အဆိုတော် ဖြိုးပြည့်စုံ ဆေးမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ (ရုပ်သံ)

258

ပြည်ထဲရေးကပါ အတည်ပြုထားတဲ့ သတင်းအရ အဆိုတော် ဖြိုးပြည့်စုံ မူးယစ်မှုဖြင့် ရန်ကုန်မြို့က မြန်မာပလာဇာမှာ အဖမ်းခံရတယ်လို့ သိရှိရပါတယ်။

အနုပညာရှင် အဆိုတော်ဖြစ်တာကြောင့် ဝမ်းနည်းနေရသူ ဖြိုးပြည့်စုံရဲ့ ဂီတပရိသတ်များလည်း ရင်နင့်စရာဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဖြိုးပြည့်စုံ ဆေးမှုနဲ့ ထိန်းသိမ်းခံထားရတာဟာ ဗီဒီယိုဖိုင် သက်သေနဲ့တကွ ဖေ့စ်ဘွတ်ခ် ပေါ်မှာ တက်လာခဲ့တာဖြစ်ပြီး မြန်မာပလာဇာက Gloria Jean’s ဆိုင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့ အမာခံပရိသတ်တွေကြား ဝမ်းနည်းအတိဖြစ်စေခဲ့တဲ့ သတင်းတပုဒ်ဖြစ်ခဲ့ပြီး အားပေးတဲ့ ပရိသတ်တွေ တဖွဖွ နှမြောတသ ဖြစ်နေကြရတာပါ။ ဖြိုးပြည့်စုံနဲ့အတူ အခြား ၂ ဦးပါ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့လည်း တဆက်တည်း သိရှိရပါတယ်။

EFIL #AlinnMyay(အလင်းမြေ)

(zawgyi)


အောက်တိုဘာ (၇)AlinnMyay(အလင်းမြေ)




