မိဘများမှဆင်းရဲ၍ ငွေမရှိသဖြင့် ဆက်လက်ပညာသင်ယူဖို့ အခက်အခဲဖြစ်နေတေဲ့ (၄) ဘာသာဂုဏ်ထူးရှင်

63

၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသူမခိုင်သဇင်ထွန်းသည် မိဘများမှဆင်းရဲသည့်အတွက် ပညာထူးချွန်သော်လည်း ငွေမရှိသဖြင့် ဆက်လက်ပညာသင်ယူဖို့ အခက်အခဲဖြစ်နေ

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင်နေထိုင်သည့် ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသူမခိုင်သဇင်ထွန်းသည် မိဘများမှဆင်းရဲသည့်အတွက် ပညာထူးချွန်သော်လည်း ငွေမရှိသဖြင့် ဆက်လက်ပညာသင်ယူဖို့ အခက်အခဲဖြစ်နေကြောင်း

ရေကြည်မြို့နယ်နေ မခိုင်သဇင်ထွန်းသည်၂၀၁၈-၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၄ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်း သူဖြစ်ပြီး ဆက်လက်ပညာသင်ယူဖို့ ထောက်ပံ့ငွေလိုအပ်နေခြင်းဖြစ်ကြောင်း ကျောင်းသူ၏ မိဘ နှစ်ပါးထံမှသိရသည်။

”သမီးလေးက ဆက်လက် ပညာသင်ယူ ချင်တာပါ ကျွန်တော်တို့ကလည်း အသက်ကြီးပြီဆိုတော့ ဝင်ငွေမရှိဘူး အထက်တန်းအောင်ဖို့မနည်းထားခဲ့ရ တာပူးပေါင်း ထောက်ပံ့ပေးရင်တော့ ကြသူအားလုံးကို ကျေးဇူးတင်တာပေါ ဦးတို့က တစ်ရက်လုပ် တစ်ရက်စားဘဝ သမားတွေပါ ဒီလို အခြေအနေနဲ့တော့ ဆက်ပြီး ပညာသင်ပေးဖို့မဖြစ်နိုင်ပါဘူး ”ဟု ရေကြည်မြို့နယ်၊ကုလားကုန်း ကျေးရွာမှ ၄ ဘာသာဂုဏ်ထူးထွက် မခိုင်သဇင်ထွန်း၏ ဖခင် ဦးအထွန်းလေး ကပြောသည်။

၂၀၁၈-၂၀၁၉ပညာသင်တွင် ၄ ဘာသာဂုဏ်ထူးထွက်ရှိကာ ဆက်လက် ပညာသင်ယူဖို့ အခက်အခဲဖြစ်နေသူ မခိုင်သဇင်ထွန်း၏ မိဘများသည် အသက်အရွယ်ကြီးနေပြီး ဝင်ငွေနည်းပါး ကာ တစ်ရက်လုပ် တစ်ရက်စားသမား တွေဖြစ်ကြောင်းသိရသည်။

”ဒီကလေးက အောင်မြင်သူပါ ဒါ့ကြောင့် အောင်မြင်သူကို ပိုမိုအောင်မြင်အောင် ကူညီပေးကြပါ အခုထက် ကြိုးစားကာ အောင်မြင်မှုထပ်မံရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဆင်းရဲပေမယ့် ဘဝကို အရှုံးမပေးသူမို့ အားလုံးကူညီပေးဖို့ လည်း ကိုယ်စား ဖိတ်ခေါ်ပါတယ်”ဟု ရေကြည်မြို့နယ် ကုလားကုန်း ကျေးရွာမှ ဒေသခံ ဒေါ်လဲ့လဲ့က ပြောသည်။

ရေကြည်မြို့နယ်၊ကုလားကုန်းကျေးရွာ နေ အဖ ဦးအထွန်းလေး သမီး မခိုင်သဇင်ထွန်းသည် ၂၀၁၈-၂၀၁၉ခုနှစ် ပညာသင်နှစ် ရေကြည်မြို့နယ် ကုန်ပြင်စာစစ်ဌာနတွင် ခုံအမှတ် ရအဖ-၉၃၉ တွင်ဖြေဆိုအောင် မြင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်းတာဝန်ခံ- ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

(Zawgyi)

၎ ဘာသာဂုဏ်ထူးရှင် ကျောင်းသူမခိုင်သဇင်ထွန်းသည် မိဘများမှဆင်းရဲသည့်အတွက် ပညာထူးချွန်သော်လည်း ငွေမရှိသဖြင့် ဆက်လက်ပညာသင်ယူဖို့ အခက်အခဲဖြစ်နေ

အောက်တိုဘာ(၉)AlinnMyay(အလင်းမြေ)






