စွန့်ပစ်ခံရတဲ့ လမစေ့ ကလေး လူ့ပြည်မှာ ၉ ရက်သာ နေခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်

67

စွန့်ပစ်ခံရတဲ့ လ့မစေ့ ကလေး လူ့ပြည်မှာ ၉ ရက်သာ နေခဲ့ရ

ကလေးမြို့ အေးရိပ်မွန် ပရဟိတအဖွဲ့က ကိုတင်ထွန်းဦးတင်ထားတဲ့ ပို့စ်တခုကို လွန်ခဲ့တဲ့ နာရီိပိုင်းလေးအတွင်းကပဲ တွေ့ခဲ့ရပြီး အင်မတန်ရင်နာစရာကောင်းခဲ့တဲ့ အဖြစ်ပါ။

ကလေးမြို့မှာ ပရဟိတအလုပ်တွေနဲ့ အများအကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိုတင်ထွန်းဦးဟာ ”အားနည်းသူကို ကူညီပါ။ ကိုယ်ချင်းစာတရားထားပါ။ မကောင်းမှုပြုလုပ်ချင်သော စိတ်ကို နိုင်အောင်ထိန်းပါ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မိဘမဲ့ ကလေးငယ်တွေအတွက်ပါ သာမက သက်ကြီးရွယ်အိုဘိုးဘွားတွေပါ ပရဟိတအကျိုးဆောင်ရွက်​ပေးနေသူတစ်ဦး ဖြစ်ပါတယ်။

ကို တင်ထွန့်းဦးရဲ့ Ka Pho Tin ဖေ့စ်ဘွတ်ခ် အကောင့်မှာ မျှဝေတင်ပြခဲ့တဲ့ သတင်းဖြစ်စဥ်ကတော့ ဒီလိုပါ။

လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းက ရှာဖွေတွေ့ရှိခဲ့တဲ့ မွေးကင်းစ စွန့်ပစ်ကလေးတဦးကို ဆေးရုံတင်ပြီး ပြုစုစောင့်ရှောက်ခဲ့ပေမဲ့ ဝမ်းနည်းစရာအဖြစ်ဆိုးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး မွေးစကလေးငယ်ဟာ ပေါင်မပြည့် လမစေ့ ကလေးဖြစ်တာကြောင့် လူ့ပြည်မှာ ကိုးရက်သာ အသက်ရှင်ခဲ့ရကာ အမိမဲ့ အဖမဲ့ဘဝနဲ့ ကလေး သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ကလေးအထူးဆရာ၀န်ကြီးများက အထူးကြပ်မတ်ကုသခန်းမှာ ဝိုင်း၀န်းပြုစုကုသပေး ခဲ့သော်​ငြား ပေါင်မပြည့်လမစေ့ကလေးဖြစ်တာကြောင့် အဖျား၀င်ခြင်းအသက်ရူကြပ်ခြင်းများ ဖြစ်ပေါ်လာပြီး ၉ရက်ခန့်သာ လူ့ဘဝနေထိုင်ခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သမီလေးဟာ မနေ့က မနက် ၇နာရီဝန်းကျင်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သမီးလေးကို ကောင်းမွန်စွာ မြေမြှုပ်သဂြိုဟ်ပေးခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။

အဲ့ဒီ ပို့စ်လေးမှာတော့ “မနေ့ကစ၍ယနေ့ထိစိတ်မကောင်းဖြစ်ရပါတယ်စွန့်ပြစ်သမီးလေးကိုဆေးရုံတင်ပြီးပြုစုစာင့်ရှောက်ရာဆေးရုံမှ ကလေးအထူးဆရာ၀န်ကြီးများအထူးကြပ်မတ်ကုသခန်းတွင်ဝိုင်း၀န်းပြုစုပေးခဲ့သော်လည်းပေါင်မပြည့်လမစေ့ကလေးဖြစ်၍အဖျား၀င်ခြင်းအသက်ရူကြပ်ခြင်များဖြစ်ပေါ်လာပြီး၉ရက်ခန့်သာလူဘဝနေထိုင်ခွင့်ရရှိခဲ့ပါသည်ယနေ့နံနက်၇နာရီဆုံးသွား၍သမီးလေးကိုကောင်းမွန်စွာမြေမြုပ်သင်္ဂြ ိုလ်ပေးခဲ့ပါသည်သမီးလေးရေ၀တ်ကြွေးရှိရင်လည်းဒီဘ၀ဒီမျှနှင့်ကျေပါစေနောင်ဘ၀လူလာဖြစ်ရင်လည်းထွေးပွေ့ထားမဲ့မိဘ၀မ်းထဲမှာကျန်းမာသန်စွမ်းတဲ့သမီးလေးအဖြစ်နဲ့ရောက်ပါစေလို့စိတ်မကောင်းစွာဖြင့်အခါခါဆုတောင်မိပါတော့သည်” အခုလိုဖော်ပြသွားခဲ့တာပါ။

EFIL-APANNPYAY Source. Ka Pho Tin

(Zawgyi)

စြန္႔ပစ္ခံရတဲ့ လ့မေစ့ ကေလး လူ႔ျပည္မွာ ၉ ရက္သာ ေနခဲ့ရ

ကေလးၿမိဳ႕ ေအးရိပ္မြန္ ပရဟိတအဖြဲ႕က ကိုတင္ထြန္းဦးတင္ထားတဲ့ ပို႔စ္တခုကို လြန္ခဲ့တဲ့ နာရီိပိုင္းေလးအတြင္းကပဲ ေတြ႕ခဲ့ရၿပီး အင္မတန္ရင္နာစရာေကာင္းခဲ့တဲ့ အျဖစ္ပါ။

ကေလးၿမိဳ႕မွာ ပရဟိတအလုပ္ေတြနဲ႔ အမ်ားအက်ိဳးျပဳလုပ္ငန္းေတြကို စြမ္းစြမ္းတမံ လုပ္ကိုင္ေဆာင္ရြက္ေနတဲ့ ကိုတင္ထြန္းဦးဟာ ”အားနည္းသူကို ကူညီပါ။ ကိုယ္ခ်င္းစာတရားထားပါ။ မေကာင္းမႈျပဳလုပ္ခ်င္ေသာ စိတ္ကို နိုင္ေအာင္ထိန္းပါ” ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အညီ မိဘမဲ့ ကေလးငယ္ေတြအတြက္ပါ သာမက သက္ႀကီးရြယ္အိုဘိုးဘြားေတြပါ ပရဟိတအက်ိဳးေဆာင္ရြက္​ေပးေနသူတစ္ဦး ျဖစ္ပါတယ္။

ကို တင္ထြန႔္းဦးရဲ့ Ka Pho Tin ေဖ့စ္ဘြတ္ခ္ အေကာင့္မွာ မၽွေဝတင္ျပခဲ့တဲ့ သတင္းျဖစ္စဥ္ကေတာ့ ဒီလိုပါ။

လြန္ခဲ့တဲ့ ရက္ပိုင္းေလးအတြင္းက ရွာေဖြေတြ႕ရွိခဲ့တဲ့ ေမြးကင္းစ စြန္႔ပစ္ကေလးတဦးကို ေဆး႐ုံတင္ၿပီး ျပဳစုေစာင့္ေရွာက္ခဲ့ေပမဲ့ ဝမ္းနည္းစရာအျဖစ္ဆိုးနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရၿပီး ေမြးစကေလးငယ္ဟာ ေပါင္မျပည့္ လမေစ့ ကေလးျဖစ္တာေၾကာင့္ လူ႔ျပည္မွာ ကိုးရက္သာ အသက္ရွင္ခဲ့ရကာ အမိမဲ့ အဖမဲ့ဘဝနဲ႔ ကေလး ေသဆုံးသြားခဲ့ရတယ္လို႔ သိရပါတယ္။

ကေလးအထူးဆရာ၀န္ႀကီးမ်ားက အထူးၾကပ္မတ္ကုသခန္းမွာ ဝိုင္း၀န္းျပဳစုကုသေပး ခဲ့ေသာ္​ျငား ေပါင္မျပည့္လမေစ့ကေလးျဖစ္တာေၾကာင့္ အဖ်ား၀င္ျခင္းအသက္႐ူၾကပ္ျခင္းမ်ား ျဖစ္ေပၚလာၿပီး ၉ရက္ခန္႔သာ လူ႔ဘဝေနထိုင္ခြင့္ရရွိခဲ့တယ္လို႔ ဆိုပါတယ္။

သမီေလးဟာ မေန႔က မနက္ ၇နာရီဝန္းက်င္မွာ ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး သမီးေလးကို ေကာင္းမြန္စြာ ေျမျမႇုပ္သၿဂိဳဟ္ေပးခဲ့ၿပီျဖစ္ေၾကာင္းလည္း သိရပါတယ္။

အဲ့ဒီ ပို႔စ္ေလးမွာေတာ့ “မေန႔ကစ၍ယေန႔ထိစိတ္မေကာင္းျဖစ္ရပါတယ္စြန္႔ျပစ္သမီးေလးကိုေဆး႐ုံတင္ၿပီးျပဳစုစာင့္ေရွာက္ရာေဆး႐ုံမွ ကေလးအထူးဆရာ၀န္ႀကီးမ်ားအထူးၾကပ္မတ္ကုသခန္းတြင္ဝိုင္း၀န္းျပဳစုေပးခဲ့ေသာ္လည္းေပါင္မျပည့္လမေစ့ကေလးျဖစ္၍အဖ်ား၀င္ျခင္းအသက္႐ူၾကပ္ျခင္မ်ားျဖစ္ေပၚလာၿပီး၉ရက္ခန္႔သာလူဘဝေနထိုင္ခြင့္ရရွိခဲ့ပါသည္ယေန႔နံနက္၇နာရီဆုံးသြား၍သမီးေလးကိုေကာင္းမြန္စြာေျမျမဳပ္သျဂၤ ိုလ္ေပးခဲ့ပါသည္သမီးေလးေရ၀တ္ေႂကြးရွိရင္လည္းဒီဘ၀ဒီမၽွႏွင့္ေက်ပါေစေနာင္ဘ၀လူလာျဖစ္ရင္လည္းေထြးေပြ႕ထားမဲ့မိဘ၀မ္းထဲမွာက်န္းမာသန္စြမ္းတဲ့သမီးေလးအျဖစ္နဲ႔ေရာက္ပါေစလို႔စိတ္မေကာင္းစြာျဖင့္အခါခါဆုေတာင္မိပါေတာ့သည္” အခုလိုေဖာ္ျပသြားခဲ့တာပါ။

EFIL-APANNPYAY Source. Ka Pho Tin