မယားညီအစ်ကိုချင်း အရက်အတူသောက်ရာမှ စကားများပြီး ရိုက်မှုဖြစ်ပွား

148

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ် လက်ပန်ကုန်းကျေးရွာ ကားလမ်းဘေး တွင် ၄ ဦး အရက်အတူထိုင်သောက်ရာမှ မယားညီအကို တော်စပ်သူ ၂ဦး စကားများကာ ခိုက်ရန်ဖြစ်ပြီး ရိုက်မှုဖြစ်ပွားသဖြင့် အရိုက်ခံရသူကို မအူပင်ပြည်သူ့ဆေးရုံ တင်ပို့ထားရကြောင်းသိရသည်။

”၅ ရက်ညပိုင်းက ဖြစ်တာပါ အတူတူ အရက်သောက်ရင်း အချင်းချင်း စကားများပြီးရိုက်မှုဖြစ်တာပါ ဒဏ်ရာရရှိသူကတော့ ဦးခေါင်းအပါအဝင် ဒဏ်ရာလေးချက် လောက်ရပါတယ် အခုမအူပင်ဆေးရုံမှာ တင်ထားပါတယ် စိုးရိမ်စရာတော့မဟုတ် ပါဘူး”ဟု လက်ပန်းကုန်းကျေးရွာမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

မအူပင်မြို့နယ်၊လက်ပန်ကုန်းကျေးရွာ ကားလမ်းဘေးတွင် ၂၀၁၉ခုနှစ် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီအချိန်ခန့်က ဦးမောင်ဇော် အပါအဝင် ဦးအရက်အတူသောက်ရာမှာ ဦးမောင် ဇော်နှင့် မယားညီကို တော်စပ်သူ အရက် ကိစ္စဖြင့်စကားများပြီး ဦးမောင်ဇော်ကို ကျန် ၃ ဦးမှ ဝါးချောင်း၊ သစ်သားချောင်း များဖြင့်ရိုက် သဖြင့် ဦးခေါင်း၊မျက်နှာ၊ နှုတ်ခမ်း၊ လည်ပင်တို့တွင ်ဒဏ်ရာများရရှိကာ မအူပင် ပြည်သူ့ဆေးရုံကို ညတွင်းချင်း တင်ပို့ထား ကြောင်းသိရသည်။

အရက်အတူသောက်ရင်း ဒေသတွင် ခိုက်ရန်ဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက် ်၍ အရိုက်ခံရသည့် ဦးမောင်ဇော်၏ ဇနီးမှ မအူပင်မြို့မ ရဲစခန်းကိုတိုင်ကြား ထားကြောင်းသိရသည်။

မအူပင်မြို့နယ် ဖိုးရာဝဲကျေးရွာတွင် ၂၀၁၉ခုနှစ် စက်တင်ဘာ ၂၅ ရက်ကလည်း ခြံအတွင်း အရက်အတူသောက်ရာမှ စကား များရန်ဖြစ်သဖြင့် ဓားဖြင့်ခုတ်ခခြင်းကြောင့် အမျိုးသား တစ်ဦးသေဆုံးသွား ခဲ့သေးကြောင်း သိရသည်။

ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

မယားညီအစ္ကိုခ်င္း အရက္အတူေသာက္ရာမွ စကားမ်ားၿပီး ရိုက္မႈျဖစ္ပြား

ေအာက္တိုဘာ(၆)AlinnMyay(အလင္းေျမ)

ဧရာဝတီတိုင္းေဒသႀကီး၊မအူပင္ၿမိဳ႕နယ္ လက္ပန္ကုန္းေက်းရြာ ကားလမ္းေဘး တြင္ ၄ ဦး အရက္အတူထိုင္ေသာက္ရာမွ မယားညီအကို ေတာ္စပ္သူ ၂ဦး စကားမ်ားကာ ခိုက္ရန္ျဖစ္ၿပီး ႐ိုက္မႈျဖစ္ပြားသျဖင့္ အ႐ုိက္ခံရသူကို မအူပင္ျပည္သူ႔ေဆး႐ုံ တင္ပို႔ထားရေၾကာင္းသိရသည္။

”၅ ရက္ညပိုင္းက ျဖစ္တာပါ အတူတူ အရက္ေသာက္ရင္း အခ်င္းခ်င္း စကားမ်ားၿပီး႐ိုက္မႈျဖစ္တာပါ ဒဏ္ရာရရွိသူကေတာ့ ဦးေခါင္းအပါအဝင္ ဒဏ္ရာေလးခ်က္ ေလာက္ရပါတယ္ အခုမအူပင္ေဆး႐ုံမွာ တင္ထားပါတယ္ စိုးရိမ္စရာေတာ့မဟုတ္ ပါဘူး”ဟု လက္ပန္းကုန္းေက်းရြာမွ တာဝန္ရွိသူ တစ္ဦးကေျပာသည္။

မအူပင္ၿမိဳ႕နယ္၊လက္ပန္ကုန္းေက်းရြာ ကားလမ္းေဘးတြင္ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာ ၅ ရက္ ည ၁၁ နာရီအခ်ိန္ခန္႔က ဦးေမာင္ေဇာ္ အပါအဝင္ ဦးအရက္အတူေသာက္ရာမွာ ဦးေမာင္ ေဇာ္ႏွင့္ မယားညီကို ေတာ္စပ္သူ အရက္ ကိစၥျဖင့္စကားမ်ားၿပီး ဦးေမာင္ေဇာ္ကို က်န္ ၃ ဦးမွ ဝါးေခ်ာင္း၊ သစ္သားေခ်ာင္း မ်ားျဖင့္႐ိုက္ သျဖင့္ ဦးေခါင္း၊မ်က္ႏွာ၊ ႏႈတ္ခမ္း၊ လည္ပင္တို႔တြင ္ဒဏ္ရာမ်ားရရွိကာ မအူပင္ ျပည္သူ႔ေဆး႐ုံကို ညတြင္းခ်င္း တင္ပို႔ထား ေၾကာင္းသိရသည္။

အရက္အတူေသာက္ရင္း ေဒသတြင္ ခိုက္ရန္ျဖစ္ပြားသည့္ ကိစၥႏွင့္ပတ္သက္ ္၍ အရိုက္ခံရသည့္ ဦးေမာင္ေဇာ္၏ ဇနီးမွ မအူပင္ၿမိဳ႕မ ရဲစခန္းကိုတိုင္ၾကား ထားေၾကာင္းသိရသည္။

မအူပင္ၿမိဳ႕နယ္ ဖိုးရာဝဲေက်းရြာတြင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာ ၂၅ ရက္ကလည္း ၿခံအတြင္း အရက္အတူေသာက္ရာမွ စကား မ်ားရန္ျဖစ္သျဖင့္ ဓားျဖင့္ခုတ္ချခင္းေၾကာင့္ အမ်ဳိးသား တစ္ဦးေသဆုံးသြား ခဲ႔ေသးေၾကာင္း သိရသည္။

ေက်ာ္ေခတ္လင္း #AlinnMyay(အလင္းေျမ)