မင်္ဂလာစုံတွဲနဲ့ မိသားစုဝင်(၄)ဦး၊ ဓာတ်ပုံရိုက်စဉ် ဆည်မြောင်းဘောင်မှ ပြုတ်ကျသေဆုံး

130

မကြာသေးခင်က ဆည်မြောင်းဘောင်တစ်ခုမှာ အိန္ဒိယမိသားစု အမှတ်တရဓာတ်ပုံရိုက်ကူးကြစဉ်၊ လူ(၅)ဦး မတော်တဆ ခြေလက်ချော်ပြီး ပြုတ်ကျခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူထဲမှာ လက်ထပ်ပြီးစ သတို့သမီးနဲ့အတူ မိသားစုဝင်(၃)ဦးတို့ ပါဝင်တယ်လို့ Mirror က ဖော်ပြထားပါတယ်။

ဒီသတင်းကို ApannPyay ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်တာပါ။ သတို့သမီး သတို့သားနာမည်ကတော့  Nivedha (၂၀)နှစ်နဲ့ Perumalsamy (၂၅)နှစ်တို့ ဖြစ်ကြပါတယ်။ သတို့သမီးဟာ တစ်မိသားစုတည်းတွေဖြစ်တဲ့ အခြား(၄)ဦးနဲ့အတူ Pamdar ဆည်မြောင်းဘောင်ကနေ ပြုတ်ကျခဲ့တာပါ။

သူတို့ (၅)ဦးဟာ ဆည်မြောင်းဘောင်ပေါ်ကိုထိုင်ပြီး လက်ချင်းချိတ်ကာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးကြစဉ်မှာပဲ တစ်စုံတစ်ယောက်က စပြီး ဟန်ချက်ပျက်သွားခဲ့တာကြောင့် အောက်ကို စီကာဆင့်ကာ ပြုတ်ကျသွားခဲ့တာလို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

Pamdar ဆည်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်၊ တမီနာဒူမှာတည်ရှိပါတယ်။ သတို့သား Perumalsamy ကတော့ ဓာတ်ပုံရိုက်ပေးနေသူမို့ သေဘေးမှ လွတ်ကင်းခဲ့သလို၊ သူရဲ့(၁၅)နှစ်အရွယ်ညီမ Yuvarani ကိုလည်း သေဘေးက ကယ်တင်နိုင်ခဲ့ပါတယ်။

ပြုတ်ကျသူ (၅)ဦးအနက် Yuvarani တစ်ဦးသာ အသက်ရှင်ခဲ့ပြီး၊ သတို့သမီးနဲ့အတူ သေဆုံးသူတွေကတော့ Sneha (၂၂)နှစ်၊ Kanniga (၂၀)နှစ်နဲ့၊ Santosh (၁၄)နှစ်တို့ ဖြစ်ကြပါတယ်။ မျက်မြင်သက်သေအရ Santosh က အရင်ဟန်ချက်ပျက်သွားတာဖြစ်ပြီး၊ ကျန်တဲ့လူတွေကိုပါ ဆွဲခေါ်သွားခဲ့တာပါ။

အခုအဖြစ်အပျက်ကို ရဲက သေမှုသေခင်း ဖွင့်လှစ်ထားပြီး၊ အလောင်းတွေကို မကြာသေးခင်က ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ကျန်ရစ်သူမိသားစုဝင်တွေကတော့ အတော်စိတ်မကောင်း ဖြစ်နေကြပါတယ်။

နတ်သူကြီး APANNPYAY

Zawgyi ျဖင့္ဖတ္ရန္-

မၾကာေသးခင္က ဆည္ေျမာင္းေဘာင္တစ္ခုမွာ အိႏၵိယမိသားစု အမွတ္တရဓာတ္ပုံ႐ိုက္ကူးၾကစဥ္၊ လူ(၅)ဦး မေတာ္တဆ ေျခလက္ေခ်ာ္ၿပီး ျပဳတ္က်ခဲ့ေၾကာင္း သိရပါတယ္။ ေသဆုံးသူထဲမွာ လက္ထပ္ၿပီးစ သတုိ႔သမီးနဲ႔အတူ မိသားစုဝင္(၃)ဦးတုိ႔ ပါဝင္တယ္လုိ႔ Mirror က ေဖာ္ျပထားပါတယ္။

ဒီသတင္းကို ApannPyay ကေန ဘာသာျပန္တင္ဆက္ေပးလုိက္တာပါ။ သတုိ႔သမီး သတုိ႔သားနာမည္ကေတာ့  Nivedha (၂၀)ႏွစ္နဲ႔ Perumalsamy (၂၅)ႏွစ္တုိ႔ ျဖစ္ၾကပါတယ္။ သတုိ႔သမီးဟာ တစ္မိသားစုတည္းေတြျဖစ္တဲ့ အျခား(၄)ဦးနဲ႔အတူ Pamdar ဆည္ေျမာင္းေဘာင္ကေန ျပဳတ္က်ခဲ့တာပါ။

သူတုိ႔ (၅)ဦးဟာ ဆည္ေျမာင္းေဘာင္ေပၚကိုထုိင္ၿပီး လက္ခ်င္းခ်ိတ္ကာ အမွတ္တရဓာတ္ပုံေတြ ႐ုိက္ကူးၾကစဥ္မွာပဲ တစ္စုံတစ္ေယာက္က စၿပီး ဟန္ခ်က္ပ်က္သြားခဲ့တာေၾကာင့္ ေအာက္ကုိ စီကာဆင့္ကာ ျပဳတ္က်သြားခဲ့တာလုိ႔ မ်က္ျမင္သက္ေသတစ္ဦးက ေျပာပါတယ္။

Pamdar ဆည္ဟာ အိႏၵိယႏုိင္ငံေတာင္ပိုင္းျပည္နယ္၊ တမီနာဒူမွာတည္ရွိပါတယ္။ သတုိ႔သား Perumalsamy ကေတာ့ ဓာတ္ပုံ႐ုိက္ေပးေနသူမုိ႔ ေသေဘးမွ လြတ္ကင္းခဲ့သလုိ၊ သူရဲ႕(၁၅)ႏွစ္အရြယ္ညီမ Yuvarani ကိုလည္း ေသေဘးက ကယ္တင္ႏုိင္ခဲ့ပါတယ္။

ျပဳတ္က်သူ (၅)ဦးအနက္ Yuvarani တစ္ဦးသာ အသက္ရွင္ခဲ့ၿပီး၊ သတုိ႔သမီးနဲ႔အတူ ေသဆုံးသူေတြကေတာ့ Sneha (၂၂)ႏွစ္၊ Kanniga (၂၀)ႏွစ္နဲ႔၊ Santosh (၁၄)ႏွစ္တုိ႔ ျဖစ္ၾကပါတယ္။ မ်က္ျမင္သက္ေသအရ Santosh က အရင္ဟန္ခ်က္ပ်က္သြားတာျဖစ္ၿပီး၊ က်န္တဲ့လူေတြကိုပါ ဆြဲေခၚသြားခဲ့တာပါ။

အခုအျဖစ္အပ်က္ကို ရဲက ေသမႈေသခင္း ဖြင့္လွစ္ထားၿပီး၊ အေလာင္းေတြကို မၾကာေသးခင္က ျပန္လည္ဆယ္ယူႏုိင္ခဲ့ေၾကာင္း သိရပါတယ္။ က်န္ရစ္သူမိသားစုဝင္ေတြကေတာ့ အေတာ္စိတ္မေကာင္း ျဖစ္ေနၾကပါတယ္။

နတ္သူႀကီး APANNPYAY