လေးစားအားကျပြီး ပီတိဖြစ် သာဓုခေါ်စရာ သဒ္ဒါတရားပိုင်ရှင်များ

125

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ထိန်ကန်ကျေးရွာ ရွာဦး ဘုရားဝန်းအတွင်းမှ ၂၀၁၉ ခုနှစ် သြဂုတ်လ(၁၆) ရက်နေ့ မနက်ပိုင်းတွင် မိုးရွာသွန်းမှုဒဏ်ကြောင့် ရှေးဟောင်းစေတီတော် တစ်ဆူဖြစ်သော လာဘသိဒ္ဓိအောင်ရွှေထိန် စေတီတော်မြတ်သည် ပြိုကျပျက်စီးပြီး ယခုအခါအတွင် ပြန်လည်ပြုပြင်နိုင်ရန်အတွက် ရွာဦးကျောင်း ဆရာတော်မှ ဦးဆောင် ဦးရွက်ပြုကာ ကျေးရွာနေ ရွာသူ ရွာသားများနှင့် မြို့နေ ရွာသူရွာသားများအား သဒ္ဒါတရား နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြရန် နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဆရာတော်ဘုရား၏ နှိုးဆော်ချက်ဖြင့် အဆိုပါ ဟောင်းနွမ်းပျက်စီးနေသော ရှေးဟောင်းစေတီတော် တစ်ဆူဖြစ်တဲ့ လာဘသိဒ္ဓိအောင်ရွှေထိန် စေတီတော်မြတ်ကြီးအား အသစ်တဖန် ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် ကျေးရွာသူ ကျေးရွာသားများရဲ့ အံ့မခန်းတဲ့ စေတနာ သဒ္ဒါတရားတို့ကို တွေ့မြင်ခဲ့ရသည်။

စေတီတော်ကြီး အသစ်တဖန်ပြန်လည် ပြုပြင်ရန်အတွက် ကျေးရွာသူကျေးရွာသားများသည် မိမိတို့ ပိုင်ဆိုင်ထားရှိသော ရွှေ၊ ငွေ နှင့် လက်ဝတ်ရတနာများအား ချွတ်ကာ သဒ္ဒါတရား အပြည့်ဖြင့် လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ယခုလက်ရှိအချိန်အထိ လာရောက်လှူဒါန်းထားကြသော အလှူရှင်များမှ ၅၉ မျိုးသော လက်ဝတ်ရတနားများအား အံ့မခန်းမြင်တွေ့ရသည်။

#AlinnMyay(အလင်းမြေ)

(Zawgyi)


အောက်တိုဘာ(၇)AlinnMyay(အလင်းမြေ)




#AlinnMyay(အလင်းမြေ)