နေ့ခင်းကြောင်တောင် ကားထဲမှာ ဝုန်းဒိုင်းကျဲနေတဲ့ စုံတွဲ လူမှုကွန်ရက်မှာ နာမည်ကြီးနေ

284

လူမှုကွန်ရက်တစ်ခုပေါ်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာတော့ စုံတွဲတစ်တွဲဟာ လူစည်ကားတဲ့လမ်းဘေးမှာ ကားရပ်ပြီး၊ သူတို့ရဲ့ အာသာဆန္ဒတွေကို တဝုန်းဝုန်းနဲ့ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ကို DailyStar သတင်းမှာ ဖော်ပြထားတာဖြစ်ပြီး၊ ApannPyay က ဘာသာပြန်တင်ဆက်ပေးလိုက်တာပါ။

အဲဒီကားဟာ လုံခြုံရေဝန်ထမ်းတစ်ဦးရဲ့ နေအိမ်ရှေ့တည့်တည့်မှာ ရပ်ပြီး ထင်တိုင်းကျဲနေခဲ့တာပါ။ လမ်းသွားလမ်းလာတွေကလည်း အတော်လေးကို အံ့သြနေခဲ့ကြပြီး၊ ဒီအထဲမှာ ကြည့်ရှုဖို့မသင့်တော်တဲ့အရွယ် ကလေးတွေလည်း ပါဝင်ပါတယ်။

ကားတည့်တည့်ရပ်ထားတဲ့ အိမ်ရဲ့ပိုင်ရှင်ကတော့ တားရန့်စ်တားရစ် (Terrance Terris)ပါ။ သူဟာ ပြီးခဲ့တဲ့သောကြာနေ့က အိမ်ကို ပြန်လာစဉ်မှာ အိမ်ရှေ့တည့်တည့်ရပ်ထားတဲ့ ကားက ဆူညံနေတယ်လို့ ပြောပါတယ်။ ကားထဲက စုံတွဲဟာ ကားနောက်ခန်းမှာ သောင်းကျန်းနေတာပါ။

တားရစ်ဟာ အမေရိကန်၊ ကယ်လီဖိုးနီးယား၊ ဆန်ဒီယေဂိုမှာ နေထိုင်သူပါ။ ကားထဲကစုံတွဲကတော့ အရှက်မရှိ၊ ကားနောက်ခန်းထဲမှာ တံခါးဖွင့်ပြီးတော့ ထင်တိုင်းကျဲနေတာမို့ တားရစ်ဟာ ဖုန်းကိုထုတ်ပြီး ဗွီဒီယိုမှတ်တမ်း ရယူခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရဲက ဘာမှ မထုတ်ပြန်သေးပါဘူး။

နတ်သူကြီး APANNPYAY

Zawgyi ဖြင့်ဖတ်ရန်-





နတ်သူကြီး APANNPYAY