အိမ်ကိုဖောက်ဝင်တဲ့ သူခိုးရန်ကနေ ညီမလေးကို အသက်ပေးကာကွယ်သွားတဲ့ (၁၅)နှစ်သားအကို

190

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ပေါ့ချာလော့တီမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ အသက် (၁၅)နှစ်သားအရွယ် ကောင်လေးတစ်ဦးဟာ ဒဏ်ရာတွေနဲအတူတိုက်ခိုက်မှုတစ်ခုခုဖြစ်ပွားခဲ့တဲ့ ပုံစံနဲ့ သေဆုံးလျက်ရှိခဲ့ပါတယ်။ ဖြစ်ပွားချိန်မှာ အသက်(၅)နှစ်အရွယ် သမီးလေးတစ်ဦးကလည်း အိမ်မှာရှိနေပါတယ်။

အက်ဒမန်လို့ခေါ်တဲ့ အဆိုပါ (၁၅)နှစ်သားလေးရဲ့အိမ်ကို လူကြီးတွေမရှိခင်မှာ သူခိုးတစ်ဦးက ဖော်ဝင်ခဲ့တာပါ။ သူခိုးက ပြန်ထွက်သွားဖို့ ပြင်နေဆင်မှာ အက်ဒမန်ဟာ အိမ်ကိုကာကွယ်စောင့်ရှောက်ရင်း ညီမလေးဖြစ်သူကို အန္တရာယ်မဖြစ်စေဖို့အတွက် သူခိုးနဲ့ အသေအကြေတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ခွန်အားခြင်းမယှဉ်နိုင်ခဲ့ချိန်မှာ ဒဏ်ရာတွေနဲ့အတူသေဆုံးခဲ့ပါတယ်။

ရဲတွေက ရော်ကလာချိန်မှာ ဖြစ်စဉ်ကိုသုံးသပ်ပြီး၊ ဖောက်ဝင်တာလို့ မှတ်ချပြုနေစဉ်မှာပဲ ကောင်လေးရဲ့ပြန်တိုက်ခိုက်မှုကြောင့် ဒဏ်ရာတွေရသွားပြီး မပြေးနိုင်တဲ့သူခိုးကို လမ်းမတစ်နေရာမှာ အသာအယာပဲပြန်ဖမ်းမိခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် Ryan Cole ဆိုသူဖြစ်ပြီး၊ တွေ့ရှိခဲ့စဉ်မှာ ဓားထိုးဒဏ်ရာတွေနဲ့ဖြစ်တဲ့အတွက် ဆေးရုံအရင်ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံ ချားလော့တီရဲစခန်းက ရဲအရာရှိရဲ့ပြောကြားချက်မှာ သူခိုးဟာ နောက်အိမ်တစ်အိမ်ကိုလည်း ဖောက်ဝင်ဖို့ကြိုးစားခဲ့သေးတယ်လို့ ဖော်ပြထားတာကိုလည် းApannpyay အနေနဲ့ တွေ့ရှိရပါတယ်။ ညီမအငယ်ဆုံးလေးရဲ့ ပြောကြားချက်ထွက်ဆိုချက်အရ သူခိုးဖောက်ဝင်တာကို သိခဲ့ခြင်းမှာ အကိုကညီမလေးကို လုံခြုံတဲ့နေရာမှာ ပုန်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အက်ဒမန်ကတော့ အိမ်တံခါးဝအနားမှာသေဆုံးနေခဲ့တာဖြစ်တဲ့အတွက် သူခိုးအထွက်မှာ အလစ်ပြန်တိုက်ခဲ့ပုံပါပဲ။ ဖြစ်ပွားခဲ့တဲ့အသေးစိတ်ကို Ryan Cole ဆေးရုံကပြန်ဆင်းလာမှ သိရမှာဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ မသိရသေးပါဘူး။ အွန်လိုင်းမှာလည်း အလှူငွေတွေကောက်ခံနေပြီး၊ ဒေါ်လာ(၂)သောင်းကျော်ကို ထည့်ဝင်လှူဒါန်းထားကြပါပြီ။ ရဲရဲခဲ့တဲ့ အကိုတစ်ဦးပါပဲ။

သူရေး (Apannpyay)

ZawGyi

အိမ္ကိုေဖာက္၀င္တဲ့ သူခိုးရန္ကေန ညီမေလးကို အသက္ေပးကာကြယ္သြားတဲ့ (၁၅)ႏွစ္သားအကို

အေမရိကန္ႏုိင္ငံ၊ ဖေလာ္ရီဒါျပည္နယ္၊ ေပါ့ခ်ာေလာ့တီမွာရွိတဲ့ ေနအိမ္တစ္အိမ္မွာ အသက္ (၁၅)ႏွစ္သားအရြယ္ ေကာင္ေလးတစ္ဦးဟာ ဒဏ္ရာေတြနဲအတူတိုက္ခိုက္မႈတစ္ခုခုျဖစ္ပြားခဲ့တဲ့ ပံုစံနဲ႔ ေသဆံုးလ်က္ရွိခဲ့ပါတယ္။ ျဖစ္ပြားခ်ိန္မွာ အသက္(၅)ႏွစ္အရြယ္ သမီးေလးတစ္ဦးကလည္း အိမ္မွာရွိေနပါတယ္။

အက္ဒမန္လို႔ေခၚတဲ့ အဆိုပါ (၁၅)ႏွစ္သားေလးရဲ႕အိမ္ကို လူၾကီးေတြမရွိခင္မွာ သူခိုးတစ္ဦးက ေဖာ္၀င္ခဲ့တာပါ။ သူခိုးက ျပန္ထြက္သြားဖို႔ ျပင္ေနဆင္မွာ အက္ဒမန္ဟာ အိမ္ကိုကာကြယ္ေစာင့္ေရွာက္ရင္း ညီမေလးျဖစ္သူကို အႏၱရာယ္မျဖစ္ေစဖို႔အတြက္ သူခိုးနဲ႔ အေသအေၾကတိုက္ခိုက္ခဲ့ပါတယ္။ ဒါေပမဲ့ ခြန္အားျခင္းမယွဥ္ႏုိင္ခဲ့ခ်ိန္မွာ ဒဏ္ရာေတြနဲ႔အတူေသဆံုးခဲ့ပါတယ္။

ရဲေတြက ေရာ္ကလာခ်ိန္မွာ ျဖစ္စဥ္ကိုသံုးသပ္ျပီး၊ ေဖာက္၀င္တာလို႔ မွတ္ခ်ျပဳေနစဥ္မွာပဲ ေကာင္ေလးရဲ႕ျပန္တုိက္ခိုက္မႈေၾကာင့္ ဒဏ္ရာေတြရသြားျပီး မေျပးႏုိင္တဲ့သူခိုးကို လမ္းမတစ္ေနရာမွာ အသာအယာပဲျပန္ဖမ္းမိခဲ့ပါတယ္။ အသက္ (၂၇)ႏွစ္အရြယ္ Ryan Cole ဆိုသူျဖစ္ျပီး၊ ေတြ႔ရွိခဲ့စဥ္မွာ ဓားထိုးဒဏ္ရာေတြနဲ႔ျဖစ္တဲ့အတြက္ ေဆးရံုအရင္ပို႔ခဲ့ရတယ္လို႔ ဆိုပါတယ္။

ေဒသခံ ခ်ားေလာ့တီရဲစခန္းက ရဲအရာရွိရဲ႕ေျပာၾကားခ်က္မွာ သူခိုးဟာ ေနာက္အိမ္တစ္အိမ္ကိုလည္း ေဖာက္၀င္ဖို႔ၾကိဳးစားခဲ့ေသးတယ္လို႔ ေဖာ္ျပထားတာကိုလည္ းApannpyay အေနနဲ႔ ေတြ႔ရွိရပါတယ္။ ညီမအငယ္ဆံုးေလးရဲ႕ ေျပာၾကားခ်က္ထြက္ဆိုခ်က္အရ သူခိုးေဖာက္၀င္တာကို သိခဲ့ျခင္းမွာ အကိုကညီမေလးကို လံုျခံဳတဲ့ေနရာမွာ ပုန္းခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။

အက္ဒမန္ကေတာ့ အိမ္တံခါး၀အနားမွာေသဆံုးေနခဲ့တာျဖစ္တဲ့အတြက္ သူခိုးအထြက္မွာ အလစ္ျပန္တိုက္ခဲ့ပံုပါပဲ။ ျဖစ္ပြားခဲ့တဲ့အေသးစိတ္ကို Ryan Cole ေဆးရံုကျပန္ဆင္းလာမွ သိရမွာျဖစ္ျပီး၊ လက္ရွိအခ်ိိန္မွာေတာ့ မသိရေသးပါဘူး။ အြန္လိုင္းမွာလည္း အလွဴေငြေတြေကာက္ခံေနျပီး၊ ေဒၚလာ(၂)ေသာင္းေက်ာ္ကို ထည္႔၀င္လွဴဒါန္းထားၾကပါျပီ။ ရဲရဲခဲ့တဲ့ အကိုတစ္ဦးပါပဲ။

သူေရး (Apannpyay)