ထိမိတာနဲ့ လူကို သေစေနိုင်တဲ့ အဆိပ်ပြင်းမီးတောက်မှိုအကြောင်း သိကောင်းစရာ

124

မှိုတိုင်းဟာ စားလို့မရပါဘူး။ တစ်ချို့သော မှိုတွေကတော့ အနံ့အရသာနဲ့ ပြည့်စုံပြီး၊ စားတဲ့သူကို ကောင်းကျိုးတွေ ပေးပါတယ်။ ဒီလိုပဲ အဲဒီလို စားလို့ရတဲ့ မှိုမှာတောင် မှိုတောက်လေ့ရှိသူတွေ စားရင် အန္တရာယ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ DailyStar သတင်းမှာ ဖော်ပြထားချက်ကို-

ApannPyay ပရိသတ်ကြီးအတွက် ဗဟုသုတအဖြစ်နဲ့ ဘာသာပြန်လိုက်ပါတယ်။ သြစတေးလျမှာ အဆိပ်အလွန်ပြင်းထန်တဲ့ Fire coral fungus (မီးတောက်မှို)တစ်မျိုးဟာ ထိမိသူကို အဆိပ်သင့်ပြီး သေဆုံးစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီမှိုဟာ မုန်လာဥနီတွေလို အနီရောင်တောက်တောက် ဖြစ်ပါတယ်။

မီးတောက်ပုံစံမျိုးလည်း ဖြစ်နေပြီး။ တစ်ခါတလေမှာ ဝါကျင့်ကျင့်၊ အနီရောင်ဖျော့ဖျော့လည်း ဖြစ်နိုင်ပါတယ်။  Queensland က မုတ်သုံတောတွေရဲ့ သစ်ပင်ခြေရင်း၊ သစ်မြစ်တွေပေါ်မှာ ပေါက်လေ့ရှိပါတယ်။ ဒီမှိုမှာပါတဲ့အဆိပ်ဟာ ပြင်းထန်တယ်ဆိုသော်လည်း ချက်ချင်းသေစေတာမျိုး မဟုတ်ပါဘူး။

တဖြည်းဖြည်းနဲ့ လူကို ဒုက္ခပေးတာပါ။ ဦးနှောက်ကို မူလအရွွယ်အစားထက် တဖြည်းဖြည်း ကျုံ့လာစေပြီး တဖြည်းဖြည်း သေဆုံးစေတာပါ။ ကိုရီးယားနဲ့ ဂျပန်မှာတော့ ဒီမှုမျိုးစိတ်ဟာ စားလို့ရတဲ့ မှိုအယဉ်မျိုးစိတ်နဲ့ ဆင်တူလို့၊ မကြာခဏ လူသေမှုတွေ ဖြစ်နေပါသတဲ့။

ဂျပန် ကိုရီးယားနိုင်ငံတွေမှာ ဆေးဖြစ်ဝါဖြစ်အနေနဲ့ ရေနွေးကြမ်းထဲကို ထည့်သောက်တဲ့ မှိုတစ်မျိုးဟာ အခု မီးတောက်မှိုနဲ့ ဆင်တူတယ်လို့ သိရပါတယ်။ ဒါပေမယ့် မီးတောက်မှိုကတော့ အဲဒီနိုင်ငံတွေမှာ ရှားပါးပြီး ရံဖန်ရံခါမှသာ မိုအယဉ်နဲ့ မှားတာမျိုးလို့လည်း သိရပါတယ်။

နတ်သူကြီး APANNPYAY

Zawgyi ျဖင့္ဖတ္ရန္-

မႈိတုိင္းဟာ စားလုိ႔မရပါဘူး။ တစ္ခ်ိဳ႕ေသာ မႈိေတြကေတာ့ အနံ႔အရသာနဲ႔ ျပည့္စုံၿပီး၊ စားတဲ့သူကို ေကာင္းက်ိဳးေတြ ေပးပါတယ္။ ဒီလုိပဲ အဲဒီလုိ စားလုိ႔ရတဲ့ မႈိမွာေတာင္ မႈိေတာက္ေလ့ရွိသူေတြ စားရင္ အႏၱရာယ္ျဖစ္ႏုိင္တယ္လုိ႔ သိရပါတယ္။ DailyStar သတင္းမွာ ေဖာ္ျပထားခ်က္ကို-

ApannPyay ပရိသတ္ႀကီးအတြက္ ဗဟုသုတအျဖစ္နဲ႔ ဘာသာျပန္လုိက္ပါတယ္။ ၾသစေတးလ်မွာ အဆိပ္အလြန္ျပင္းထန္တဲ့ Fire coral fungus (မီးေတာက္မႈိ)တစ္မ်ိဳးဟာ ထိမိသူကို အဆိပ္သင့္ၿပီး ေသဆုံးေစႏုိင္တယ္လုိ႔ ဆုိပါတယ္။ ဒီမႈိဟာ မုန္လာဥနီေတြလုိ အနီေရာင္ေတာက္ေတာက္ ျဖစ္ပါတယ္။

မီးေတာက္ပုံစံမ်ိဳးလည္း ျဖစ္ေနၿပီး။ တစ္ခါတေလမွာ ဝါက်င့္က်င့္၊ အနီေရာင္ေဖ်ာ့ေဖ်ာ့လည္း ျဖစ္ႏုိင္ပါတယ္။  Queensland က မုတ္သုံေတာေတြရဲ႕ သစ္ပင္ေျခရင္း၊ သစ္ျမစ္ေတြေပၚမွာ ေပါက္ေလ့ရွိပါတယ္။ ဒီမႈိမွာပါတဲ့အဆိပ္ဟာ ျပင္းထန္တယ္ဆုိေသာ္လည္း ခ်က္ခ်င္းေသေစတာမ်ိဳး မဟုတ္ပါဘူး။

တျဖည္းျဖည္းနဲ႔ လူကို ဒုကၡေပးတာပါ။ ဦးေႏွာက္ကုိ မူလအရြြယ္အစားထက္ တျဖည္းျဖည္း က်ဳံ႕လာေစၿပီး တျဖည္းျဖည္း ေသဆုံးေစတာပါ။ ကုိရီးယားနဲ႔ ဂ်ပန္မွာေတာ့ ဒီမႈမ်ိဳးစိတ္ဟာ စားလုိ႔ရတဲ့ မႈိအယဥ္မ်ိဳးစိတ္နဲ႔ ဆင္တူလုိ႔၊ မၾကာခဏ လူေသမႈေတြ ျဖစ္ေနပါသတဲ့။

ဂ်ပန္ ကုိရီးယားႏုိင္ငံေတြမွာ ေဆးျဖစ္ဝါျဖစ္အေနနဲ႔ ေရေႏြးၾကမ္းထဲကို ထည့္ေသာက္တဲ့ မႈိတစ္မ်ိဳးဟာ အခု မီးေတာက္မႈိနဲ႔ ဆင္တူတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ မီးေတာက္မႈိကေတာ့ အဲဒီႏုိင္ငံေတြမွာ ရွားပါးၿပီး ရံဖန္ရံခါမွသာ မုိအယဥ္နဲ႔ မွားတာမ်ိဳးလုိ႔လည္း သိရပါတယ္။

နတ္သူႀကီး APANNPYAY