ဒီခေတ်လူငယ်တွေ ဘာမှန်းမသိတဲ့ “စျေး အစ” “ဇာတ် အလယ်” “ဖာ အဆုံး”

102

ဒီေခတ္လူငယ္ေတြ ဘာမွန္းမသိတဲ့ “ေစ်း အစ” “ဇာတ္ အလယ္” “ဖာ အဆံုး”

“ေစ်း အစ” “ဇာတ္ အလယ္” “ဖာ အဆံုး”….

ဒီစကားေလးက မိတ္ေဆြတို့ရဲ႕ရင္ကို တခုခုျဖစ္ေပၚေစလိမ့္မည္ဟု ထင္မိပါသည္။ ဖာ ဆိုေသာစကားက အဓိပၸါယ္နွစ္ခြထြက္ေနေသာစကားျဖစ္ပါသည္။

မိတ္ေဆြတို့ရင္ထဲတြင္ဖာဆိုေသာစကားၾကားသည္နွင့္ယုတ္ညံ႕ေသာစကားဟု ထင္ေကာင္းထင္ပါလိမ့္မည္။ ထိုအေတြးနွင့္အတုူ စကားတစ္ခုကိုလည္း ရိုင္းျပသည္ဟု ထင္ပါလိမ့္မည္။

”ေစ်းအစ ဇာတ္အလယ္ ဖာအဆံုး” ဆိုတဲ႔ ေရွးလူျကီးသူမတို့၏ အခ်ိန္ကာလနွင့္ ေနရာေဒသ ေရြးတတ္ရန္မွာျကားခဲ႔ေသာ စကားစုသည္ ယခုေခတ္ကာလတြင္ ရိုင္းျပေသာေနရာတြင္သံုးႏႈန္းေနျကသည္မွာ သိပ္ကိုဝမ္းနည္းဖို့ေကာင္းပါသည္။

ေစ်းအစဆိုသည္မွာ …..ေစ်းဝယ္မည့္သူသည္ မနက္ေစာေစာထ၍ ေစ်းအစဆံုးဖြင့္ခ်ိန္တြင္ သြားေရာက္ဝယ္ယူရမည္ဟု ဆိုလိုပါသည္။

ထိုသို့ ေစ်းအစဆံုးဖြင့္ခ်ိန္သြားေရာက္ဝယ္ယူမွ သူမ်ားထက္ဦးစြာ လတ္ဆတ္ေကာင္းမြန္ေသာ ကုန္စည္မ်ားကို ဝယ္ယူနိုင္မွာပါ။

ေစ်းအစတြင္မဝယ္ယူပဲ ေနာက္က် မွ သြားေရာက္ဝယ္ယူလ်ွင္ သူမ်ားမလိုခ်င္၍က်န္ေနေသာ ကုန္စည္ခပ္ညံ႕ညံ႕သာ ရရွိမွာ ျဖစ္ပါတယ္။ဒါ့ေျကာင့္ေစ်းအစဟု ဆိုေရးရွိတာပါ။

ဇာတ္အလယ္တဲ႔ …ဇာတ္ကသည့္ သူမ်ားဟာ ညလယ္ပိုင္းမွာ ဗုဒၶဝင္တို့ ျပဇာတ္တို့ကဲ႕သို့ေသာ မွတ္သားထိုက္သည္မ်ားကို ကျပတတ္ေသာေျကာင့္ ဇာတ္ျကည့္မယ္ဆိုလ်ွင္ ညလယ္ပိုင္းသည္ အဓိကျကည့္သင့္သည္ဟု ညႊန္ျပခဲ႕ျခင္းျဖစ္ပါသည္။

ဖာ အဆံုးတဲ႔ ……ယခုစကားပံုတြင္ပါေသာ ဖာဆိုသည္မွာ ထန္းေခါက္ဖာကိုေျပာတာျဖစ္ပါသည္။ အဝတ္အစား ပစၥည္းကိရိယာမ်ား ထည့္သြင္းသိမ္းဆည္းထားနိုင္ေသာ ေသတၱာကဲ႕သို့ေသာ ဖာေသတၱာကို ဆိုလိုျခင္းျဖစ္သည္။

ထိုဖာမ်ားကို ေရာင္းခ်မည့္သူမ်ားသည္ ဖာေသတၱာမ်ားကို အဆင့္ဆင့္ထပ္ကာ ထမ္းပိုးေရာင္းခ်ျကပါသည္။ ထိုသို့ အဆင့္ဆင့္ထပ္ထားေသာ ဖာေသတၱာမ်ားတြင္ ေအာက္ဆံုး၌ ေတာင့္တင္းခိုင္မာေသာ ဖာကိုထားေလ့ရွိပါသည္။

သို့မွသာ ေအာက္ဆံုးဖာသည္ သူ့အေပၚမွဖားမ်ား၏ အေလးခ်ိန္ကို ခံနိုင္မွာျဖစ္ပါတယ္။ထို့ေျကာင့္ ဖာေသတၱာဝယ္ယူမည္ဆိုလ်ွင္ ေအာက္ဆံုးဖာကို ဝယ္ယူဖို့ညႊန္ျကားထားတာျဖစ္သည့္အတြက္ ဖာအဆံုးဟု ဆိုေရးရွိခဲ႕တာျဖစ္ပါတယ္။

ထို့ေျကာင့္ ေစ်းအစ ဇာတ္အလယ္ ဖာအဆံုးဟူေသာ စကားပံုအဓိပၸါယ္ကို မွန္ကန္စြာသိ၍ အေျခအေနအခ်ိန္ကာလကို သိတတ္သူမ်ား ျဖစ္ျကပါေစဟု ဆႏၵျုပဳရင္း…..။

အာလံုး မဂၤလာအေပါင္းနဲ႔ ျပည္စံုနိုင္ၾကပါေစ…။

orginal writer

“စျေး အစ” “ဇာတ် အလယ်” “ဖာ အဆုံး”

ဒီစကားလေးက မိတ်ဆွေတို့ရဲ့ရင်ကို တခုခုဖြစ်ပေါ်စေလိမ့်မည်ဟု ထင်မိပါသည်။ ဖာ ဆိုသောစကားက အဓိပ္ပါယ်နှစ်ခွထွက်နေသောစကားဖြစ်ပါသည်။

မိတ်ဆွေတို့ရင်ထဲတွင်ဖာဆိုသောစကားကြားသည်နှင့်ယုတ်ညံ့သောစကားဟု ထင်ကောင်းထင်ပါလိမ့်မည်။ ထိုအတွေးနှင့်အတုူ စကားတစ်ခုကိုလည်း ရိုင်းပြသည်ဟု ထင်ပါလိမ့်မည်။

”စျေးအစ ဇာတ်အလယ် ဖာအဆုံး” ဆိုတဲ့ ရှေးလူကြီးသူမတို့၏ အချိန်ကာလနှင့် နေရာဒေသ ရွေးတတ်ရန်မှာကြားခဲ့သော စကားစုသည် ယခုခေတ်ကာလတွင် ရိုင်းပြသောနေရာတွင်သုံးနှုန်းနေကြသည်မှာ သိပ်ကိုဝမ်းနည်းဖို့ကောင်းပါသည်။

စျေးအစဆိုသည်မှာ …..စျေးဝယ်မည့်သူသည် မနက်စောစောထ၍ စျေးအစဆုံးဖွင့်ချိန်တွင် သွားရောက်ဝယ်ယူရမည်ဟု ဆိုလိုပါသည်။

ထိုသို့ စျေးအစဆုံးဖွင့်ချိန်သွားရောက်ဝယ်ယူမှ သူများထက်ဦးစွာ လတ်ဆတ်ကောင်းမွန်သော ကုန်စည်များကို ဝယ်ယူနိုင်မှာပါ။

စျေးအစတွင်မဝယ်ယူပဲ နောက်ကျ မှ သွားရောက်ဝယ်ယူလျှင် သူများမလိုချင်၍ကျန်နေသော ကုန်စည်ခပ်ညံ့ညံ့သာ ရရှိမှာ ဖြစ်ပါတယ်။ဒါ့ကြောင့်စျေးအစဟု ဆိုရေးရှိတာပါ။

ဇာတ်အလယ်တဲ့ …ဇာတ်ကသည့် သူများဟာ ညလယ်ပိုင်းမှာ ဗုဒ္ဓဝင်တို့ ပြဇာတ်တို့ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြတတ်သောကြောင့် ဇာတ်ကြည့်မယ်ဆိုလျှင် ညလယ်ပိုင်းသည် အဓိကကြည့်သင့်သည်ဟု ညွှန်ပြခဲ့ခြင်းဖြစ်ပါသည်။

ဖာ အဆုံးတဲ့ ……ယခုစကားပုံတွင်ပါသော ဖာဆိုသည်မှာ ထန်းခေါက်ဖာကိုပြောတာဖြစ်ပါသည်။ အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်းသိမ်းဆည်းထားနိုင်သော သေတ္တာကဲ့သို့သော ဖာသေတ္တာကို ဆိုလိုခြင်းဖြစ်သည်။

ထိုဖာများကို ရောင်းချမည့်သူများသည် ဖာသေတ္တာများကို အဆင့်ဆင့်ထပ်ကာ ထမ်းပိုးရောင်းချကြပါသည်။ ထိုသို့ အဆင့်ဆင့်ထပ်ထားသော ဖာသေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်းခိုင်မာသော ဖာကိုထားလေ့ရှိပါသည်။

သို့မှသာ အောက်ဆုံးဖာသည် သူ့အပေါ်မှဖားများ၏ အလေးချိန်ကို ခံနိုင်မှာဖြစ်ပါတယ်။ထို့ကြောင့် ဖာသေတ္တာဝယ်ယူမည်ဆိုလျှင် အောက်ဆုံးဖာကို ဝယ်ယူဖို့ညွှန်ကြားထားတာဖြစ်သည့်အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် စျေးအစ ဇာတ်အလယ် ဖာအဆုံးဟူသော စကားပုံအဓိပ္ပါယ်ကို မှန်ကန်စွာသိ၍ အခြေအနေအချိန်ကာလကို သိတတ်သူများ ဖြစ်ကြပါစေဟု ဆန္ဒြုပုရင်း…..။

အာလုံး မင်္ဂလာအပေါင်းနဲ့ ပြည်စုံနိုင်ကြပါစေ…။

orginal writer