သူ့လောက် လိမ္မာတဲ့ အဆိုတော် မရှိသေးဘူး

104

သူ့လောက်လိမ္မာတဲ့ အဆိုတော် မရှိသေးဘူးလို့ အဆိုတော် ဖြိုးပြည့်စုံဘက်ကနေ ဂီတလောကသားများ ဝိုင်းဝန်းရပ်တည်နေ

မနေ့က နိုင်ငံကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံ ဆေးမှုနဲ့ ထိန်းသိမ်းခံရတဲ့ အခင်းဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက် အပေါ် မှာ ဝေဖန်ချက်အမျိုးမျိုး ခန့်မှန်းချက်အမျိုးမျိုး နဲ့ ကောက်ချက်အမျိုးမျိုး ထွက် ပေါ်လာစေခဲ့ပြီး ဒီဖြစ်ရပ်ဟာ အာရုံစိုက်ခြင်းခံနေရတာ ဖြစ်ပါတယ်။

အဆိုတော် ဖြိုးပြည့်စုံ ကို ချစ်ခင်အားပေးကြတဲ့ အမာခံပရိသတ်တွေကြား မယုံကြည်နိင်ဖွယ်ရာ ဖြစ်စဥ်အဖြစ် ရိုက်ခတ်သွားစေခဲ့ပြီး ဂီတလောကသားတွေရဲ့ အမြင်တွေကိုလည်း ကြားသိလာခဲ့ရသလို ဂီတလောကတွင်းမှာပါ မချိတင်ကဲ လှုပ်ခတ်သွားစေခဲ့ပါတယ်။

ဒီဖြစ်ရပ် အပေါ် အဆိုတော် အိမ့်ချစ်က ဖြိုးပြည့်စုံဆီမှာ တွေ့ရတဲ့ ထိုင်းနိုင်ငံက ဆေးပြားဆိုတာနဲ့ ပတ်သတ်ပြီး Playmore ဆိုတာ ထိုင်းနိုင်ငံက စတိုးဆိုင်တိုင်းမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ ပူရှိန်းသကြားလုံးသာဖြစ်ကြောင်း၊ စားသုံးသူများလို့ အွန်လိုင်းရှော့ပင်တွေမှာတောင် ရောင်းတဲ့ သကြားလုံးတွေသာ ဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါမှာ ရေးသားသွားခဲ့တာပြီး ” ကိုကြီးရေ ကိုကြီး ဘယ်လောက်လိမ္မာလဲဆိုတာ ညီမလေးတို့ အသိဆုံးပါ။ အမှန်အတိုင်းဖြစ်လာဖို့ ဆုတောင်းနေပါတယ်” လို့ ပြော ပြ​ ပြီး ဖြိုးပြည့်စုံ ရဲ့ အကျင့်စာရိတ္တဘက်ကနေ ရပ်တည် သွားခဲ့တာပါ။

ဒါ့အပြင် နိုင်ငံကျော် အဆိုတော် လင်းနစ်ရဲ့ ပို့စ်တခုကိုလည်း တွေ့ရှိခဲ့ရပါသေးတယ် ApannPyay ချစ်ပရိသတ်ကြီးတို့ရေ။ အဲ့ဒီ ပို့စ်လေးကတော့ ”ကိုဖြိုးကိစ္စကို ဘာလို့အကဲဆတ်ဝိုင်းပြောနေကြလဲဆိုတော့ ဂီတလောကကလူတွေ သူ့အကြောင်းသိကြလို့ပေါ့။ ဘယ်လိုမှမဖြစ်နိုင်တဲ့သူလို့ အားလုံးယုံကြလို့ပေါ့ ။ အဲ့လောက်ဆိုခင်ဗျားတို့တွေးပေါ့ ​။ ကျနော်မြင်ဖူးသမျှထဲတော့ သူ့လောက်လိမ္မာတဲ့အဆိုတော်မရှိသေးဘူး တစ်ခုခုဆိုလည်း သူ့ကိုပဲယုံကြမှာ ခင်ဗျားတို့ကိုယုံမှာမဟုတ်ဘူး” ဆိုတဲ့ ပို့စ်လေးပါပဲ။ ဒါ့အ​ပြင် သူကိုယ်တိုင်ပဲ ” မသုံးကိုမသုံးလောက်ဘူးဗျာ အဲ့လောက်ကိုပြောလို့ရတဲ့လူမျိုး မယုံရင်လောကထဲဘယ်သူမေးမေး အဲ့အတိုင်းဖြေမှာ အဲ့လိုကောင်မို့ ပိုအသည်းယားတာ ” လို့ ဖြိုးပြည့်စုံရဲ့ ထိန်းသိမ်းခံရမှု အတွက် မချိတင်ကဲ ရေးသားထားတဲ့ ကွန်မန့်ကိုလည်း တွေ့ခဲ့ရတာပါ။

“ကိုဖြိုး မို့ကို မဟုတ်နိုင်ဘူးဆိုတာပြောကြတာ”

“အစ်မလည်း မနေ့ညက သိလိုက်ကထဲက စိတ်မကောင်းနေတာ.. မဖြစ်နိုင်ဖူး ဆိုတာ သိနေတယ်”

“သူ့ကိုကြည့်ရတာ အောင်မြင်မှုကိုတန်ဖိူးထားမယ့်ပုံစံမျိူး သေချာပေါက်မဖြစ်နိုင်ဘူးပဲထင်မိတယ်”

“ကျွန်တော့်ဂျူနီယာလေးပါ ကျောင်းမှာတည်းက အေးဆေးသမားပါပဲ ဆေးလိပ်အရက်ရှောင်တဲ့ကောင်”

“သူ့လောက်ကျန်းမာရေးလိုက်စားပြီး ကိုယ့်ကိုယ်ကောင်းအောင်နေတတ်တဲ့သူ play more ဆိုတော့ပိုသေချာသွား ဒီချိုချဉ်ကိုမှဂမူးယစ်ဆေးပြားဆိုပီးဖမ်းရတယ်လို့”

“သူ သုံးသလား မသုံးသလား ဆိုတာတော့ မသိဘူး ဆေးစစ်ရင်တော့ပေါ်မှာပေါ့ဗျာ။ အခုကိစ္စကသူ့စီက မိတာ မဟုတ် အတူထိုင်တဲ့ သူစီက မိတာပြောတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးသုံးသူ နဲ့ ထိုင်နေလို့ ဖြစ်တာ လို့ယူဆနိုင်ပါတယ်။ အပေါင်းအသင်း ဆိုတာ အရေးကြီးတယ် လို့ သဘောပေါက်သွားခဲ့ ရပါပြီ” အစရှိတဲ့ သူ့ရဲ့မိတ်ဆွေတွေ နဲ့ သူနဲ့နီးစပ်သူ အသိုင်းအဝိုင်းက အကြောင်းသိရင်းနှီးသူတွေရဲ့ ကွန်မန့်တွေအရလည်း ဖြိုးပြည့်စုံဘက်က ရပ်တည်ပြီး အမှန်တရားကို အမြန် ပေါ်လွင်စေသူတွေ များပြားစွာရှိနေကြောင်း သိခဲ့ရပါတယ်။

ဒါ့အပြင် နားလည်တတ်ကျွမ်းသူတွေရဲ့အဆိုအရ ”ဆီးစစ်လို့ ပေါ်ရင်တောင် ဆေးသုံးမှုနဲ့ အမှုဆင် ထောင်ချမရပါ ၊ အခုက ဥပဒေပြောင်းလိုက်ပါပြီ ၊ ဆေးသုံးယုံပဲဆို ထောင်မချပါ ၊ ဆေးဖြတ်ခိုင်းပြီး ဆေးကုသမှုခံယူ လူမှုရေးပြစ်ဒဏ်အတွက် လုပ်အားပေးယုံပါပဲ ။ လက်ဝယ်တွေ့တဲ့အမှုကပဲ အ‌‌ရေးကြီးတာပါ ၊ သုံးတယ်လို့ တွေ့တာက ဥပဒေကြောင်းအရ ပြဿနာသိပ်မရှိပါ” လို့ သိခဲ့ရပါတယ်။

EFIL-APANNPYAY

Source. Linnith FB. Eaint Chit FB