(၈)တန်းကျောင်းသူလေးကိုခိုးယူထွက်ပြေးတဲ့ ကျောင်းထိုင်ဘုန်းကြီးကို မိသွားပါပြီ

237

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၂.၁၀.၂၀၁၉. (၀၂၀၃၀) နာရီအချိန်ခန့်တွင် ဥသျှစ်ပင်နယ်မြေတာဝန်ခံ စရဖ ကျော်မင်းထွန်း၊နယ်မြေခံရဲစခန်းမှစခန်းမှူးရဲအုပ်သန်းလှနှင့်အဖွဲ့များကျောက်ဖူးကျေးရွှာအုပ်ချု ပ်ရေးတို့ပူးပေါင်း၍ခိုးယူထွက်ပြေးသွားသောဘုန်းကြီးအားကျောက်ဖူးကျေးရွှာအုပ်စု၊ဆင်လူးရွှာတွင်ဖမ်းဆီးရမိခဲ့ပါသည်၊

ဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မရှမ်းကန်တော်ရကျောင်း၊အသက်(၄၀)နှစ်(ဘ)ဦးဘမောင်(အမိ)၊ဒေါ်အေးနန်း ၇/ပမန(သ)၀၀၃၈၅၀ ရှမ်း/ဗမာ ပညာအရည်အချင်း(၄)တန်း၊နောင်ချိုကြီးကျေးရွှာ၊ညဏ်တော်ရပ်၊နောင်ချိုမြို့နေသူမှ ခိုးယူထွက်ပြေးသွားသည်ဟု သတင်းအရနယ်မြေတာဝန်ခံစရဖ၊နယ်မြေခံရဲစခန်းမှစခန်းမှူးရဲအုပ်သန်းလှနှင့်အဖွဲ့များ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်ကျောက်ဖူးကျေးရွှာအုပ်စု၊ဆင်လူးရွှာရှိဦးနိုင်ဝင်းဒေါ်နန်းခန့်ဝါနေအိမ်အားသွားရောက်ရှာဖွေရာ

ဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မအားတွေ ့ရှိ၍ဖမ်းဆီးရမိကြောင်းသတင်းရရှိပါသည်၊ထိုသို့ခိုးယူထွက်ပြေးသွားသောဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မအား (၀၂၁၃၀)နာရီအချိန်တွင်ဥသျှစ်ပင်နယ်မြေခံ စခန်းမှူးရဲအုပ်သန်းလှမှပေါင်တ လည်စခန်းမှူးရဲအုပ်ဇော်မင်းနှင့်အဖွဲ့အားလွဲပြောင်းပေးလိုက်သည်ဟုသိရှိရပါသည်၊

ခိုးယူထွက်ပြေးသွားသေားဦးစိုင်းအောင်မိုး(ဘွဲ့)ဦးအဂ္ဂဓမ္မအား ပေါင်တလည်ရဲစခန်းမှပ/၃၉/၁၉ပုဒ်မ-၃၆၃ ဖြင့်အမှု့ဖွင့်အရေးယူထားကြောင်းသတင်းရရှိပါသည်။

လှဌေး(အမိမြေ)ဥသျှစ်ပင်

Zawgyi




 


