ဗီဒီယို မရိုက်ဖို့တားတာကို ဆက်ရိုက်နေလို့ ပရိသတ်ကို ခြေထောက်နဲ့ကန်ခဲ့တဲ့ နာမည်ကြီးအဆိုတော်

208

တရုတ်နိုင်ငံရဲ့နာမည်ကြီးအဆိုတော် Na Ying တစ်ယောက်ရဲ့ လုပ်ရပ်က လက်ရှိအချိန် တရုတ်လူမှုကွန်ရက်တွေမှာ လူပြောများနေပါတယ်။ အတူတူလမ်းလျှောက်နေတဲ့ ပရိသတ်တစ်ဦးကို ဗီဒီယိုရိုက်နေချိန် အနောက်ကနေ ခြေထောက်နဲ့ကန်ခဲ့တာဖြစ်ပြီး၊ ပရိသတ်က ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပါတယ်။

Na Ying ဆိုတာကတော့ တရုတ်နိုင်ငံမှာ သီချင်းအချပ်ရေး (၁၀)သန်းကျော်လောက်ကို အောင်မြင်အောင်ရောင်းချပြီးနိုင်ခဲ့တဲ့ တရုတ်နာမည်ကြီးအဆိုတော်ပါ။ ပရိသတ်အခိုင်အမာရရှိထားပြီး၊ အမျိုးသားရော အမျိုးသမီးပါ အားပေးတဲ့ အဆိုတော်ဆိုလည်း မမှားပါဘူး။ အသက်က (၅၂)နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့ အောင်မြင်နေဆဲဖြစ်တဲ့အတွက်

လူငယ်ပရိသတ်တွေလည်း အများကြီးရှိပါတယ်။ တစ်ရက်မှာ ရှော့ပင်းစင်တာထဲ ဈေးဝယ်ထွက်နေရင်း လူငယ်ပရိသတ်မလေးတစ်ဦးကနေ အရှေ့ကနေ ဓာတ်ပုံရိုက်ဖို့ကြိုးစားခဲ့ပါတယ်။ ဓာတ်ပုံရိုက်နေရင်း ဆယ်ဖီကင်မရာဖွင့်လိုက်ပြီး၊ Na Ying နဲ့ သူမရဲ့ သူငယ်ချင်းကို ဆယ်ဖီဗီဒီယို အတူတူရိုက်ခဲ့ပါတယ်။ ရိုက်နေရင်းနဲ့ မြင်သွားချိန်မှာတော့

ဘာမပြောညာမပြောနဲ့ အနောက်ကနေ ပရိသတ်ကို ခြေထောက်နဲ့ ကန်ချလိုက်ပါတယ်။ ဒီဗီဒီယိုလေးကို သူမရဲ့ ဝီဘိုအကောင့်မှာ မျှဝေခဲ့ချိန်မှာတော့ ပရိသတ်တွေအကြား လူပြောများခဲ့ပြီး၊ အသက်ကြီးလည်း အချိန်မစီးတဲ့ အဆိုတော်လို့ ရှုံ့ချခဲ့ပါတယ်။ နောက်တော့ Na Ying ကပြန်ဖြေရှင်းခဲ့ပြီး၊ သူမအခုလိုလုပ်ရတာဟာ စစချင်းကတည်းက

မရိုက်ဖို့ကို အခါခါတောင်းပန်နေပြီးသားဖြစ်ပြီး၊ နောက်ဆုံးမှာ ဘယ်လိုမှပြောမရတဲ့အဆုံး ကန်လိုက်ရတာလို့ ပြန်ဖြေရှင်းခဲ့ပါတယ်။ Apannpyay ပရိသတ်ကြီးအလည်း ဒီုလိအခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရင် လူကြားထဲမှာ အရှက်ရမိမှာပါ။ ဒါပေမဲ့ ပရိသတ်လေးကလည်း သူ့အပြစ်နဲ့သူဖြစ်တဲ့အတွက် ဘာမှပြန်မပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေဖက်ကလည်း အားပေးတဲ့အခါမှာ အခုလို အလွန်အကျွံဖြစ်တဲ့အခါမျိုးကျရင် အရှက်ကွဲတာတွေ ဖြစ်တတ်တာကို ဆင်ခြင်ရမှာအမှန်ပါပဲ၊

သူရေး (Apannpyay)

Unicode

ဗီဒီယို မရိုက္ဖို႔တားတာကို ဆက္ရိုက္ေနလို႔ ပရိသတ္ကို ေျခေထာက္နဲ႔ကန္ခဲ့တဲ့ နာမည္ၾကီးအဆိုေတာ္

တရုတ္ႏုိင္ငံရဲ႕နာမည္ၾကီးအဆိုေတာ္ Na Ying တစ္ေယာက္ရဲ႕ လုပ္ရပ္က လက္ရွိအခ်ိန္ တရုတ္လူမႈကြန္ရက္ေတြမွာ လူေျပာမ်ားေနပါတယ္။ အတူတူလမ္းေလွ်ာက္ေနတဲ့ ပရိသတ္တစ္ဦးကို ဗီဒီယိုရိုက္ေနခ်ိန္ အေနာက္ကေန ေျခေထာက္နဲ႔ကန္ခဲ့တာျဖစ္ျပီး၊ ပရိသတ္က ရွက္ကိုးရွက္ကန္းျဖစ္သြားခဲ့ပါတယ္။

Na Ying ဆိုတာကေတာ့ တရုတ္ႏုိင္ငံမွာ သီခ်င္းအခ်ပ္ေရး (၁၀)သန္းေက်ာ္ေလာက္ကို ေအာင္ျမင္ေအာင္ေရာင္းခ်ျပီးႏိုင္ခဲ့တဲ့ တရုတ္နာမည္ၾကီးအဆိုေတာ္ပါ။ ပရိသတ္အခိုင္အမာရရွိထားျပီး၊ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ အားေပးတဲ့ အဆိုေတာ္ဆိုလည္း မမွားပါဘူး။ အသက္က (၅၂)ႏွစ္အရြယ္ရွိေနျပီျဖစ္ေပမဲ့ ေအာင္ျမင္ေနဆဲျဖစ္တဲ့အတြက္

လူငယ္ပရိသတ္ေတြလည္း အမ်ားၾကီးရွိပါတယ္။ တစ္ရက္မွာ ေရွာ႕ပင္းစင္တာထဲ ေစ်း၀ယ္ထြက္ေနရင္း လူငယ္ပရိသတ္မေလးတစ္ဦးကေန အေရွ႕ကေန ဓာတ္ပံုရိုက္ဖို႔ၾကိဳးစားခဲ့ပါတယ္။ ဓာတ္ပံုရိုက္ေနရင္း ဆယ္ဖီကင္မရာဖြင့္လိုက္ျပီး၊ Na Ying နဲ႔ သူမရဲ႕ သူငယ္ခ်င္းကို ဆယ္ဖီဗီဒီယို အတူတူရိုက္ခဲ့ပါတယ္။ ရိုက္ေနရင္းနဲ႔ ျမင္သြားခ်ိန္မွာေတာ့

ဘာမေျပာညာမေျပာနဲ႔ အေနာက္ကေန ပရိသတ္ကို ေျခေထာက္နဲ႔ ကန္ခ်လိုက္ပါတယ္။ ဒီဗီဒီယိုေလးကို သူမရဲ႕ ၀ီဘိုအေကာင့္မွာ မွ်ေ၀ခဲ့ခ်ိန္မွာေတာ့ ပရိသတ္ေတြအၾကား လူေျပာမ်ားခဲ့ျပီး၊ အသက္ၾကီးလည္း အခ်ိန္မစီးတဲ့ အဆိုေတာ္လို႔ ရံႈ႕ခ်ခဲ့ပါတယ္။ ေနာက္ေတာ့ Na Ying ကျပန္ေျဖရွင္းခဲ့ျပီး၊ သူမအခုလိုလုပ္ရတာဟာ စစခ်င္းကတည္းက

မရိုက္ဖို႔ကို အခါခါေတာင္းပန္ေနျပီးသားျဖစ္ျပီး၊ ေနာက္ဆံုးမွာ ဘယ္လိုမွေျပာမရတဲ့အဆံုး ကန္လိုက္ရတာလို႔ ျပန္ေျဖရွင္းခဲ့ပါတယ္။ Apannpyay ပရိသတ္ၾကီးအလည္း ဒီုလိအေျခအေနမိ်ဳးနဲ႔ ၾကံဳေတြ႔ခဲ့ရင္ လူၾကားထဲမွာ အရွက္ရမိမွာပါ။ ဒါေပမဲ့ ပရိသတ္ေလးကလည္း သူ႕အျပစ္နဲ႔သူျဖစ္တဲ့အတြက္ ဘာမွျပန္မေျပာခဲ့တာကိုလည္း ေတြ႔ရပါတယ္။

ပရိသတ္ေတြဖက္ကလည္း အားေပးတဲ့အခါမွာ အခုလို အလြန္အကၽြံျဖစ္တဲ့အခါမ်ိဳးက်ရင္ အရွက္ကြဲတာေတြ ျဖစ္တတ္တာကို ဆင္ျခင္ရမွာအမွန္ပါပဲ၊

သူေရး (Apannpyay)