ရေပန်းစားလာတဲ့အံသွားနဲ့ပြုလုပ်ထားတဲ့လက်စွပ်နဲ့ ဆံပင်နဲ့ပြုလုပ်ထားတဲ့လက်ပတ်
88
တစ်စုံတစ်ယောက်ကို အမှတ်တရဖြစ်စေမယ့် လက်ဆောင်ပေးဖို့အတွက် ကိုယ်တိုင်လုပ်ထားတဲ့ပစ္စည်းတွေ၊ ကြိုးစားပြီးစုထားတဲ့ပိုက်ဆံနဲ့လက်ဆောင်ပစ္စည်းတွေဝယ်ယူစုဆောင်းထားတတ်ကျပါတယ်။ အဲ့ဒါအပြင် အခုတလောခေတ်စားလာတာကတော့ အမှတ်တရဖြစ်စေဖို့အတွက်အံသွားကို လက်စွပ်အဖြစ်နဲ့ ပြောင်းလဲကာ လက်ဆောင်ပေးလာကြတာပါပဲ။
သံနဲ့ပြုလုပ်ထားတဲ့ ဒါမှမဟုတ် ကိုယ်သဘောကျရာသတ္တုပစ္စည်းတစ်မျိုးမျိုးနဲ့ပြုလုပ်ထားတဲ့ လက်စွပ်အကွင်းကို ကိုယ်ရဲ့အံသွားမြုပ်ပြီး လက်ဆောင်ပေးလာကြတာဟာ အခုတလောနိုင်ငံတကာကလူမှုကွန်ယက်တွေပေါ်မှာ ရေပန်းစားလာပါတယ်။ အဲ့ဒါအပြင် ဆံပင်နဲ့ပြုလုပ်ထားတဲ့ လက်ပတ်ကြိုးတွေဟာလည်း ချစ်သူတွေကိုအမှတ်တရပေးလို့ကောင်းတဲ့ လက်ဆောင်တစ်ခုအဖြစ် လူငယ်တွေကြားထဲ နာမည်ကြီးလို့နေပါတယ်။ ရွှေငွေ ရတနာတွေထက်စာရင် စျေးသက်သာပြီး နက်နဲတဲ့စိတ်သဘောထားကို ပုံဆောင်တဲ့ဒီလက်ဆောင်တွေဟာ ကျသင့်ငွေက မြန်မာငွေ၅သောင်းထက်လျော့နည်းပါတယ်။
ဆံချည်နဲ့ပြုလုပ်ထားတဲ့လက်ပတ်တွေဆို မြန်မာငွေ ၈ထောင်လောက်သာကျသင့်မှာဖြစ်ပါတယ်။ အံသွားနဲ့လုပ်ထားတဲ့လက်စွပ်တွေကတော့ သွားနှုတ်တဲ့ဆရာဝန်ခတွေအပါအဝင် အံသွားကိုမပျက်စီးအောင်လုပ်ဆောင်ရတဲ့ လက်ခတွေအပြီးအစီးကိုမြန်မာငွေ၅သောင်းဝန်းကျင်ကျသင့်မှာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်သူကို အံသွားလက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းဖူးပေမယ့် အဲ့ဒီတုန်းက သိပ်ပြီးနာမည်မကြီးခဲ့ပဲ ဒီနောက်ပိုင်းမှ နာမည်ကြီးလာတာဖြစ်ပါတယ်။
APANNPYAY ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း မှတ်ချက်ရေးသားခဲ့ပါဦးနော်။
Yenin Phawah-APANNPYAY REFERENCE-Google