ မြွေဆိပ်သင့်ပြီး သေဆုံးခဲ့ရတဲ့ တံငါသည်မှာ Harry Evans လို့ သိရပြီး၊ အသက်(၂၃)နှစ်သာ ရှိပါသေးတယ်။ သူဟာ ငါးဖမ်းကုမ္ပဏီ Ocean Exporter မှာ အလုပ်လုပ်သူပါ။

Evens ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ အဆိပ်ပြင်းပင်လယ်ဂျက်မြွေ ကိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ သြစတေးလျမှာ ပင်လယ်ဂျက်မြွေကိုက်ခြင်းကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ အနှစ်(၈၀)ပြီးနောက်၊ ပထမဆုံးသေဆုံးသူ ဖြစ်လာခဲ့ပါတယ်။

Evens ဟာ အလွန်အဆိပ်ပြင်းလှတဲ့ Black-banded sea snake ရဲ့ ကိုက်ခြင်းကို ခံခဲ့ရတာပါ။ သူဟာ ချက်ချင်း သတိမေ့လဲကျသွားပြီး၊ လုပ်ဖော်ကိုင်ဘက်တွေက သူနာပြုရဟတ်ယာဉ်အထိ ခေါ်ယူပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့အသက်ကိုတော့ မကယ်နိုင်ခဲ့ပါဘူး။

Evens ရဲ့အမှုကို Dorset Coroner’s Court တရားရုံးမှာ ကြားနာခဲ့ပါတယ်။ တကယ်တော့ Evens ဟာ အင်္ဂလန်၊ Dorset ဇာတိဆိုသော်လည်း၊ အလုပ်က သြစတေးလျ ငါးဖမ်းစက်လှေမှာ ဖြစ်ပါတယ်။ အခုအဖြစ်အပျက်အတွက် ကုမ္ပဏီက နစ်နာကြေး ပေးဆောင်ရဖို့ရှိပါတယ်။

နတ်သူကြီး-ApannPyay