(၂)နှစ်ကလေးမလေးကို (၅)နာရီကြာ မသေမချင်းမုဒိမ်းကျင့်သူကို၊ သေဒဏ်အပြစ်ပေး

235

အိန္ဒိယနိုင်ငံက သက်ငယ်မုဒိမ်းသမားတစ်ဦးကိုတော့ တရားရုံးက သေဒဏ်ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပြီလို့ သိရပါတယ်။ အဓမ္မကျင့်ခံရတဲ့ ကလေးမလေးဟာ အသက်(၂)နှစ်သာရှိသေးပြီး၊ ပြန်ပေးစွဲကာ အချိန်(၅)နာရီကြာ ရက်ရက်စက်စက် အဓမ္မကျင့်ခံခဲ့ရတာပါ။

ဒီအဖြစ်အပျက်ဟာ Mirror သတင်းမှာ ဖော်ပြထားတာပါ။ တရားခံအမည်ကိုတော့ Ravi လို့သာ ဖော်ပြထားပြီး Maharashtra ပြည်နယ်၊ Jalna မြို့မှာ (၂၀၁၂) မတ်လက ကလေးမလေးကို အတင်းဖမ်းခေါ်သွားပြီး မသေမချင်း အဓမ္မကျင့်သတ်ခဲ့တာလို့ သိရပါတယ်။

ဒီအမှုကို အိန္ဒိယအမြင့်ဆုံးတရားရုံးက ကိုင်တွယ်စစ်ဆေးခဲ့တာဖြစ်ပြီး၊ တရားခံဘက်က အယူခံအမျိုးမျိုး တင်ခဲ့တာကို ဥပဒေနဲ့အညီ ပယ်ချပြီး သေဒဏ်ကို အတည်ပြုခဲ့တာပါ။ နောက်ဆုံးအယူခံအဖြစ် အိန္ဒိသမ္မတဆီက လွတ်ငြိမ်းခွင့်ကိုသာ စောင့်မျှော်ရတော့မှာ ဖြစ်ပါတယ်။

အခင်းဖြစ်စဉ်ကို ပြန်ကောက်ရရင် လူသတ်မုဒိမ်းတရားခံ Ravi ဟာ ကလေးမလေးကို ခေါ်သွားခဲ့ရာ၊ ကလေးမိသားစုတွေက အချိန်တန်လို့ ပြန်မလာတဲ့အတွက် လူပျောက်တိုင်ကြားခဲ့ပါတယ်။ နာရီပိုင်း တော်တော်ကြာတော့ လမ်းဘေး CCTV အချို့ကနေ တရားခံကို ခြေရာခံနိုင်ခဲ့တာပါ။

Ravi ဟာ သူနေထိုင်ရာ အခန်းကို အတွင်းကနေ အလုံပိတ်ထားပါတယ်။ ရဲတွေက တံခါးတွေကိုဖျက်ပြီး ဝင်ရောက်ခဲ့ရာ နောက်ဆုံး ကလေးမလေးအလောင်းနဲ့အတူ တရားခံကို လက်ပူးလက်ကြပ် ဖမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကလေးမလေးကို ဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်နာရီလောက်ကတည်းက သေနေပါပြီတဲ့။

တရားခံအနေနဲ့ သေဒဏ်ကနေ ကံကောင်းထောက်မစွာ လွတ်ကင်းခွင့် ရလာခဲ့ရင်တောင်၊ သူ့အနေနဲ့ လူ့လောကို ပြန်ပြီး တိုးနိုင်တော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ သူ့ကို ရာသက်ပန်ထောင်ဒဏ် ပူးတွဲချမှတ်ထားတာဖြစ်ပြီး၊ အယူခံဝင်ခွင့် မရှိဘူးလို့လည်း သိရပါတယ်။

နေသူရိန် D Nae Khit Media

(Zawgyi)

(၂)ႏွစ္ကေလးမေလးကို (၅)နာရီၾကာ မေသမခ်င္းမုဒိမ္းက်င့္သူကို၊ ေသဒဏ္အျပစ္ေပး

အိႏၵိယႏုိင္ငံက သက္ငယ္မုဒိမ္းသမားတစ္ဦးကိုေတာ့ တရား႐ုံးက ေသဒဏ္က်ခံေစဖုိ႔ အမိန္႔ခ်မွတ္လုိက္ၿပီလုိ႔ သိရပါတယ္။ အဓမၼက်င့္ခံရတဲ့ ကေလးမေလးဟာ အသက္(၂)ႏွစ္သာရွိေသးၿပီး၊ ျပန္ေပးစြဲကာ အခ်ိန္(၅)နာရီၾကာ ရက္ရက္စက္စက္ အဓမၼက်င့္ခံခဲ့ရတာပါ။

ဒီအျဖစ္အပ်က္ဟာ Mirror သတင္းမွာ ေဖာ္ျပထားတာပါ။ တရားခံအမည္ကိုေတာ့ Ravi လုိ႔သာ ေဖာ္ျပထားၿပီး Maharashtra ျပည္နယ္၊ Jalna ၿမိဳ႕မွာ (၂၀၁၂) မတ္လက ကေလးမေလးကို အတင္းဖမ္းေခၚသြားၿပီး မေသမခ်င္း အဓမၼက်င့္သတ္ခဲ့တာလုိ႔ သိရပါတယ္။

ဒီအမႈကို အိႏၵိယအျမင့္ဆုံးတရား႐ုံးက ကိုင္တြယ္စစ္ေဆးခဲ့တာျဖစ္ၿပီး၊ တရားခံဘက္က အယူခံအမ်ိဳးမ်ိဳး တင္ခဲ့တာကို ဥပေဒနဲ႔အညီ ပယ္ခ်ၿပီး ေသဒဏ္ကို အတည္ျပဳခဲ့တာပါ။ ေနာက္ဆုံးအယူခံအျဖစ္ အိႏၵိသမၼတဆီက လြတ္ၿငိမ္းခြင့္ကိုသာ ေစာင့္ေမွ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။

အခင္းျဖစ္စဥ္ကုိ ျပန္ေကာက္ရရင္ လူသတ္မုဒိမ္းတရားခံ Ravi ဟာ ကေလးမေလးကို ေခၚသြားခဲ့ရာ၊ ကေလးမိသားစုေတြက အခ်ိန္တန္လုိ႔ ျပန္မလာတဲ့အတြက္ လူေပ်ာက္တုိင္ၾကားခဲ့ပါတယ္။ နာရီပုိင္း ေတာ္ေတာ္ၾကာေတာ့ လမ္းေဘး CCTV အခ်ိဳ႕ကေန တရားခံကို ေျခရာခံႏုိင္ခဲ့တာပါ။

Ravi ဟာ သူေနထုိင္ရာ အခန္းကို အတြင္းကေန အလုံပိတ္ထားပါတယ္။ ရဲေတြက တံခါးေတြကုိဖ်က္ၿပီး ဝင္ေရာက္ခဲ့ရာ ေနာက္ဆုံး ကေလးမေလးအေလာင္းနဲ႔အတူ တရားခံကို လက္ပူးလက္ၾကပ္ ဖမ္းႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ကေလးမေလးကို ေဆး႐ုံအျမန္ပုိ႔ေပးခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ႏွစ္နာရီေလာက္ကတည္းက ေသေနပါၿပီတဲ့။

တရားခံအေနနဲ႔ ေသဒဏ္ကေန ကံေကာင္းေထာက္မစြာ လြတ္ကင္းခြင့္ ရလာခဲ့ရင္ေတာင္၊ သူ႕အေနနဲ႔ လူ႕ေလာကုိ ျပန္ၿပီး တုိးႏုိင္ေတာ့မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူ႕ကို ရာသက္ပန္ေထာင္ဒဏ္ ပူးတြဲခ်မွတ္ထားတာျဖစ္ၿပီး၊ အယူခံဝင္ခြင့္ မရွိဘူးလုိ႔လည္း သိရပါတယ္။

ေနသူရိန္ D Nae Khit Media