ကယ်တမင်းဆေးဝါး ဘာကြောင့် ကြောက်စရာကောင်းသလဲ?

101

ကယ်တမင်းဆိုတဲ့ဆေးကို ဆေးရုံတွေမှာ အပျော့စား မေ့ဆေးအနေနဲ့ သုံးကြပါတယ်။ သွားနှုတ်တဲ့အခါ၊ နားနှာခေါင်းလည်ချောင်း ရောဂါအဖြေရှာဖို့ စစ်ဆေးတဲ့အခါမျိုးမှာ သုံးပါတယ်။ ဒီဆေးကို လူငယ်အများစုက မလိုအပ်ဘဲသုံးစွဲတဲ့အခါ ခန္ဓာကိုယ်ပြင်ပကို ဝိဉာဉ်က လွင့်ပျံနေသလို ခံစားရပါသတဲ့။

ဒီလိုဆေးမျိုးကို Date-Rape ဆေးလို့လဲ ခေါ်ပါသေးတယ်။ Date လုပ်ရင်း ဆေးထည့်တိုက် မေ့သွားတဲ့ အခါ rape လုပ် ပြန်နိုးလာရင် ဘာမှ မသိဖြစ်တတ်တာမျိုးပါ။ တစ်ခါ ecstasy သဘော ကိုယ်တိုင်သောက်သုံးပြီး ပါတီတွေမှာ လွင့်မျောဖို့လည်း သုံးတတ်ကြပါသေးတယ်။

ကယ်တမင်း၏ အခြားအမည်များKitKat, Vitamin K, Super K, Special K, မြင်းမေ့ဆေး

ဘယ်လိုနည်းနဲ့ သုံးစွဲသလဲ?

ဆေးလုံးအနေနဲ့ သောက်တယ်၊ အမှုန့်ချေပြီး ရှူတယ်၊ ဆေးခြောက်၊ ဆေးလိပ်ထဲမှာ ထည့်လိပ်ပြီး သောက်တယ်၊ အအေးထဲ ထည့်သောက်တယ်။သောက်ပြီးတာနဲ့ မိနစ်အနည်းငယ်အတွင်းအစွမ်းပြပြီး ၁နာရီ အတွင်း ဆေးပြယ်ပါတယ်။

ဘာကြောင့် ကြောက်စရာကောင်းသလဲ?

ကယ်တမင်းဆေးဝါးကို abuse လုပ်ရင်-မျက်လုံးကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်မရဖြစ်မယ်။-စဉ်းစားတွေခေါ်တဲ့အခါ သင်ယူတဲ့အခါမှာ အခက်အခဲတွေရှိလာမယ်။-hallucinations လို့ ခေါ်တဲ့ မရှိတဲ့အရာတွေကို မြင်တာ၊ မထွက်တဲ့ အသံတွေကို ကြားတာတွေဖြစ်လာမယ်။

-မူးမယ်၊ အော့အန်မယ်။- မျက်စိသူငယ်အိမ်ကျယ်ပြီး အမြင်အာရုံတွေ မှောက်မှားမယ်။- အကြောလိုက်မယ်၊ ကြွက်တက်မယ်။- နှလုံးခုန်နှုန်းနှေးပြီး-မျက်ရိုးကိုက်၊ ခေါင်းကိုက်၊ အစားအသောက်ပျက်ဖြစ်မယ်။overdose ဖြစ်ရင် သေနိုင်ပါတယ်။overdose မဖြစ်ဘဲ ကြာကြာစွဲသုံးရင် ရူးမယ်၊ အသည်း၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ် ပျက်ဆီးမယ် heart attack ရမယ်၊ ဦးဏှောက်ပျက်ဆီးပါမယ်။

မူးယစ်ဆေးဝါးများနှင့် ဖော်ပြနိုင်သော အချိန်ကာလ

၁။AMP- စိတ်ကြွရူးသွပ်ဆေး (ခေါ် ) အမ်ဖက်တမင်း – ၄ ရက်အတွင်း

၂။MET- ရေခဲ (ခေါ်) ice (ခေါ်) မက်သာဖက်တမင်း – ၃ ရက်အတွင်း

၃။MDMA- ခေါင်းခါဆေး (ခေါ်) esctasy – ၂ ရက်အတွင်း

၄။THC- ဆေးခြောက် – ရက် ၃၀ အတွင်း

၅။COC- ကိုကိန်း – ၃ ရက်အတွင်း

၆။KET- ကယ်တမင်း – ၁ ရက်မှ ၃ရက်အတွင်း

မူရင်း Crd ထပ်မံဖြည့်စွက်ချက် Soe Mya Soe

ZawGyi

ကယ္တမင္းဆိုတဲ့ေဆးကို ေဆး႐ုံေတြမွာ အေပ်ာ့စား ေမ့ေဆးအေနနဲ႔ သုံးၾကပါတယ္။ သြားႏႈတ္တဲ့အခါ၊ နားႏွာေခါင္းလည္ေခ်ာင္း ေရာဂါအေျဖရွာဖို႔ စစ္ေဆးတဲ့အခါမ်ိဳးမွာ သုံးပါတယ္။ ဒီေဆးကို လူငယ္အမ်ားစုက မလိုအပ္ဘဲသုံးစြဲတဲ့အခါ ခႏၶာကိုယ္ျပင္ပကို ဝိဉာဥ္က လြင့္ပ်ံေနသလို ခံစားရပါသတဲ့။

ဒီလိုေဆးမ်ိဳးကို Date-Rape ေဆးလို႔လဲ ေခၚပါေသးတယ္။ Date လုပ္ရင္း ေဆးထည့္တိုက္ ေမ့သြားတဲ့ အခါ rape လုပ္ ျပန္နိုးလာရင္ ဘာမွ မသိျဖစ္တတ္တာမ်ိဳးပါ။ တစ္ခါ ecstasy သေဘာ ကိုယ္တိုင္ေသာက္သုံးၿပီး ပါတီေတြမွာ လြင့္ေမ်ာဖို႔လည္း သုံးတတ္ၾကပါေသးတယ္။

ကယ္တမင္း၏ အျခားအမည္မ်ားKitKat, Vitamin K, Super K, Special K, ျမင္းေမ့ေဆး

ဘယ္လိုနည္းနဲ႔ သုံးစြဲသလဲ?

ေဆးလုံးအေနနဲ႔ ေသာက္တယ္၊ အမႈန႔္ေခ်ၿပီး ရႉတယ္၊ ေဆးေျခာက္၊ ေဆးလိပ္ထဲမွာ ထည့္လိပ္ၿပီး ေသာက္တယ္၊ အေအးထဲ ထည့္ေသာက္တယ္။ေသာက္ၿပီးတာနဲ႔ မိနစ္အနည္းငယ္အတြင္းအစြမ္းျပၿပီး ၁နာရီ အတြင္း ေဆးျပယ္ပါတယ္။

ဘာေၾကာင့္ ေၾကာက္စရာေကာင္းသလဲ?

ကယ္တမင္းေဆးဝါးကို abuse လုပ္ရင္-မ်က္လုံးႂကြက္သားလႈပ္ရွားမႈကို ထိန္းခ်ဳပ္မရျဖစ္မယ္။-စဥ္းစားေတြေခၚတဲ့အခါ သင္ယူတဲ့အခါမွာ အခက္အခဲေတြရွိလာမယ္။-hallucinations လို႔ ေခၚတဲ့ မရွိတဲ့အရာေတြကို ျမင္တာ၊ မထြက္တဲ့ အသံေတြကို ၾကားတာေတြျဖစ္လာမယ္။

-မူးမယ္၊ ေအာ့အန္မယ္။- မ်က္စိသူငယ္အိမ္က်ယ္ၿပီး အျမင္အာ႐ုံေတြ ေမွာက္မွားမယ္။- အေၾကာလိုက္မယ္၊ ႂကြက္တက္မယ္။- ႏွလုံးခုန္ႏႈန္းေႏွးၿပီး-မ်က္ရိုးကိုက္၊ ေခါင္းကိုက္၊ အစားအေသာက္ပ်က္ျဖစ္မယ္။overdose ျဖစ္ရင္ ေသနိုင္ပါတယ္။overdose မျဖစ္ဘဲ ၾကာၾကာစြဲသုံးရင္ ႐ူးမယ္၊ အသည္း၊ ဆီးလမ္းေၾကာင္း၊ ေက်ာက္ကပ္ ပ်က္ဆီးမယ္ heart attack ရမယ္၊ ဦးေဏွာက္ပ်က္ဆီးပါမယ္။

မူးယစ္ေဆးဝါးမ်ားႏွင့္ ေဖာ္ျပနိုင္ေသာ အခ်ိန္ကာလ

၁။AMP- စိတ္ႂကြ႐ူးသြပ္ေဆး (ေခၚ ) အမ္ဖက္တမင္း – ၄ ရက္အတြင္း

၂။MET- ေရခဲ (ေခၚ) ice (ေခၚ) မက္သာဖက္တမင္း – ၃ ရက္အတြင္း

၃။MDMA- ေခါင္းခါေဆး (ေခၚ) esctasy – ၂ ရက္အတြင္း

၄။THC- ေဆးေျခာက္ – ရက္ ၃၀ အတြင္း

၅။COC- ကိုကိန္း – ၃ ရက္အတြင္း

၆။KET- ကယ္တမင္း – ၁ ရက္မွ ၃ရက္အတြင္း

မူရင္း Crd ထပ္မံျဖည့္စြက္ခ်က္ Soe Mya Soe