စာမလိုက်နိုင်လို့ စာမေးပွဲ(၁၈)ကြိမ်ကျပြီးနောက်မှာ သူလိုချင်တဲ့ဘွဲ့ကို အရယူနိုင်ခဲ့တဲ့ အမျိုးသား
81
စာမေးပွဲတွေကျရှုံးတယ်ဆိုတာဟာ ဘဝကြီးတစ်ခုလုံး ပြန်အဖက်ဆယ်မရတာမဟုတ်တော့ပါဘူးဆိုတာကို သက်သေပြနေတဲ့ အမျိုးသားတစ်ယောက်ပေါ်လာပါပြီ။ ရှေ့နေ့ဘွဲ့ကို (၁၈)ခါတိတိ ဖြေပြီးမှာ အောင်လာသူဖြစ်ပြီး၊ ဇွဲမလျော့ဘဲ မှန်မှန်ကြိုးစားဖြေခဲ့တဲ့ ကျောင်းသားအေကြောင်းကို Apannpyay ကနေ တင်ဆက်လိုက်ပါတယ်။
ဥပဒေကျောင်းက စာတွေဆိုတာ တော်ရုံကျောင်းသာေးတွအတွက် စိတ်ရှုပ်ထွေးဖို့ကောင်းပါတယ်။ စကားလုံးတွေ ဆန်းနေပြီး၊ မှတ်ရတာများတဲ့အတွက်ပါ။ အခုလည်း မလေးရှားနိုင်ငံ UiTM Law က ကျောင်းသား Rafiq ဆိတဲ့ တစ်ယောက်ကလည်း အဲဒီထဲမှာ အပါအဝင်ပါ။ သူ့ကိုယ်သူ စာသိပ်မလိုက်နိုင်တဲ့
ကျောင်းသားလို့ ဝန်ခံထားခဲ့ပြီး၊ ဘွဲ့ရချိန်မှာ အဖြစ်အပျက်လေးကို အခုလို ဝေမျှခဲ့ပါတယ်။ ‘ ကျွန်တော်က ဥပဒေကျောင်းမှာ စာသိပ်မလိုက်နိုင်တဲ့ ကျောင်းသားပါ၊ ကျွန်တော် ဘာပဲဖြေဖြအနည်းဆုံး (၂-၃)ခါလော်ကတော့ ကျတတ်ပါတယ်။ ဒါပေမဲ့ ကျနော်ပိုကျလာလေ၊ ကျွန်တော့်ခေါင်းထဲမှာ စာတွေပိုနားလည်လာလေပါပဲ’
‘ နော်တော့ (၁၁) ကြိမ်တိတိ စာသင်နှစ်ရှိခဲ့ပြီး၊ ကျွန်တော်အရင်က (၁၈)ြိကမ်ကျခဲ့ခါ အခုဆိုရင် ဘွဲ့ရခဲ့ပါပြီဗျာ’ လို့ သူ့ရဲ့ တွစ်တာမှာရေးသားခဲ့ပါတယ်။ (၁၁)ကြိမ်မှာ (၁၈)ကြိမ်ကျရတာက အောင်ပြီးသားတွေဆိုရင် ဖြေစရာမလိုဘဲ မအောင်မချင်းဖြေရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမျိုးသားနဲ့ ပတ်သက်လို့ နာမည်ကြီးနေပြီး
စာမေးပွဲကျတဲ့ ကျောင်းသားလေးတွေဟာ သူ့လောက်အခြေအနေဆိုးမယ့်ပုံလည်း မပေါ်ပါဘူး။ အမျိုးသားကတော့ အခုအချိန်မှာ ရှေ့နေဘွဲ့ရပြီဖြစ်လို့ သူအောင်ချင်တဲ့ ကျောင်းကို အောင်မြင်သွားတာကို Apannpyay ပရိသတ်တွေ စိတ်ဓာတ်မကျဖို့နဲ့ ဝမ်းသားပေးနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။
သူရေး (Apanpyay)
သူရေး (Apanpyay)