ဆေးမကုနိုင်လို့ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရရှာတဲ့ (၅)နှစ်အရွယ် သနားစရာကလေး..

70

၅ နှစ်အရွယ် ကလေးငယ်တစ်ဦးမှ ဝမ်းဗိုက်မှ အလုံးကြီးသည်တစ်ရက် တစ်ခြားကြီးလာကာ ကျောက်ကပ်ရောဂါ ခံစားနေရသဖြင့် ဆေးကုသမှုခံယူရန် အတွက် အကူအညီများလိုအပ်လျှက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့ နယ် ၆ ရပ်ကွက်မှ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးမှ ဝမ်းဗိုက်မှ အလုံးကြီးသည်တစ်ရက် တစ်ခြားကြီးလာကာ ကျောက်ကပ်ရောဂါ ခံစားနေရသဖြင့် ဆေးကုသမှုခံယူရန် အတွက် အကူအညီများလိုအပ်လျှက်ရှိ ကြောင်းကလေး၏ မိဘများထံမှ သိရသည်။

ကလေးငယ်မှာ ဦးနေလင်းအောင်နှင့် ဒေါ်သွယ်သွယ်တို့၏ သမီးဖြစ်ပြီး ရောဂါ ဒဏ်ကြောင့် ကလေး၏ ဗိုက်မှအလုံးကြီးသည် တစ်ရက် တစ်ခြားပိုမိုကြီးလာ သလို ဆီအရောင်မှလည်း အဖြူရောင် တွေဖြစ်နေ ကြောင်းသိရသည်။

”ဆေးကုသမှုခံယူဖို့ ငွေကြေးမတတ်နိုင် တာပါ ဒါ့ကြောင့်ကလေးက ရောဂါရဲ့ဒဏ်ကို တစ်ရက်တစ်ခြားခံနေ ရပါတယ် အခုတော့ မအိပ်နိုင်တဲ့ အခြေ အနေဖြစ်လာပါတယ် ရေရှည်ဆေးကုသ မှုခံယူဖို့အတွက်မပြောနဲ့ ဆေးခန်းပြဖို့ တောင်ခက်ခဲနေပါတယ် မနေ့ကတော့ ဒေသက အလှူရှင်တစ်ယောက်က အကူအညီပေးလို့ဆေးရုံကို သွားပါတယ် သွေးနှစ်လုံးသွင်းထားရပါတယ် ကျွန်တော်တို့က တစ်ရက်လုပ် တစ်ရက် စားသမားတွေပါ”ဟု ကလေးငယ်၏ ဖခင် ဦးနေလင်းအောင်ကပြောသည်။

အဆိုပါ ကလေးငယ်၏ မိဘများမှ တစ်ရက်လုပ် တစ်ရက်စားသမားများဖြစ် ပြီး လက်ရှိတွင် ညောင်တုန်းဒေသခံ တစ်ဦး၏ အကူအညီဖြင့် ညောင်တုန်းဆေးရုံကို တစ်ကြိမ်သာ ပြသဖူးထားကြောင်း မိဘများနှင့် ကူညီပေးနေသူထံမှသိရသည်။

”ဟုတ်ပါတယ် မနေ့က သွေး ၂ ပုလင်း သွင်းထားရပါတယ် ဆေးရုံကိုလည်း ကားနဲ့ပို့ပေးခဲ့ပါတယ် ဆေးဖိုး ဝါးခလည်း ကူညီပေးခဲ့ပါတယ် ကလေးကဖြစ်နေ တာကြာပါပြီ ငွေကြေးမတတ်နိုင်တော့ ကြိတ်ခံနေရတာပါ အဓိက လိုအပ်တာ ကတော့ ငွေကြေးပေါ့ဗျ ရေရှည် ကုသမှုခံယူရမယ့် အခြေအနေ ဖြစ်ပါတယ်”ဟု ၎င်းကလေးငယ်အား ကူညီပေးနေသူ တစ်ဦးကပြောသည်။

အဆိုပါကလေးကယ်ကို ဆေးကုသရန် အတွက် ငွေကြေးမတတ်နိုင်သဖြင့် ရောဂါခံစားနေရသည်မှာ တစ်နှစ်ခန့် လောက်အထိရှိနေပြီး ကျန်ခဲ့သည့် လမှစ၍ရောဂါပိုမိုအခြေအနေဆိုး လာကြောင်းသိရသည်။

ဦးနေလင်းအာင်နှင့် ဒေါ်သွယ်သွယ်တို့ တွင်ကလေး စုစုပေါင်း ၃ ယောက်ရှိပြီး တတိယမြောက်သမီး မရွှန်လဲ့အောင်ဖြစ် ဖြစ်ကြောင်း သိရသည်။

ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

ဒီကလေးလေးအတွက် ကူညီ လှူဒါန်းလိုတဲ့ စေတနာရှင် အလှူရှင်များ AlinnMyay ဖေ့ဘုတ်ပေ့ မက်စေ့တွင် ဆက်သွယ်ပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

(Zawgyi)

ဒီကေလးေလးအတြက္ ကူညီ လွဴဒါန္းလိုတဲ့ ေစတနာရွင္ အလွဴရွင္မ်ား AlinnMyay ေဖ့ဘုတ္ေပ့ မက္ေစ့တြင္ ဆက္သြယ္ေပးၾကပါရန္ ေလးစားစြာ အသိေပးအပ္ပါသည္။

၅ ႏွစ္အရြယ္ ကေလးငယ္တစ္ဦးမွ ဝမ္းဗိုက္မွ အလုံးႀကီးသည္တစ္ရက္ တစ္ျခားႀကီးလာကာ ေက်ာက္ကပ္ေရာဂါ ခံစားေနရသျဖင့္ ေဆးကုသမႈခံယူရန္ အတြက္ အကူအညီမ်ားလိုအပ္လွ်က္႐ွိ

ေအာက္တိုဘာ(၇)AlinnMyay(အလင္းေျမ)

ဧရာဝတီတိုင္းေဒသႀကီး၊ေညာင္တုန္းၿမိဳ႕ နယ္ ၆ ရပ္ကြက္မွ အသက္ ၅ ႏွစ္အရြယ္ ကေလးငယ္တစ္ဦးမွ ဝမ္းဗိုက္မွ အလုံးႀကီးသည္တစ္ရက္ တစ္ျခားႀကီးလာကာ ေက်ာက္ကပ္ေရာဂါ ခံစားေနရသျဖင့္ ေဆးကုသမႈခံယူရန္ အတြက္ အကူအညီမ်ားလိုအပ္လွ်က္႐ွိ ေၾကာင္းကေလး၏ မိဘမ်ားထံမွ သိရသည္။

ကေလးငယ္မွာ ဦးေနလင္းေအာင္ႏွင့္ ေဒၚသြယ္သြယ္တို႔၏ သမီးျဖစ္ၿပီး ေရာဂါ ဒဏ္ေၾကာင့္ ကေလး၏ ဗိုက္မွအလုံးႀကီးသည္ တစ္ရက္ တစ္ျခားပိုမိုႀကီးလာ သလို ဆီအေရာင္မွလည္း အျဖဴေရာင္ ေတြျဖစ္ေန ေၾကာင္းသိရသည္။

”ေဆးကုသမႈခံယူဖို႔ ေငြေၾကးမတတ္ႏိုင္ တာပါ ဒါ့ေၾကာင့္ကေလးက ေရာဂါရဲ႕ဒဏ္ကို တစ္ရက္တစ္ျခားခံေန ရပါတယ္ အခုေတာ့ မအိပ္ႏိုင္တဲ႔ အေျခ အေနျဖစ္လာပါတယ္ ေရရွည္ေဆးကုသ မႈခံယူဖို႔အတြက္မေျပာနဲ႔ ေဆးခန္းျပဖို႔ ေတာင္ခက္ခဲေနပါတယ္ မေန႔ကေတာ့ ေဒသက အလွဴ႐ွင္တစ္ေယာက္က အကူအညီေပးလို႔ေဆး႐ံုကို သြားပါတယ္ ေသြးႏွစ္လုံးသြင္းထားရပါတယ္ ကြ်န္ေတာ္တို႔က တစ္ရက္လုပ္ တစ္ရက္ စားသမားေတြပါ”ဟု ကေလးငယ္၏ ဖခင္ ဦးေနလင္းေအာင္ကေျပာသည္။

အဆိုပါ ကေလးငယ္၏ မိဘမ်ားမွ တစ္ရက္လုပ္ တစ္ရက္စားသမားမ်ားျဖစ္ ၿပီး လက္႐ွိတြင္ ေညာင္တုန္းေဒသခံ တစ္ဦး၏ အကူအညီျဖင့္ ေညာင္တုန္းေဆး႐ုံကို တစ္ႀကိမ္သာ ျပသဖူးထားေၾကာင္း မိဘမ်ားႏွင့္ ကူညီေပးေနသူထံမွသိရသည္။

”ဟုတ္ပါတယ္ မေန႔က ေသြး ၂ ပုလင္း သြင္းထားရပါတယ္ ေဆး႐ုံကိုလည္း ကားနဲ႔ပို႔ေပးခဲ႔ပါတယ္ ေဆးဖိုး ဝါးခလည္း ကူညီေပးခဲ႔ပါတယ္ ကေလးကျဖစ္ေန တာၾကာပါၿပီ ေငြေၾကးမတတ္ႏိုင္ေတာ့ ႀကိတ္ခံေနရတာပါ အဓိက လိုအပ္တာ ကေတာ့ ေငြေၾကးေပါ့ဗ် ေရရွည္ ကုသမႈခံယူရမယ့္ အေျခအေန ျဖစ္ပါတယ္”ဟု ၎ကေလးငယ္အား ကူညီေပးေနသူ တစ္ဦးကေျပာသည္။

အဆိုပါကေလးကယ္ကို ေဆးကုသရန္ အတြက္ ေငြေၾကးမတတ္ႏိုင္သျဖင့္ ေရာဂါခံစားေနရသည္မွာ တစ္ႏွစ္ခန္႔ ေလာက္အထိ႐ွိေနၿပီး က်န္ခဲ႔သည့္ လမွစ၍ေရာဂါပိုမိုအေျခအေနဆိုး လာေၾကာင္းသိရသည္။

ဦးေနလင္းအာင္ႏွင့္ ေဒၚသြယ္သြယ္တို႔ တြင္ကေလး စုစုေပါင္း ၃ ေယာက္႐ွိၿပီး တတိယေျမာက္သမီး မရႊန္လဲ႔ေအာင္ျဖစ္ ျဖစ္ေၾကာင္း သိရသည္။

ေက်ာ္ေခတ္လင္း #AlinnMyay(အလင္းေျမ)