လူပျောက်ကြော်ငြာ ကျေးဇူးဆပ်ပါမည်

29

ဒီပို့စ်ကို ကျေးဇူးပြု၍ Share ပေးခြင်းအားဖြင့် ကူညီပေးကြပါခင်ဗျာ။

ဖော်ပြပါပုံထဲက အမျိုးသားကို တွေ့ရှိခဲ့ရင် ကျေးဇူးပြုပြီး အကြောင်းကြားပေးကြဖို့ပါ ApannPyay ချစ်ပရိသတ်ကြီးတို့ရေ။

ဒီသတင်းနဲ့ပ​တ်သက်ပြီး”လူပျောက်ကြော်ငြာပါ။ ကူညီရှယ်ပေးပြီး တွေ့ရင် ဆက်သွယ်ပေးကြပါ။ကျေးဇူးဆပ်ပါမည်” ဆိုတဲ့ ပို့စ်လေးတစ်ခုကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒီသတင်းကို အများအကျိုးပြုလုပ်ငန်း နဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ Ka Pho Tin အကောင့်ပိုင်ရှင် ကိုတင်ထွန်းဦးက သတင်းပေးမျှဝေထားတာ ဖြစ်ပါတယ်ခင်ဗျာ။

အဆိုပါ အမျိုးသားဟာ ဇိုမီ Zomi လူမျိုး တိုင်းရင်းသားတစ်ဦးဖြစ်တယ်လို့သိရပြီး ဇနီးဖြစ်သူ အမျိုးသမီး နဲ့ စိတ်ဆိုး စိတ်ကောက်ပြီး အိမ်ပေါ်က ဆင်းသွားတယ်လို့ သိရပါတယ်။

သူ့ရဲ့ မြန်မာလို ​နာမည်က ”ကိုကံကောင်း” လို့ ခေါ်ကြောင်း သိရပြီး ဇိုမီး လို အမည် အခေါ်ကတော့ ”ဟန်ကပ်” ဖြစ်တယ်လို့ ဆိုပါတယ်။

သူက အမျိုးသမီးဖြစ်သူနဲ့ အပြန်အလှန်သိပ်ချစ်ကြလို့ လက်ထပ်ယူထားခဲ့ကြတာဖြစ်ပါတယ်။ အိမ်သူနဲ့ ကတောက်ကဆဖြစ်ကာ အိမ်ပေါ်က ဆင်းသွားတဲ့နောက် အခုလို ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သူ့ကို ရှာမရဖြစ်နေကြရတာမို့ ဘယ်နေရာကို ရောက်ပြီး ဘာဖြစ်နေမှန်း လုံးဝ သတင်းမကြားသိရတော့တဲ့ ကိုကံကောင်း ခေါ် ဟန်ကပ် အတွက် အားလုံးက စိတ်ပူနေကြရတယ်လို့ သိရပါတယ်။

သူဟာ အိမ်ကဆင်းသွားတာ ပြီးခဲ့တဲ့ (22.9.2019)နေ့က ဖြစ်လို့ သူပျောက်ဆုံးသွားခဲ့ ဆယ့်ရှစ်ရက်ရှိပါပြီ။

သူ့အမျိးသမီးမှာ နေ့ရော ညရော မအိပ်နိုင် မစားနိုငိနဲ့ ဝမ်းနည်းပူဆွေးနေရ ကြောင်း၊

သူ့ရဲ့ဇနီးဖြစ်သူက သူ့အပေါ် ဆိုးသွမ်းခဲ့တာရှိရင် ခွင့်လွတ်ပေးပါလို့ ပြောပြီး အမြန်ပြန်လာပေးပါလို့ တောင်းပန်ထားကြောင်း၊ သိရှိခဲ့ရပါတယ်။

ကိုကံကောင်း ခေါ် ဟန်ကပ်ရဲ့ ရင်ဘတ်မှာ သူ့ရဲ့ အမျိးသမီးပုံကို တတ်တူးထိုးထားတယ်လို့လည်း ကိုယ်ခန္ဓာ အမှတ်အသားအနေနဲ့သိရှိရပါတယ်။

ကိုကံကောင်း ခေါ် ဟန်ကပ်ကို တွေ့ရှိခဲ့ပါက သူ့အမျိုးသမီး ရဲ့ရှေ့နေဖြစ်သူရဲ့ ဖုန်းနံပါတ် 09787852990 သို့ အမြန်ဆုံး ဖုန်းဆက်သွယ်ပေးပို့ မေတ္တာရပ်ခံထားခဲ့ကြောင်း၊ တွေ့ရှိလို့ ဆက်သွယ်သတင်းပို့အကြောင်းကြားပေးသူအား ကျေးဇူးဆပ်မည်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်ခင်ဗျာ။

ကိုကံကောင်း နဲ့ အတူ ဇနီးဖြစ်သူရဲ့ ဓာတ်ပုံတွေကို​ပါ တပါတည်း ဖော်ပြပေးလိုက်ရပါတယ်။ဒီပို့စ်ကို ကျေးဇူးပြု၍ Share ပေးခြင်းအားဖြင့် ကူညီပေးကြပါနော်။

EFIL-ApannPyay

ZawGyi














EFIL-ApannPyay