ဘုရားဖူးကားပေါ် အင်္ဂလိပ်လို ရှင်းပြနေသည့် သနပ်ခါးနှင့် ကလေးငယ် (ရုပ်သံ)

140

သြားလာလည္ပတ္စရာ ေနရာေတြ မ်ားျပားလြန္းတဲ့ ျမန္မာနိုင္ငံမွာ လက္ညႇိုးထိုး မလြဲတဲ့ ဘုရားေက်ာင္းကန္ေစတီပုထိုးေတြဟာလည္း မေရမတြက္နိုင္ေအာင္ ရွိေနပါ တယ္။

ဘုရားဖူးသြားရတာ မခက္ခဲလွေပမယ့္ ဘုရားသမိုင္းေနာက္ခံ အေၾကာင္းအခ်က္ အလက္ေတြကို ထဲထဲဝင္ဝင္သိနိုင္ဖို႔ကလည္း အေတာ့္ကို မလြယ္ကူတဲ့ ကိစၥတခုပါပဲ။

ပိုမိုဖြံ့ၿဖိဳးတိုးတက္လာတဲ့ ခရီးသြားလုပ္ငန္းက႑မွာေတာ့ နိုင္ငံတကာ ကမၻာ လွည့္ခရီးသြားေတြကိုေရာ ျပည္တြင္းခရီးသြားေတြကိုပါ ထိေရာက္တဲ့ အခန္းက႑က ပါ ဝင္ကူညီေနသူေတြကေတာ့ လိုင္စင္ရဧည့္လမ္းညႊန္ေတြ၊ ေဒသခံဧည့္လမ္းညႊန္ေတြ ျဖစ္ေနပါတယ္။

ျမန္မာမွန္ရင္ ပုဂံကို ေရာက္ဖူးရမယ္ဆိုတဲ့ ဆိုရိုးနဲ႔ ထင္ရွားတဲ့ ပုဂံမွာေတာ့ ဘုရား ေတြရဲ့ သမိုင္းေၾကာင္းကို ေရေရလည္လည္ ရွင္းလင္းေျပာျပနိုင္တဲ့ ကေလးငယ္ေတြ ဟာလည္း တေထာင့္တေနရာက ပါဝင္ေနပါတယ္။

ခု႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ဘုရားဖူးကားေပၚ ခရီးသြားေတြကို မြန္မြန္ရည္ရည္ ရွင္းျပေနတဲ့ သနပ္ခါးနဲ႔ ဂိုက္ထ္ကေလးငယ္ေကာင္ေလးတေယာက္ကို ေတြ႕ရမွာပါ။

ရိုးရွင္းတဲ့ ေဒသသံဝဲဝဲနဲ႔ မႀကီးတို႔၊ အန္တီႀကီးတို႔၊ ဦးဦးတို႔၊ ကိုႀကီးတို႔က အဂၤလိပ္ လို ရွင္းၿပီးသားကို နားမလည္ရင္ ျမန္မာလို ဘာသာျပန္ျပေပးမယ္ေလဆိုၿပီး အစခ်ီေျပာ ကာ ဘုရားေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြျဖစ္တဲ့ ေရႊဆံေတာ္ဘုရားၿပိဳက် ပ်က္စီးမႈကအစ၊ မႏူဟာဘုရင္ဟာ ျမန္မာဘုရင္မဟုတ္ဘဲ မြန္ဘုရင္ျဖစ္တယ္ဆိုတာ ေတြထိ အဂၤလိပ္လို၊ ျမန္မာလို သြက္သြက္လက္လက္ ရွင္းျပသြားခဲ့တာပါ။

ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ ၿဖိဳးေဝထြန္းအမည္နဲ႔ အသုံးျပဳတဲ့ ေဖ့စ္ဘြတ္ခ္အ ေကာင့္ပိုင္ရွင္က ခုလိုေရးသားၿပီး မၽွေဝထားခဲ့တာပါ။

“ကိုယ္ေဒ Amazing Power Travel & Tours ရဲ့ guide ေလးေတြက အဂၤလိပ္လို ရွင္းတာ ပါဆို”

ရွပ္အကၤ်ီအျဖဴေရာင္နဲ႔ ပုဆိုးေလးကို တြဲဖက္ဝတ္ဆင္ထားၿပီး လြယ္အိတ္ေလးတ လုံးစလြယ္သိုင္းလြယ္ထားတဲ့ ကေလးငယ္ရဲ့ သြက္လက္ခ်က္ခ်ာမႈအေပၚ မွတ္ခ်က္ေပး သူေတြက ခ်ီးက်ဴးမွတ္ခ်က္ေတြ ေပးေနၾကၿပီး သေဘာက်ေနၾကတာပါ။

လတ္တေလာမွာေတာ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၃ သိန္းခြဲနီးပါး ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

DVB TV News

ဘုရားဖူးကားပေါ် အင်္ဂလိပ်လို ရှင်းပြနေသည့် သနပ်ခါးနှင့် ကလေးငယ် (ရုပ်သံ)

သွားလာလည်ပတ်စရာ နေရာတွေ များပြားလွန်းတဲ့ မြန်မာနိုင်ငံမှာ လက်ညှိုးထိုး မလွဲတဲ့ ဘုရားကျောင်းကန်စေတီပုထိုးတွေဟာလည်း မရေမတွက်နိုင်အောင် ရှိနေပါ တယ်။

ဘုရားဖူးသွားရတာ မခက်ခဲလှပေမယ့် ဘုရားသမိုင်းနောက်ခံ အကြောင်းအချက် အလက်တွေကို ထဲထဲဝင်ဝင်သိနိုင်ဖို့ကလည်း အတော့်ကို မလွယ်ကူတဲ့ ကိစ္စတခုပါပဲ။

ပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာတော့ နိုင်ငံတကာ ကမ္ဘာ လှည့်ခရီးသွားတွေကိုရော ပြည်တွင်းခရီးသွားတွေကိုပါ ထိရောက်တဲ့ အခန်းကဏ္ဍက ပါ ဝင်ကူညီနေသူတွေကတော့ လိုင်စင်ရဧည့်လမ်းညွှန်တွေ၊ ဒေသခံဧည့်လမ်းညွှန်တွေ ဖြစ်နေပါတယ်။

မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်ဆိုတဲ့ ဆိုရိုးနဲ့ ထင်ရှားတဲ့ ပုဂံမှာတော့ ဘုရား တွေရဲ့ သမိုင်းကြောင်းကို ရေရေလည်လည် ရှင်းလင်းပြောပြနိုင်တဲ့ ကလေးငယ်တွေ ဟာလည်း တထောင့်တနေရာက ပါဝင်နေပါတယ်။

ခုရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘုရားဖူးကားပေါ် ခရီးသွားတွေကို မွန်မွန်ရည်ရည် ရှင်းပြနေတဲ့ သနပ်ခါးနဲ့ ဂိုက်ထ်ကလေးငယ်ကောင်လေးတယောက်ကို တွေ့ရမှာပါ။

ရိုးရှင်းတဲ့ ဒေသသံဝဲဝဲနဲ့ မကြီးတို့၊ အန်တီကြီးတို့၊ ဦးဦးတို့၊ ကိုကြီးတို့က အင်္ဂလိပ် လို ရှင်းပြီးသားကို နားမလည်ရင် မြန်မာလို ဘာသာပြန်ပြပေးမယ်လေဆိုပြီး အစချီပြော ကာ ဘုရားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဖြစ်တဲ့ ရွှေဆံတော်ဘုရားပြိုကျ ပျက်စီးမှုကအစ၊ မနူဟာဘုရင်ဟာ မြန်မာဘုရင်မဟုတ်ဘဲ မွန်ဘုရင်ဖြစ်တယ်ဆိုတာ တွေထိ အင်္ဂလိပ်လို၊ မြန်မာလို သွက်သွက်လက်လက် ရှင်းပြသွားခဲ့တာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဖြိုးဝေထွန်းအမည်နဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အ ကောင့်ပိုင်ရှင်က ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“ကိုယ်ဒေ Amazing Power Travel & Tours ရဲ့ guide လေးတွေက အင်္ဂလိပ်လို ရှင်းတာ ပါဆို”

ရှပ်အင်္ကျီအဖြူရောင်နဲ့ ပုဆိုးလေးကို တွဲဖက်ဝတ်ဆင်ထားပြီး လွယ်အိတ်လေးတ လုံးစလွယ်သိုင်းလွယ်ထားတဲ့ ကလေးငယ်ရဲ့ သွက်လက်ချက်ချာမှုအပေါ် မှတ်ချက်ပေး သူတွေက ချီးကျူးမှတ်ချက်တွေ ပေးနေကြပြီး သဘောကျနေကြတာပါ။

လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

DVB TV News