လေထီးနှစ်ခုစလုံး မပွင့်လို့ အမြင့်ပေ(၂၆၂၅)မှ ပြုတ်ကျခဲ့တဲ့ ကျွမ်းကျင်လေထီးခုန်သမားရဲ့ ဖြစ်ရပ်

56

လေထီးအမြင့်ခုန်ရာမှာ ကျွမ်းကျင်ပြီးသားဖြစ်တဲ့ ဝါရင့်လေထီးခုန်သမားတစ်ဦးဟာ ထင်မှတ်မထားတဲ့ မတော်တဆမှုကြောင့် အသက်ပေးလိုက်ရပြီလို့ DailyStar သတင်းစာက ဖော်ပြပါတယ်။ ဒီအကြောင်းကို ApannPyay က ဘာသာပြန်တင်ဆက်လိုက်တာပါ။

လေထီးခုန်သမားရဲ့ အမည်မှာ မီခေးလ်ပရိုခိုရော့ဗ် (Mikhail Prokhorov) လို့ သိရပြီး၊ ရုရှားလူမျိုးတစ်ယောက်ပါ။ အသက်(၃၅)နှစ်ဖြစ်ပြီး၊ ဝါရင့်အမြင့်ခုန် လေထီးသမာတစ်ဦးဖြစ်ပါတယ်။ သူဟာ အမြင့်ပေ (၂၆၂၅)ကနေ ခုန်ချခဲ့ရာ၊ လေထီးတွေ မပွင့်သလို၊ အရံလေထီးကလည်း အလုပ်မလုပ်ခဲ့ပါဘူးတဲ့။

အခင်းဖြစ်နေရာကို ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေ အမြန်ရောက်သွားခဲ့ပေမယ့်၊ မီခေးလ်ဟာ ရရှိတဲ့ဒဏ်ရာတွေကြောင့် အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူဟာ အခု လေထီးခုန်ခြင်းကို (၃၅)ကြိမ်မြောက် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ သူဟာ Russian aviation paramedic လည်း ဖြစ်ပါတယ်။

ရုရှုားစုံစမ်းရေးအဖွဲ့ကတော့ ဒီကိစ္စကို လူသတ်မှုလား၊ တစ်စုံတစ်ယောက်ရဲ့ ပယောဂနဲ့ သေဆုံးစေခဲ့တာလား၊ လေထီးနှစ်ခုစလုံးတကယ်မပွင့်တာက မတော်တဆမှုလေလားဆိုတာ စုံစမ်းနေပါသတဲ့။ နောက်ပြီး သူနဲ့အတူ ရှိနေခဲ့တဲ့ လေကြောင်း ဆေးဝါးကျွမ်းကျင်တွေကိုလည်း စစ်မေးမှုတွေ ရှိနေပါတယ်။

နတ်သူကြီး APANNPYAY

Zawgyi ျဖင့္ဖတ္ရန္-

ေလထီးအျမင့္ခုန္ရာမွာ ကၽြမ္းက်င္ၿပီးသားျဖစ္တဲ့ ဝါရင့္ေလထီးခုန္သမားတစ္ဦးဟာ ထင္မွတ္မထားတဲ့ မေတာ္တဆမႈေၾကာင့္ အသက္ေပးလုိက္ရၿပီလုိ႔ DailyStar သတင္းစာက ေဖာ္ျပပါတယ္။ ဒီအေၾကာင္းကို ApannPyay က ဘာသာျပန္တင္ဆက္လုိက္တာပါ။

ေလထီးခုန္သမားရဲ႕ အမည္မွာ မီေခးလ္ပ႐ုိခုိေရာ့ဗ္ (Mikhail Prokhorov) လုိ႔ သိရၿပီး၊ ႐ုရွားလူမ်ိဳးတစ္ေယာက္ပါ။ အသက္(၃၅)ႏွစ္ျဖစ္ၿပီး၊ ဝါရင့္အျမင့္ခုန္ ေလထီးသမာတစ္ဦးျဖစ္ပါတယ္။ သူဟာ အျမင့္ေပ (၂၆၂၅)ကေန ခုန္ခ်ခဲ့ရာ၊ ေလထီးေတြ မပြင့္သလုိ၊ အရံေလထီးကလည္း အလုပ္မလုပ္ခဲ့ပါဘူးတဲ့။

အခင္းျဖစ္ေနရာကို ေဆးဘက္ဆုိင္ရာ အဖြဲ႕ဝင္ေတြ အျမန္ေရာက္သြားခဲ့ေပမယ့္၊ မီေခးလ္ဟာ ရရွိတဲ့ဒဏ္ရာေတြေၾကာင့္ အခင္းျဖစ္ေနရာမွာပဲ ေသဆုံးသြားခဲ့ပါတယ္။ သူဟာ အခု ေလထီးခုန္ျခင္းကို (၃၅)ႀကိမ္ေျမာက္ ျပဳလုပ္ခဲ့တာလုိ႔ သိရပါတယ္။ သူဟာ Russian aviation paramedic လည္း ျဖစ္ပါတယ္။

ရုရွုားစုံစမ္းေရးအဖြဲ႕ကေတာ့ ဒီကိစၥကို လူသတ္မႈလား၊ တစ္စုံတစ္ေယာက္ရဲ႔ ပေယာဂနဲ႔ ေသဆုံးေစခဲ့တာလား၊ ေလထီးႏွစ္ခုစလုံးတကယ္မပြင့္တာက မေတာ္တဆမႈေလလားဆုိတာ စုံစမ္းေနပါသတဲ့။ ေနာက္ၿပီး သူနဲ႔အတူ ရွိေနခဲ့တဲ့ ေလေၾကာင္း ေဆးဝါးကၽြမ္းက်င္ေတြကိုလည္း စစ္ေမးမႈေတြ ရွိေနပါတယ္။

နတ္သူႀကီး APANNPYAY