ပညာရေးဝန်ထမ်းတွေ အခက်ခဲဆုံး သွားရောက်ပြီး တာဝန်ထမ်းဆောင်နေရတဲ့ ခေါင်လန်ဖူးဒေသ

62

ပညာရေးဝန်ထမ်းတွေ ဘဝရဲ့အခက်ခဲဆုံးခရီးကို ဖြတ်သန်းပြီး သွားရောက် တာဝန်ထမ်းဆောင်နေရတဲ့ ခေါင်လန်ဖူးဒေသ

အခုလို အဖြစ်အပျက်ကို ဘဝရဲ့အခက်ခဲဆုံးခရီးတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သူကတော့ ခေါင်လန်ဖူးမြို့ အထက်တန်းကျောင်းမှာ အထက်တန်းကျောင်းအုပ် တာဝန်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပညာရေးဝန်ထမ်း ကျောင်းအုပ်ကြီးတစ်ဦးဖြစ်တဲ့ Sein Aung ဆိုတဲ့ အကောင့်ပိုင်ရှင် ဆရာကြီးပဲဖြစ်ပါတယ်။

ပညာရေးဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်အထိ စွန့်စားသွားလာပြီး ဝေးလံခေါင်ဖျားလှတဲ့ နယ်စပ်အရပ်ဒေသမှာ ပညာသင်ကြားမျှဝေပေးနေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့အဖြစ်ကို မျှဝေထားတဲ့ ပို့စ်လေးတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။

အဲ့ဒီပို့စ်လေးကတော့ Sein Aung အကောင့်ပိုင်ရှင်ဖြစ်သူ ဆရာကြီးရဲ့ ” ခေါင်လန်ဖူးဒေသ တောလား” ဆိုတဲ့ ပို့စ်လေးပါပဲ။

ဘဝမှာ အခက်ခဲဆုံးခရီးအဖြစ် သူ့ရဲ့ ကိုယ်တွေ့ဘဝအတွေ့အကြုံကို သူက မှတ်တမ်းတင်ထားခဲ့တာပါ AlinnMyay ချစ်ပရိသတ်ကြီးတို့ရေ။

အခုအချိန်မှာတော့ ဒီလောက်ခက်ခဲတဲ့ ဒေသကို ဆရာမအငယ်တွေတောင် စွန့်စားပြီးသွားရောက်တာဝန် ထမ်းဆောင်နေကြကြောင်း ဆရာကြီးရေးသားခဲ့တာကို ဝမ်းသာဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုအဖြစ် ခံစားသိရှိခဲ့ရပါတယ်။ ပညာဝန်ထမ်းတွေဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ အားမပျက်စတမ်း မလျှော့တဲ့စိတ်ဓာတ်ကိုလည်း ဆရာကြီးရဲ့ ပို့စ်က တဆင့်သိရှိခဲ့သလို ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသူ လေးစားဖွယ်ရာ စိတ်နှလုံးထားပိုင်ရှင် ပညာရေးဝန်ထမ်းအားလုံး ကို ဂုဏ်ပြုလိုက်ပါရစေ။

ဆရာကြီးရဲ့ ပို့စ်မှာ ဖော်ပြထားတဲ့ ” ခေါင်လန်ဖူးဒေသ တောလား” ကို မှတ်တမ်းမှတ်ရာ တိတိကျကျနဲ့ အခုလို မြင်တွေ့ခဲ့ရပါတယ်။

ခေါင်လန်ဖူးဒေသ တောလား ဘဝမှာ အခက်ခဲဆုံးခရီး ၂၀၁၁ ဇွန်မှ ၂၀၁၃ ဇန်နဝါရီလထိ မြန်မာပြည်မှာ လမ်းပန်းဆက် သွယ် ရေးအခက်ခဲဆုံးဖြစ်သည့် ခေါင်လန်ဖူးမြို့ အထကကျောင်းမှာ အထက်တန်းကျောင်းအုပ် တာဝန်ဖြင့် တာဝန်ထမ်းဆောင်ခဲ့တယ်

လမ်းကြောင်း(၂)ခုနှင့် သွားခဲ့ရတယ်

မြစ်ကြီးနား မှ ပူတာအို လေယာဥ်စီးပြီး

ပူတာအို မှ နောင်မွန်းမြို့သို့ ခြေလျင်ခရီး (၃)ရက် လမ်းလျှာက်ရတယ်

လမ်းမှာ ရွာမရှိတဲ့ တောထဲမှာ ၂ ညအိပ်ရတယ်

အလွန်းအေးတဲ့ဆောင်းရာသီမှာ စောင်မသယ်နိုင်လို့ တောထဲက ​ဗိုလ်တဲ ထဲ မီးဖိုဘေးမှာ အိပ်ရတယ်

နောင်မွန်းကိုရောက်တော့ နောင်မွန်းကနေ ခေါင်လန်ဖူးထိ ခြေလျင်ခရီး (၇)ရက် လမ်းလျှာက်ရတယ် ရွာမရှိတဲ့ တောကြီးမျက်မည်းထဲမှာလည်း (၄)ညအိပ်ရတယ် လမ်းမှာ စျေးဆိုင်မရှိ ကိုယ့်အထုပ်ကိုယ်ထမ်း ကိုယ်ထမင်းကိုယ် ချက်စားရတယ်

နွေနှင့်မိုးဆို တောင်ပေါ် လမ်းခရီး မိုးရေထဲ လမ်းက ဗွက်ထဲ သွားရတယ် ကိုယ်ခန္ဓာအောက်ပိုင်းကို ကျွတ်က အကောင်​ပေါင်းများစွာကိုက်တယ်

အပေါ်က သစ်ပင်ခြုံပင်အုပ်ဆိုင်းနေပြီး ၎င်း အပင်များက ဒက် ဆိုတဲ့အကောင်တွေ က ခန္ဓာကိုယ်အပေါ်ပိုင်းကို ကိုက်ခံရတယ်

ပေ ၈၀၀၀ ကျော် အမြင့်ရှိ ဆန်းလွတ်ချက်ဆိုတဲ့ တောင်ကြားကို ကျော်ဖြတ်ရတယ် ဒါအနိမ့်ဆုံးနေရာပါ ရဟတ်ယာဥ်တွေ တောင်မှ အဲ့ဒီ ဆန်းလွတ်ချက် တောင်ကြား (V)ရှိတ်နေရာကဘဲ ဖြတ်ရတယ် ကျန်တဲ့ နေရာတွေက ဒီထက်ပိုမြင့်တယ်လေ

ကိုယ့်ဘဝမှာ ဒီတောင်တွေကိုမှ ကျော်နိုင် ပါ့ မလားလို့ စိုးရိမ်ခဲ့ပေမဲ့ ဇွဲနှင့်ကြိုးစားပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ် လမ်းမှာ ရေ​ဗူးမလို ပါဘူး ရေ​ဗူးဝယ်ဖို့ကလည်း ဝယ်စရာဆိုင် မရှိပါဘူး ဒါပေမဲ့ နေရာတိုင်းမှာ ကျောက်တောင်ကြားကထွက်တဲ့ရေတွေကို ဝါးလုံးခြမ်းနဲ့ လမ်းဘေးအရောက် သွယ် ပေးထားတယ် ရေခွက်လည်း မလိုပါဘူး ပါးစပ်ဟပြီး ကျနေတဲ့ရေကို အဆင်သင့် သောက်လိုက်ရုံဘဲ (ပုံမှာမြင်တွေ့ရမှာပါ)

ဒီဒေသမှာ ကောင်းတာ တစ်ခုကတော့ အဲ့ဒီရေကို သောက်ပေမဲ့လည်း ဘာ ရောဂါ မှမဖြစ်ဘူး ငှက်ဖျားရောဂါလည်း မရှိဘူး

ကောင်းတာပြောရရင် လမ်းမှာ သိပ်လှတဲ့ ရှုခင်းတွေကိုမြင်တွေ့တယ် ရေခဲတောင်တွေကို မြင်တွေ့ရတယ် ရေတံခွန်းပေါင်း မြောက်များစွာကို မြင်တွေ့ ရတယ်

ခေါင်လန်ဖူးမြို့နယ် ဆနန်ဆိုတဲ့ရွာ နားက ပေ ၈၀၀၀ ခန့် အမြင့်ရှိ တောင်တစ်လုံးပေါ်က နေ အောက်ဖက် မေခမြစ်ထဲ တစ်မိုင်ခန့် အဆင့်ဆင့် စီးကျနေတဲ့ အလွန်ကြီးတဲ့ ရေတံခွန်ကြီးကိုလည်း ၈ မိုင်ခန့်ဝေးတဲ့ ထလားလော်ရွာ မရောက်ခင်ကနေ မြင်ရတဲ့ မြင်ကွင်းဟာ အလွန်အံ့သြစရာ ကောင်းလှ ပါတယ်

တိမ်ကြားကနေစီးကျနေတဲ့ ရေတံခွန်ကြီးဟာ အလွန်လှပလို့နေတယ် အဲ့ဒီရေတံခွန်ရဲ့ ပုံအစိတ်အပိုင်း တချို့ကိုလည်း ပုံထဲမှာမြင်တွေ့ရမှာပါ

ဒါအပြင် ရီဒမ်ဆိုတဲ့ရွာနားမှာလည်း လမ်းပန်းဆက်သွယ်ရေးခက်လို့ လူတွေသိပ် မသိတဲ့ သဘာဝလိုဏ်ဂူ ကြီးရှိ ပါတယ်

မှောင်မှောင်မည်းမည်းထဲ အရဲစွန့် ပြီးဝင်ကြည့်တာ လှိုဏ်ဂူက အတော်ရှည် တယ် အထဲမှာ သဘာဝအတိုင်း သိပ်လှတဲ့ ကျောက်စက်ပန်းဆွဲကို တွေ့ရတယ်

လမ်းမှာ ကြိုးတံတားပေါင်းများစွာ ဖြတ်ရတယ် ဒါက မြစ်ကြီးနား ပူတာအို နောင်မွန်း ခေါင်လန်ဖူး လမ်းခရီးမှာ ကြုံတွေ့ခဲ့တာ တွေကို မျှဝေ ပေးတာပါ

နောက်တလမ်းကတော့ တရုတ်ပြည်ထဲက နေသွားရတာပါ မြစ်ကြီးနားကနေ တရုတ်နယ်စပ် ကန်ပိုက် တီး မြို့ကို ကားနှင့် သွားပြီး ကန်ပိုက်တီးမှာ ပတ်စ်ပို့ လုပ်ပြီး ကန်ပိုက်တီးကနေ တရုတ်ပြည်(ယူနန်ပြည်နယ်) ကူရုံမြို့ထိ ကားနဲ့သွား

ကူရုံမြို့ကနေ တိုင်းမြို့တော် ထိန်ချုန်းမြမို့ထိ ကားနှင့်သွားပြီး ထိန်ချုန်း မြို့ကနေ နူကျန်းမြစ်(သံလွင်မြစ်ဖြား) ဘေးအတိုင်းသွားရတယ်

နောက်ပြီး တိုင်းမြို့ တော် တစ်ခုဖြစ်တဲ့ လိုခူးတိုင်းမြို့တော်ကို ဖြတ်ပြီး ခရိုင်မြို့တော် ဖူကုန်းမြို့ထိ ကားဖြင့် မိုင်ပေါင်းများစွာ အဆင့်ဆင့် သွား ရတယ်

ဖူကုန်း(ရှားဖား)မြို့ကနေ တရုတ်မြန်မာနယ်စပ် ကျောက်တိုင်(၃၁) ရှိ ပေ ၁၀၀၀၀ ကျော်အမြင့်ရှိတဲ့ ဂီဂီတောင်ကြားကိုဖြတ်ပြီး နယ်စပ်က ရဝမ် ပြည်သူ့စစ်ဌာနချုပ်ရှိရာ ရှိန်းခေါင်မြို့ကို ကား​ဖြင့်သွားရတယ်

မိုးရာသီဆို ကားသွား လို့ရပေမဲ့ ဆောင်းရာသီဆို လမ်းတွေ ရေခဲ သွားလို့ ကားမောင်းလို့မရတော့ ပါဘူး. ရေခဲပြင်ပေါ် လမ်းပဲ ​​ေ​​လျှာက်ရတယ်

ရှိန်းခေါင် နယ်စပ်မြို့ကနေ ခေါင်လန်ဖူးမြို့ ထိ (၃)ရက်ခရီး တောင်တွေကျော် မြစ်ချောင်းတွေဖြတ်ပြီး လမ်းလျှာက်ရ တယ်

ဒါက ဝန်းထမ်းတွေ ပညာရေးဝန်ထမ်းတွေ ခက်ခက်ခဲခဲ သွားရောက်တာဝန် ထမ်း ဆောင်ရတာကို သိစေချင်လို့ပါ ဒီလောက်ခက်ခဲတဲ့ ဒေသကို ခုဆို ဆရာမအငယ်တွေတောင် စွန့်စားပြီးသွားရောက်တာဝန် ထမ်းဆောင်နေ ကြပါတယ်

EFIL#AlinnMyay(အလင်းမြေ)