အိပ်ရာထနောက်ကျလို့ အလုပ်ချိန်မမီတဲ့အတွက် ထောင် (၁၀)ရက်ကျခဲ့တဲ့ အမျိုးသား

108

ထူးဆန်းတဲ့ ဥပဒေတွေနဲ့ အမေရိန်ကန်နိုင်ငံအကြောင်းကိုတော့ Apannpyay ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ ဥပဒေတွေက ဆန်းကျယ်လှသလို ဘယ်လို အဓိပ္ပာယ်သတ်မှတ်ရမှန်းမသိတာတွေနဲ့ တခါတလေမှာ ဖြစ်တတ်ပါတယ်။ အခုလည်း အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ်ယောက် ကြုံပြန်ပါပြီ။

CBS Miami သတင်းဌာနရဲ့ ဖော်ပြချက်မှာ Somerville ဆိုတဲ့ အမျိုးသားဟာ ဂျူရီအလုပ်ကို အချိန်ပိုင်းဝင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ တရားခွင်တွေမှာ တရားခံ တရားလို ဖက်ကမဟုတ်ဘဲ ဒီအတိုင်း ရုံးမှာ ပြည်သူအကျိုးဆောင်လိုမျိုးနဲ့ တစ်နေကုန် ထိုင်ရာကမထ ထိုင်ပြီး ဆန့်ဆန့်လေး နေပေးရတဲ့အလုပ်ပါ။

ကံဆိုးချင်တော့ ညဖက်မှာအိပ်ရေးပျက်ထားပြီး နောက်နေ့မနက်မှာ အဲဒီအလုပ်ကို ဝင်ရပါတယ်။ ကျောင်းသားလည်းဖြစ်တဲ့အတွက် ပြစ်မှုမှတ်တမ်းလည်း မရှိတဲ့အပေါ် အပိုဝင်ငွေအနေနဲ့ ဝင်လုပ်တာပါ။ (၉)နာရီလော်ကမှာ စထိုင်ရမယ့်အလုပ်ကို (၁၁)နာရီ အရောက်မှာမှ နိုးလာပါတယ်။ နောက်ကျသွားပြီဆိုပြီး၊ တရားရုံးကိုမသွားတော့ဘဲ

အိမ်မှာဘဲနေလိုက်ပါတယ်။ ဖုန်းလည်း မဆက်ခဲ့ပါဘူး။ နောက်ရက်မှာတော့ အဲဒီအပြစ်နဲ့ ပတ်သက်လို့အမှုရင်ဆိုင်ခဲ့ရပြီး၊ အလုပ်ကို မလေးမစားလုပ်မှု၊ တာဝန်ကင်းမဲ့မှုတွေနဲ့အတူ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထောင် (၁၀)ရက် နာရီ (၁၅၀) ကြာ လူမှုအကျိုးပြလုပ်ငန်းတွေ၊ ဒေါ်လာ (၂၂၃) ဒဏ်ကြေးနဲ့ အိပ်ပျော်လွန်တဲ့အပြစ်အတွက်

အမိန့်ချခံခဲ့ရပါတယ်။ အမျိုးသားကတော့ နောင်တရနေပြီဖြစ်ပြီး နောက်တခါအခုလို အဖြစ်မျိုး ဘယ်တော့မှမဖြစ်အောင် သူ့အနေနဲ့ အစွမ်းကုန်နေထိုင်သွားမယ်လို့ သတင်းဌာနကို အာမခံပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ ဥပဒေတွေအစုံရှိနေတဲ့ အမေရိကန်မှာတော့ အိပ်ရာထနောက်ကျတာတွေလည်းခွင့်မလွှတ်ဘူးဆိုတာ Apannpyay ပရိသတ်ကြီး သိလောက်ပြီထင်ပါတယ်။

သူရေး (Apannpyay)

အိပ္ရာထေနာက္က်လို႔ အလုပ္ခ်ိန္မမီတဲ့အတြက္ ေထာင္ (၁၀)ရက္က်ခဲ့တဲ့ အမ်ိဳးသား

ထူးဆန္းတဲ့ ဥပေဒေတြနဲ႔ အေမရိန္ကန္ႏုိင္ငံအေၾကာင္းကိုေတာ့ Apannpyay ပရိသတ္ေတြ သိျပီးသားျဖစ္မွာပါ။ ဥပေဒေတြက ဆန္းက်ယ္လွသလို ဘယ္လို အဓိပၸာယ္သတ္မွတ္ရမွန္းမသိတာေတြနဲ႔ တခါတေလမွာ ျဖစ္တတ္ပါတယ္။ အခုလည္း အသက္ (၂၁)ႏွစ္အရြယ္ အမ်ိဳးသားတစ္ေယာက္ ၾကံဳျပန္ပါျပီ။

CBS Miami သတင္းဌာနရဲ႕ ေဖာ္ျပခ်က္မွာ Somerville ဆိုတဲ့ အမ်ိဳးသားဟာ ဂ်ဴရီအလုပ္ကို အခ်ိန္ပိုင္း၀င္လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ တရားခြင္ေတြမွာ တရားခံ တရားလို ဖက္ကမဟုတ္ဘဲ ဒီအတိုင္း ရံုးမွာ ျပည္သူအက်ိဳးေဆာင္လိုမ်ိဳးနဲ႔ တစ္ေနကုန္ ထုိင္ရာကမထ ထိုင္ျပီး ဆန္႔ဆန္႔ေလး ေနေပးရတဲ့အလုပ္ပါ။

ကံဆိုးခ်င္ေတာ့ ညဖက္မွာအိပ္ေရးပ်က္ထားျပီး ေနာက္ေန႔မနက္မွာ အဲဒီအလုပ္ကို ၀င္ရပါတယ္။ ေက်ာင္းသားလည္းျဖစ္တဲ့အတြက္ ျပစ္မႈမွတ္တမ္းလည္း မရွိတဲ့အေပၚ အပုိ၀င္ေငြအေနနဲ႔ ၀င္လုပ္တာပါ။ (၉)နာရီေလာ္ကမွာ စထိုင္ရမယ့္အလုပ္ကို (၁၁)နာရီ အေရာက္မွာမွ ႏိုးလာပါတယ္။ ေနာက္က်သြားျပီဆိုျပီး၊ တရားရံုးကိုမသြားေတာ့ဘဲ

အိမ္မွာဘဲေနလိုက္ပါတယ္။ ဖုန္းလည္း မဆက္ခဲ့ပါဘူး။ ေနာက္ရက္မွာေတာ့ အဲဒီအျပစ္နဲ႔ ပတ္သက္လို႔အမႈရင္ဆိုင္ခဲ့ရျပီး၊ အလုပ္ကို မေလးမစားလုပ္မႈ၊ တာ၀န္ကင္းမဲ့မႈေတြနဲ႔အတူ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။ ေထာင္ (၁၀)ရက္ နာရီ (၁၅၀) ၾကာ လူမႈအက်ိဳးျပလုပ္ငန္းေတြ၊ ေဒၚလာ (၂၂၃) ဒဏ္ေၾကးနဲ႔ အိပ္ေပ်ာ္လြန္တဲ့အျပစ္အတြက္

အမိန္႔ခ်ခံခဲ့ရပါတယ္။ အမ်ိဳးသားကေတာ့ ေနာင္တရေနျပီျဖစ္ျပီး ေနာက္တခါအခုလို အျဖစ္မ်ိဳး ဘယ္ေတာ့မွမျဖစ္ေအာင္ သူ႕အေနနဲ႔ အစြမ္းကုန္ေနထိုင္သြားမယ္လို႔ သတင္းဌာနကို အာမခံေျပာခဲ့တာကိုလည္း ေတြ႔ရပါတယ္။ ဥပေဒေတြအစံုရွိေနတဲ့ အေမရိကန္မွာေတာ့ အိပ္ရာထေနာက္က်တာေတြလည္းခြင့္မလႊတ္ဘူးဆိုတာ Apannpyay ပရိသတ္ၾကီး သိေလာက္ျပီထင္ပါတယ္။

သူေရး (Apannpyay)