လူမှုကွန်ယက်ပေါ်မှာချီးကျူးခံနေရတဲ့ခရီးသည်တွေကို စိတ်ချမ်းသာစေသူ YBS ကားမောင်းဆရာကြီး

103

ကားပေါ်ကိုခရီးသည်တွေတက်လာတာနဲ့ မင်္ဂလာပါလို့နှုတ်ဆက်ပြီး ချိုချဉ်ကလေးတွေရှိတဟ် အမောပြေစားသွားကြပါလို့ နှုတ်ခွန်းဆက်တတ်တဲ့ YBS ကားမောင်သမားတစ်ဦးရဲ့ videoဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ တအံ့တသြနဲ့ချီးကျူးသူတွေကြား နာမည်ကြီးလို့နေပါတယ်။ ဒီvideo ဖိုင်ကို လှည်းကူငပိချက်ဆိုတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့ရဲ့သတင်းတွေကိုဖော်ပြတဲ့ pageကနေ လူမှုကွန်ယက်ပေါ်မှာ မျှဝေထားတာပါ။

အခြား YBS မောင်းတဲ့ ကားမောင်းသမားတွေနဲ့မတူပဲချိုသာတဲ့အပြုံး၊ မင်္ဂလာပါဆိုတဲ့စကားကလေးနဲ့ နှုတ်ဆက်တတ်တဲ့ ကားမောင်းဆရာကြီးဟာ YBS 37ယာဉ်လိုင်းရဲ့ ယာဉ်မောင်းတစ်ဦးဖြစ်ပါတယ်။ သူမောင်းနှင်တဲ့ကားပေါ်မှာ ခရီးသည်တွေအတွက် ချိုချဉ်နဲ့ရေသန့်ဘူးတွေအမြဲရှိပြီး လာရောက်စီးနှင်တဲ့ ခရိးသည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနေတာပါ။

ရန်ကုန်တိုင်း လှည်းကူးမြို့ဘက်ကိုမောင်းနှင်တဲ့ YBS ယာဉ်လိုင်းတွေမှာ ဆုပေးတဲ့စနစ်ရှိပြီး ဝန်ဆောင်မှုကောင်းတဲ့ယာဉ်မောင်းတွေကို တစ်လတစ်ခါဆုချလေ့ရှိတယ်လို့သိရပါတယ်။ အခုဗီဒီယိုဖိုင်မှာတွေ့မြင်ရမယ့် ယာဉ်မောင်းကတော့ ပြီးခဲ့တဲ့လကဆုရရှိခဲ့သူဖြစ်ပြီး အခုလမှာလည်း အကောင်းဆုံးဝန်ဆောင်မှုတွေပေးကာ ဆုရရှိအောင်ကြိုးစားနေတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအာဏာရအစိုးရလက်ထက်မှာ ပြောင်းလဲခဲ့တဲ့ ရန်ကုန်မြို့ရဲ့ YBSစနစ် ယာဉ်လိုင်းပေါင်း ၁ဝဝကျော်မှာ ယာဉ်လိုင်းတော်တော်များများက စီးနင်းတဲ့ခရီးသည်တွေရဲ့ချီးကျူးမှုကိုခံထားရပြီး အချို့သောယာဉ်လိုင်းတွေကတော့ ဝန်ဆောင်မှုပေးတဲ့ကားတွေရဲ့အခြေအနေအပါအဝင် ယာဉ်မောင်းတွေရဲ့ဝန်ဆောင်မှုက အနည်းငယ်လိုအပ်နေသေးတယ်လို့ ပြည်သူတွေကသုံးသပ်ထားပါတယ်။

Yenin Phawah-#AlinnMyay(အလင်းမြေ) Source-HN

လူမႈကြန္ယက္ေပၚမွာခ်ီးက်ဴးခံေနရတဲ့ခရီးသည္ေတြကို စိတ္ခ်မ္းသာေစသူ YBS ကားေမာင္းဆရာႀကီး

ကားေပၚကိုခရီးသည္ေတြတက္လာတာနဲ႔ မဂၤလာပါလို႔ႏႈတ္ဆက္ၿပီး ခ်ိဳခ်ဥ္ကေလးေတြရွိတဟ္ အေမာေျပစားသြားၾကပါလို႔ ႏႈတ္ခြန္းဆက္တတ္တဲ့ YBS ကားေမာင္သမားတစ္ဦးရဲ႕ videoဖိုင္ဟာ လူမႈကြန္ယက္ေပၚမွာ တအံ့တၾသနဲ႔ခ်ီးက်ဴးသူေတြၾကား နာမည္ႀကီးလို႔ေနပါတယ္။ ဒီvideo ဖိုင္ကို လွည္းကူငပိခ်က္ဆိုတဲ့ ရန္ကုန္တိုင္းလွည္းကူးၿမိဳ႕ရဲ႕သတင္းေတြကိုေဖာ္ျပတဲ့ pageကေန လူမႈကြန္ယက္ေပၚမွာ မွ်ေဝထားတာပါ။

အျခား YBS ေမာင္းတဲ့ ကားေမာင္းသမားေတြနဲ႔မတူပဲခ်ိဳသာတဲ့အၿပံဳး၊ မဂၤလာပါဆိုတဲ့စကားကေလးနဲ႔ ႏႈတ္ဆက္တတ္တဲ့ ကားေမာင္းဆရာႀကီးဟာ YBS 37ယာဥ္လိုင္းရဲ႕ ယာဥ္ေမာင္းတစ္ဦးျဖစ္ပါတယ္။ သူေမာင္းႏွင္တဲ့ကားေပၚမွာ ခရီးသည္ေတြအတြက္ ခ်ိဳခ်ဥ္နဲ႔ေရသန္႔ဘူးေတြအၿမဲရွိၿပီး လာေရာက္စီးႏွင္တဲ့ ခရိးသည္ေတြကို အေကာင္းဆံုးဝန္ေဆာင္မႈေပးေနတာပါ။

ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕ဘက္ကိုေမာင္းႏွင္တဲ့ YBS ယာဥ္လိုင္းေတြမွာ ဆုေပးတဲ့စနစ္ရွိၿပီး ဝန္ေဆာင္မႈေကာင္းတဲ့ယာဥ္ေမာင္းေတြကို တစ္လတစ္ခါဆုခ်ေလ့ရွိတယ္လို႔သိရပါတယ္။ အခုဗီဒီယိုဖိုင္မွာေတြ႕ျမင္ရမယ့္ ယာဥ္ေမာင္းကေတာ့ ၿပီးခဲ့တဲ့လကဆုရရွိခဲ့သူျဖစ္ၿပီး အခုလမွာလည္း အေကာင္းဆံုးဝန္ေဆာင္မႈေတြေပးကာ ဆုရရွိေအာင္ႀကိဳးစားေနတာျဖစ္တယ္လို႔သိရပါတယ္။

လက္ရွိအာဏာရအစိုးရလက္ထက္မွာ ေျပာင္းလဲခဲ့တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ YBSစနစ္ ယာဥ္လိုင္းေပါင္း ၁၀၀ေက်ာ္မွာ ယာဥ္လိုင္းေတာ္ေတာ္မ်ားမ်ားက စီးနင္းတဲ့ခရီးသည္ေတြရဲ႕ခ်ီးက်ဴးမႈကိုခံထားရၿပီး အခ်ိဳ႕ေသာယာဥ္လိုင္းေတြကေတာ့ ဝန္ေဆာင္မႈေပးတဲ့ကားေတြရဲ႕အေျခအေနအပါအဝင္ ယာဥ္ေမာင္းေတြရဲ႕ဝန္ေဆာင္မႈက အနည္းငယ္လိုအပ္ေနေသးတယ္လို႔ ျပည္သူေတြကသံုးသပ္ထားပါတယ္။

Yenin Phawah-#AlinnMyay(အလင္းေျမ) Source-HN