ရင်သားတွေကို စုတ်တံသဖွယ်အသုံးပြုပြီး ဘုရင်မကြီးပုံဆွဲခဲ့တဲ့ အမျိုးသမီး ဝေဖန်မှုတွေခံနေရ

187

ဘီလာရုနိုင်ငံ၊ မင့်ဆ်ခ်မှာ နေထိုင်တဲ့ နာဒီယာမက်တီဗက်စကီ (Nadia Matievskay)လို့ အမည်ရတဲ့ ပန်းချီဆရာမတစ်ဦးဟာ ယူကေတစ်လွှား အလေးမြတ်ထားတဲ့ ဘုရင်မကြီးအယ်လီဇဘတ်ရဲ့ပုံကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် နာဒီယာဟာ စုတ်တံအဖြစ် ရင်သားတွေကို အသုုံးပြုခဲ့တာလို့ The Sun က ဆိုပါတယ်။

နာဒီယာဟာ ပန်းချီဆွဲတဲ့အခါတိုင်း ရင်သားကို စုတ်တံပြုလုပ် ရေးဆွဲတာဖြစ်ပြီး၊ လက်ရာမြောက်တဲ့ ရှုခင်းတွေ၊ လူတွေရဲ့ ကိုယ်လုံးပေါ်ပုံတွေကို ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ ဖော်ကျူးခဲ့ရာ၊ အများက ချီးကျူးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ သူမကို ချီးကျူးသံထက် ဝေဖန်သူက ပိုများနေပါတယ်။

ယူကေတလွှားမှာ အထွတ်အမြတ်ထားတဲ့ ဘုရင်မကြီးရဲ့ပုံကို တစ်ခြားနည်းလမ်းနဲ့ ဖော်ပြလို့ ရရဲ့သားနဲ့ အခုလို လုပ်တာ မကောင်းဘူးလို့ ဝေဖန်နေကြတာပါ။ အသက်(၂၁)အရွယ် နာဒီယာကတော့ သူမကို ဘယ်လိုပဲဝေဖန်နေပေမယ့်၊ အခု ထွက်ပေါ်လာတဲ့ ရလဒ်ကို မြတ်နိုးတယ်လို့ ပြောပါတယ်။

နောက်ပြီး ခေတ်မီပြီး ယဉ်ကျေးမှုရှိတဲ့နိုင်ငံတွေတောင် ရင်သားကို ရိုင်းပြတဲ့အရာလို့ မြင်နေသေးတာကိုသာ အံ့သြမိကြောင်းနဲ့၊ သူတို့ဟာ ဘယ်လောက်ပဲ ယဉ်ကျေးယောင်ဆောင်နေကြပါစေ၊ အနုပညာကိုအနုပညာလို့ မမြင်တဲ့ အရိုင်းစိတ်တွေသာ ပိုင်ဆိုင်ထားသူတွေလို့ ပြန်လည်တုံပြန်လိုက်ပါတယ်။

နတ်သူကြီး-ApannPyay

Zawgyi ျဖင့္ဖတ္ရန္-

ဘီလာ႐ုႏုိင္ငံ၊ မင့္ဆ္ခ္မွာ ေနထုိင္တဲ့ နာဒီယာမက္တီဗက္စကီ (Nadia Matievskay)လုိ႔ အမည္ရတဲ့ ပန္းခ်ီဆရာမတစ္ဦးဟာ ယူေကတစ္လႊား အေလးျမတ္ထားတဲ့ ဘုရင္မႀကီးအယ္လီဇဘတ္ရဲ႕ပုံကို ေရးဆြဲခဲ့ပါတယ္။ ဒါေပမယ့္ နာဒီယာဟာ စုတ္တံအျဖစ္ ရင္သားေတြကုိ အသုုံးျပဳခဲ့တာလုိ႔ The Sun က ဆုိပါတယ္။

နာဒီယာဟာ ပန္းခ်ီဆြဲတဲ့အခါတုိင္း ရင္သားကို စုတ္တံျပဳလုပ္ ေရးဆြဲတာျဖစ္ၿပီး၊ လက္ရာေျမာက္တဲ့ ႐ႈခင္းေတြ၊ လူေတြရဲ႕ ကိုယ္လုံးေပၚပုံေတြကုိ ခပ္ၾကမ္းၾကမ္းစုတ္ခ်က္ေတြနဲ႔ ေဖာ္က်ဴးခဲ့ရာ၊ အမ်ားက ခ်ီးက်ဴးခံခဲ့ရပါတယ္။ ဒါေပမယ့္ ဒီတစ္ခါမွာေတာ့ သူမကို ခ်ီးက်ဴးသံထက္ ေဝဖန္သူက ပုိမ်ားေနပါတယ္။

ယူေကတလႊားမွာ အထြတ္အျမတ္ထားတဲ့ ဘုရင္မႀကီးရဲ႕ပုံကို တစ္ျခားနည္းလမ္းနဲ႔ ေဖာ္ျပလုိ႔ ရရဲ႕သားနဲ႔ အခုလုိ လုပ္တာ မေကာင္းဘူးလုိ႔ ေဝဖန္ေနၾကတာပါ။ အသက္(၂၁)အရြယ္ နာဒီယာကေတာ့ သူမကုိ ဘယ္လုိပဲေဝဖန္ေနေပမယ့္၊ အခု ထြက္ေပၚလာတဲ့ ရလဒ္ကို ျမတ္ႏုိးတယ္လုိ႔ ေျပာပါတယ္။

ေနာက္ၿပီး ေခတ္မီၿပီး ယဥ္ေက်းမႈရွိတဲ့ႏုိင္ငံေတြေတာင္ ရင္သားကို ႐ုိင္းျပတဲ့အရာလုိ႔ ျမင္ေနေသးတာကိုသာ အံ့ၾသမိေၾကာင္းနဲ႔၊ သူတုိ႔ဟာ ဘယ္ေလာက္ပဲ ယဥ္ေက်းေယာင္ေဆာင္ေနၾကပါေစ၊ အႏုပညာကုိအႏုပညာလုိ႔ မျမင္တဲ့ အ႐ုိင္းစိတ္ေတြသာ ပုိင္ဆုိင္ထားသူေတြလုိ႔ ျပန္လည္တုံျပန္လုိက္ပါတယ္။

နတ္သူႀကီး-ApannPyay