ကျောင်းဆင်းချိန် ဆရာက တပည့်တယောက်ချင်းစီကို နှုတ်ဆက်သည့်ရုပ်သံ ရေပန်းစား

866

ကျောင်းဆင်းချိန်မှာ ဆရာတဦးက တပည့်တွေနဲ့ တယောက်ချင်း နှုတ်ဆက်နေတဲ့ ဗွီဒီယိုဖိုင်တခုကို တင်ထားပြီး လူကြိုက်များနေပါတယ်။

မုံရွာမြို့၊ သက္ကယ်ကျင်းရွာ အလယ်တန်းကျောင်းမှာ ဖြစ်တယ်လို့ ဒီဗွီဒီယိုကိုတင်ထားတဲ့ ဆရာက ဖော်ပြထားပါတယ်။ဝင်ပေါက်ဘေးမှာ ရေးထားတဲ့ နှုတ်ဆက်ချင်တဲ့ ပုံစံတခုခုကို ကျောင်းသားလေးတွေ ကိုယ်တိုင် ရွေးချယ်ရပြီး သူတို့ရွေးတဲ့ ပုံစံအတိုင်းဆရာနဲ့ နှုတ်ဆက်ပြီး အတန်းထဲက ထွက်ရတာ ဖြစ်ပါတယ်။

နံရံမှာ အသည်းပုံစံ၊ လက်ဝါးပုံစံ၊ လက်ဆွဲနှုတ်ဆက်တဲ့ပုံစံနဲ့ လက်သီးပုံစံ ဆွဲထားပြီး တခုခုကို ကျောင်းသားလေးတွေက ရွေးရပါတယ်။လက်ဝါးပုံစံကို ရွေးရင် ဆရာနဲ့ လက်ဝါးချင်းရိုက်ရပြီး လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံကို ရွေးရင် လက်ဆွဲနှုတ်ဆက်ရပါတယ်။

လက်သီးပုံစံကတော့ ဆရာနဲ့ လက်သီးချင်းတိုက်ရတာ ဖြစ်ပြီး အသည်းပုံစံကို ရွေးရင်တော့ ပွေ့ဖက်နှုတ်ဆက်ရတာပါ။ဒီဗွီဒီယိုကို ကြိုက်နှစ်သက်ကြောင်း ပြထားသူ ထောင်ချီရှိနေသလို ပြန်ပြီး မျှဝေထားသူလည်း ထောင်ချီရှိပါတယ်။

ပြီးတော့ ချစ်စရာကောင်းကြောင်း၊ ဒီလို ဆရာတွေ အများကြီးလိုကြောင်း စတဲ့ မှတ်ချက်တွေကိုလည်း ပေးထားကြပါတယ်။ကျောင်းသားလေးတွေဟာ နှုတ်ဆက်ရတဲ့ ပုံစံကို စိတ်ပါလက်ပါ ရွေးချယ်ကြပြီး ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ကြသလို ပွေ့ဖက်နှုတ်ဆက်တဲ့ ပုံစံကိုလည်း တော်တော်များများ ရွေးချယ်ကြပါတယ်။

DVB Burmese

ေက်ာင္းဆင္းခ်ိန္ ဆရာက တပည့္တေယာက္ခ်င္းစီကို ႏႈတ္ဆက္သည့္႐ုပ္သံ ေရပန္းစား

ေက်ာင္းဆင္းခ်ိန္မွာ ဆရာတဦးက တပည့္ေတြနဲ႔ တေယာက္ခ်င္း ႏႈတ္ဆက္ေနတဲ့ ဗြီဒီယိုဖိုင္တခုကို တင္ထားၿပီး လူႀကိဳက္မ်ားေနပါတယ္။

မုံရြာၿမိဳ႕၊ သကၠယ္က်င္းရြာ အလယ္တန္းေက်ာင္းမွာ ျဖစ္တယ္လို႔ ဒီဗြီဒီယိုကိုတင္ထားတဲ့ ဆရာက ေဖာ္ျပထားပါတယ္။ဝင္ေပါက္ေဘးမွာ ေရးထားတဲ့ ႏႈတ္ဆက္ခ်င္တဲ့ ပုံစံတခုခုကို ေက်ာင္းသားေလးေတြ ကိုယ္တိုင္ ေရြးခ်ယ္ရၿပီး သူတို႔ေရြးတဲ့ ပုံစံအတိုင္းဆရာနဲ႔ ႏႈတ္ဆက္ၿပီး အတန္းထဲက ထြက္ရတာ ျဖစ္ပါတယ္။

နံရံမွာ အသည္းပုံစံ၊ လက္ဝါးပုံစံ၊ လက္ဆြဲႏႈတ္ဆက္တဲ့ပုံစံနဲ႔ လက္သီးပုံစံ ဆြဲထားၿပီး တခုခုကို ေက်ာင္းသားေလးေတြက ေရြးရပါတယ္။လက္ဝါးပုံစံကို ေရြးရင္ ဆရာနဲ႔ လက္ဝါးခ်င္းရိုက္ရၿပီး လက္ဆြဲႏႈတ္ဆက္တဲ့ ပုံစံကို ေရြးရင္ လက္ဆြဲႏႈတ္ဆက္ရပါတယ္။

လက္သီးပုံစံကေတာ့ ဆရာနဲ႔ လက္သီးခ်င္းတိုက္ရတာ ျဖစ္ၿပီး အသည္းပုံစံကို ေရြးရင္ေတာ့ ေပြ႕ဖက္ႏႈတ္ဆက္ရတာပါ။ဒီဗြီဒီယိုကို ႀကိဳက္ႏွစ္သက္ေၾကာင္း ျပထားသူ ေထာင္ခ်ီရွိေနသလို ျပန္ၿပီး မၽွေဝထားသူလည္း ေထာင္ခ်ီရွိပါတယ္။

ၿပီးေတာ့ ခ်စ္စရာေကာင္းေၾကာင္း၊ ဒီလို ဆရာေတြ အမ်ားႀကီးလိုေၾကာင္း စတဲ့ မွတ္ခ်က္ေတြကိုလည္း ေပးထားၾကပါတယ္။ေက်ာင္းသားေလးေတြဟာ ႏႈတ္ဆက္ရတဲ့ ပုံစံကို စိတ္ပါလက္ပါ ေရြးခ်ယ္ၾကၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ႏႈတ္ဆက္ၾကသလို ေပြ႕ဖက္ႏႈတ္ဆက္တဲ့ ပုံစံကိုလည္း ေတာ္ေတာ္မ်ားမ်ား ေရြးခ်ယ္ၾကပါတယ္။

DVB Burmese