အဲယားကွန်းအခန်းထဲမှာ ချက်ပြုတ်စားသောက်လို့ အဆိပ်သင့်ပြီး လူသုံးဦးဆေးရုံရောက်

143

အဲယားကွန်းနဲ့ အမြဲအချိန်ပြည့်နေတတ်တဲ့ လူတွေအတွက် တရုတ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က နမူနာယူစရာ ဖြစ်နေပါတယ်။ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်စားသောက်နေရင်း ဘာမှအကြောင်းမယ်မယ်ရရမရှိတဲ့ ကာဘွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခဲ့တဲ့ မိသားစုဝင်သုံးဦရဲ့အဖြစ်ပါ။

တရုတ်နိုင်ငံ၊ Nanning ဒေသမှာ နေထိုင်တဲ့ Liang ဆိုတဲ့ အဖိုးတစ်ယောက်ဟာ အိမ်မှာကိုယ်တိုင်ထမင်းချက်စားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြေးဖြစ်သူရယ် ညီမဖြစ်သူရယ်က အခန်းထဲမှာထိုင်နေပြီး၊ ပုံမှန်အတိုင်းရှိနေကြပါတယ်။ တစ်နာရီလောက်အကြာမှာတော့ ဧည့်ခန်းမှာနေနေတဲ့ နှစ်ယောက်က အနံ့တစ်ခုဟာ ပုံမှန်မဟုတ်တာကို သတိထားမိခဲ့ပါတယ်။

မီးဖိုချောင်ကို သွားကြည့်ခဲ့ကြပြီး၊ တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်ချိန်မှာ Liang က ကြမ်းပြင်ပေါ်မှာ စကားမပြောနိုင်ဘဲ အသက်ငင်နေပါပြီ။ နောက်တော့ ဆေးရုံကိုရောက်သွားခဲ့ချိန်မှာ သုံးယောက်လုံးက ကာဗွန်မိုနောက်ဆိုက်သင့်နေတာပါ။ ကျန်တဲ့နှစ်ယောက်က ဟင်းချက်တာမဟုတ်ဘဲ အဝေးကနေမှ ရှုရှိုက်ခဲ့မိတဲ့အတွက် ချက်ချင်းမသိသာခဲ့တာဖြစ်ပါတယ်။

နောက်တော့ဆရာဝန်တွေက တကယ်ပဲ ကာဗွန်မိုနောက်ဆိုက်ဒ်သင့်တာလို့ အတည်ပြုခဲ့ချိန်မှာ ဖြစ်နိုင်ချေတွေကို မေးပါတော့တယ်။ အဲဒီအချိန်မှ အဲကွန်းမပိတ်ထားသလို အခန်းကို လုံေနေအောင်ထားပြီး ချက်ပြုတ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အစာချက်ပြုတ်ချိန်မှာ ထွက်တဲ့ ကာဗွန်ဟာ အဲကွန်းနဲ့ ဓာတ်ပြုပြီး လောထွက်ပေါက်မရှိတဲ့အတွက် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်သွားခဲံတာပါ။

ကံကောင်းခဲ့တယ်လို့ဆိုရမှာက ဆေးရုံကိုအချိန်မီသာရောက်မလာခဲ့ရင် ကိုမာဖြစ်သွားဖို့ နည်းနည်းလေးပဲလိုတော့တယ်လို့ World of buzz သတင်းဌာနက ဆိုခဲ့ပါတယ်။ Apannpyay ပရိသတ်တွေအနေနဲ့လည်း အဲယားကွန်းအလုံပိတ်ထဲမှာ ချက်ပြုတ်တာတွေကို ရှောင်ကြဉ်ဖို့လိုသလို ချက်မိခဲ့ရင်လည်း လေထွက်ပေါက်တွေ ထားသင့်တယ်လို့ ဆရာဝန်တွေက ညွှန်ကြားထားတာတွေ့ရပါတယ်။

သူေရး-ApannPyay

Zawgyi

အဲယားကြန္းအခန္းထဲမွာ ခ်က္ျပဳတ္စားေသာက္လို႔ အဆိပ္သင့္ျပီး လူသံုးဦးေဆးရံုေရာက္

အဲယားကြန္းနဲ႕ အျမဲအခ်ိန္ျပည္႔ေနတတ္တဲ့ လူေတြအတြက္ တရုတ္ႏုိင္ငံမွာ ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္က နမူနာယူစရာ ျဖစ္ေနပါတယ္။ အိမ္မွာ ကိုယ္တိုင္ခ်က္ျပဳတ္စားေသာက္ေနရင္း ဘာမွအေၾကာင္းမယ္မယ္ရရမရွိတဲ့ ကာဘြန္မိုေနာက္ဆိုဒ္အဆိပ္သင့္ခဲ့တဲ့ မိသားစု၀င္သံုးဦရဲ႕အျဖစ္ပါ။

တရုတ္ႏုိုင္ငံ၊ Nanning ေဒသမွာ ေနထိုင္တဲ့ Liang ဆိုတဲ့ အဖိုးတစ္ေယာက္ဟာ အိမ္မွာကိုယ္တိုင္ထမင္းခ်က္စားဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ေျမးျဖစ္သူရယ္ ညီမျဖစ္သူရယ္က အခန္းထဲမွာထုိင္ေနျပီး၊ ပံုမွန္အတိုင္းရွိေနၾကပါတယ္။ တစ္နာရီေလာက္အၾကာမွာေတာ့ ဧည္႔ခန္းမွာေနေနတဲ့ ႏွစ္ေယာက္က အနံ႔တစ္ခုဟာ ပံုမွန္မဟုတ္တာကို သတိထားမိခဲ့ပါတယ္။

မီးဖိုေခ်ာင္ကို သြားၾကည္႔ခဲ့ၾကျပီး၊ တစ္ခုခုမွားေနျပီဆိုတာကို သိလိုက္ခ်ိန္မွာ Liang က ၾကမ္းျပင္ေပၚမွာ စကားမေျပာႏုိင္ဘဲ အသက္ငင္ေနပါျပီ။ ေနာက္ေတာ့ ေဆးရံုကိုေရာက္သြားခဲ့ခ်ိန္မွာ သံုးေယာက္လံုးက ကာဗြန္မိုေနာက္ဆိုက္သင့္ေနတာပါ။ က်န္တဲ့ႏွစ္ေယာက္က ဟင္းခ်က္တာမဟုတ္ဘဲ အေ၀းကေနမွ ရႈရိႈက္ခဲ့မိတဲ့အတြက္ ခ်က္ခ်င္းမသိသာခဲ့တာျဖစ္ပါတယ္။

ေနာက္ေတာ့ဆရာ၀န္ေတြက တကယ္ပဲ ကာဗြန္မိုေနာက္ဆိုက္ဒ္သင့္တာလို႔ အတည္ျပဳခဲ့ခ်ိန္မွာ ျဖစ္ႏုိင္ေခ်ေတြကို ေမးပါေတာ့တယ္။ အဲဒီအခ်ိန္မွ အဲကြန္းမပိတ္ထားသလို အခန္းကို လံုေေနေအာင္ထားျပီး ခ်က္ျပဳတ္ခဲ့တာကို ေတြ႔ခဲ့ရပါတယ္။ အစာခ်က္ျပဳတ္ခ်ိန္မွာ ထြက္တဲ့ ကာဗြန္ဟာ အဲကြန္းနဲ႔ ဓာတ္ျပဳျပီး ေလာထြက္ေပါက္မရွိတဲ့အတြက္ ကာဗြန္မိုေနာက္ဆိုဒ္အဆိပ္သင့္သြားခဲံတာပါ။

ကံေကာင္းခဲ့တယ္လို႔ဆိုရမွာက ေဆးရံုကိုအခ်ိန္မီသာေရာက္မလာခဲ့ရင္ ကိုမာျဖစ္သြားဖို႔ နည္းနည္းေလးပဲလိုေတာ့တယ္လို႔ World of buzz သတင္းဌာနက ဆိုခဲ့ပါတယ္။ Apannpyay ပရိသတ္ေတြအေနနဲ႔လည္း အဲယားကြန္းအလံုပိတ္ထဲမွာ ခ်က္ျပဳတ္တာေတြကို ေရွာင္ၾကဥ္ဖို႔လိုသလို ခ်က္မိခဲ့ရင္လည္း ေလထြက္ေပါက္ေတြ ထားသင့္တယ္လို႔ ဆရာ၀န္ေတြက ညႊန္ၾကားထားတာေတြ႔ရပါတယ္။

သူေရး-ApannPyay