ဆိုင်ကယ်စီးရင် မိုးကာအင်္ကျီစအရှည်ထွက်တက်သူများ နမူနာယူစရာအဖြစ်

239

ဆိုင်ကယ်စီးပြီးတော့ ပို့ဆောင်ဆက်သွယ်ရေးနဲ့ အလုပ်လုပ်နေရတဲ့ Apannpyay ပရိသတ်တွေ ရှိရင်တော့ အခုအဖြစ်က နမူနာယူရမှာပါ။ ကိုယ်က ဦးထုပ်မှန်မှန်ဆောင်းထားရင် အနည်းငယ်သက်သာနိုင်ပေမဲ့ အကယ်လို့ မတော်တဆမပါတဲ့ နေ့မျိုးတွေမှာဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ဖေ့ဘုတ်ပေ့ စာမျက်နှာတစ်ခုကနေ ပရိသတ်တွေို ဝေမျှခဲ့တဲ့အကြောင်းလေးက အခုလို အဖြစ်ပါ။ မိုးကာအင်္ကျီအရှည်ကို ကျန်းမာရေးအတွက် လေကာဖို့ဝတ်လာတဲ့ ဆိုင်ကယ်စီးအမျိုးသမီးတစ်ဦးဟာ ဆိုင်ကယ်မောင်းနေရင်းတန်းလန်း အောက်ကိုရှည်ထွက်နေတဲ့အင်္ကျီစက ဆိုင်ကယ်နောက်ဘီးထဲကို ဝင်သွားတာဖြစ်ပြီး၊

လမ်းကလည်း မိုးရွာထားလို့ ချောနေချိန်နဲ့ သွားအတွေ့မှာ ကိုင်ဆောင့်သလိုဖြစ်ခဲ့ပါတယ်။ ဘာမှလုပ်ချိန်မရလိုက်ဘဲ အက်စီးဒင့်နဲ့အတူ မြေပြင်ပေါ်ကို ရုပ်ပျက်ဆင်းပျက်ကျသွားပါတယ်။ ဒီအဖြစ်အပျက်ကို အနောက်ကမောင်းနေတဲ့ ကားပိုင်ရှင်က သူ့ကားမှာအော်တိုတပ်ထားတဲ့ ကားကင်မရာနဲ့ မှတ်တမ်းထင်ထားနိုင်ခဲ့ပြီး၊

ဖြစ်ပျက်သွားတာကို အလုံးစုံမြင်ရခဲ့ပါတယ်။ တော်သေးတာတစ်ခုက အမျိုးသမီးဟာ ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းလာတဲ့အတွက် Apannpyay ပရိသတ်တွေ ဦးထုပ်က ဘာကြောင့်အရေးပါလဲဆိုတာကို နမူနာယူနိုင်မှာပါ။ နောက်တော့ ကားပေါ်မှာ ပါလာတဲ့ လူခြောက်ယောက်ဟာ အမျိုးသမီးကို ဆိုကယ်အောက်ကနေ

ဆွဲထုတ်ကာ မိုးကားစကို ဖြဲပစ်ခဲံရပါတယ်။ ဆိုင်ကယ်မမောင်းနိုင်တော့တဲ့အတွက် ဆိုင်ကယ်ကို တစ်ယောက်က မောင်းလာခဲ့ပြီး၊ အမျိုးသမီးကိုတော့ အနီးစပ်ဆုံးဆေးရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ အနောက်ကနေ ကူညီမယ့်သူတွေ ရှိခဲ့တာကလည်း အမျိုးသမီးအတွက် ကံကောင်းခဲ့တာပါပဲ။ မဟုတ်ရင်တော့ ဘယ်အချိန်ထိအောင် လဲကျနေမလဲကလည်း မသိနိုင်ပါဘူး။

သူရေး (Apannpyay)

Unicode

ဆိုင္ကယ္စီးရင္ မိုးကာအက်ၤီစအရွည္ထြက္တက္သူမ်ား နမူနာယူစရာအျဖစ္

ဆိုင္ကယ္စီးျပီးေတာ့ ပို႔ေဆာင္ဆက္သြယ္ေရးနဲ႔ အလုပ္လုပ္ေနရတဲ့ Apannpyay ပရိသတ္ေတြ ရွိရင္ေတာ့ အခုအျဖစ္က နမူနာယူရမွာပါ။ ကိုယ္က ဦးထုပ္မွန္မွန္ေဆာင္းထားရင္ အနည္းငယ္သက္သာႏိုင္ေပမဲ့ အကယ္လို႔ မေတာ္တဆမပါတဲ့ ေန႔မ်ိဳးေတြမွာဆုိရင္ေတာ့ ျပႆနာရွိႏိုင္ပါတယ္။

မေလးရွားႏိုင္ငံရဲ႕ ေဖ့ဘုတ္ေပ့ စာမ်က္ႏွာတစ္ခုကေန ပရိသတ္ေတြို ေ၀မွ်ခဲ့တဲ့အေၾကာင္းေလးက အခုလို အျဖစ္ပါ။ မိုးကာအက်ၤီအရွည္ကို က်န္းမာေရးအတြက္ ေလကာဖို႔၀တ္လာတဲ့ ဆုိင္ကယ္စီးအမ်ိဳးသမီးတစ္ဦးဟာ ဆိုင္ကယ္ေမာင္းေနရင္းတန္းလန္း ေအာက္ကိုရွည္ထြက္ေနတဲ့အက်ၤီစက ဆိုင္ကယ္ေနာက္ဘီးထဲကို ၀င္သြားတာျဖစ္ျပီး၊

လမ္းကလည္း မိုးရြာထားလို႔ ေခ်ာေနခ်ိန္နဲ႔ သြားအေတြ႔မွာ ကိုင္ေဆာင့္သလိုျဖစ္ခဲ့ပါတယ္။ ဘာမွလုပ္ခ်ိန္မရလိုက္ဘဲ အက္စီးဒင့္နဲ႔အတူ ေျမျပင္ေပၚကို ရုပ္ပ်က္ဆင္းပ်က္က်သြားပါတယ္။ ဒီအျဖစ္အပ်က္ကို အေနာက္ကေမာင္းေနတဲ့ ကားပိုင္ရွင္က သူ႕ကားမွာေအာ္တိုတပ္ထားတဲ့ ကားကင္မရာနဲ႔ မွတ္တမ္းထင္ထားႏုိင္ခဲ့ျပီး၊

ျဖစ္ပ်က္သြားတာကို အလံုးစံုျမင္ရခဲ့ပါတယ္။ ေတာ္ေသးတာတစ္ခုက အမ်ိဳးသမီးဟာ ဆိုင္ကယ္စီးဦးထုပ္ကို ေဆာင္းလာတဲ့အတြက္ Apannpyay ပရိသတ္ေတြ ဦးထုပ္က ဘာေၾကာင့္အေရးပါလဲဆိုတာကို နမူနာယူႏုိင္မွာပါ။ ေနာက္ေတာ့ ကားေပၚမွာ ပါလာတဲ့ လူေျခာက္ေယာက္ဟာ အမ်ိဳးသမီးကို ဆိုကယ္ေအာက္ကေန

ဆြဲထုတ္ကာ မိုးကားစကို ျဖဲပစ္ခဲံရပါတယ္။ ဆိုင္ကယ္မေမာင္းႏိုင္ေတာ့တဲ့အတြက္ ဆိုင္ကယ္ကို တစ္ေယာက္က ေမာင္းလာခဲ့ျပီး၊ အမ်ိဳးသမီးကိုေတာ့ အနီးစပ္ဆံုးေဆးရံုကို ပို႔ေပးခဲ့တယ္လို႔ သိရပါတယ္။ အေနာက္ကေန ကူညီမယ့္သူေတြ ရွိခဲ့တာကလည္း အမ်ိဳးသမီးအတြက္ ကံေကာင္းခဲ့တာပါပဲ။ မဟုတ္ရင္ေတာ့ ဘယ္အခ်ိန္ထိေအာင္ လဲက်ေနမလဲကလည္း မသိႏုိင္ပါဘူး။

သူေရး (Apannpyay)