မကြောက် မလန့် ဘုရားအလှုခံပုံး ဖောက်ထွင်းခိုးယူသူ

149

မနေ့က အောက်တိုဘာလ ၉ ရက်နေ့ ညနေ (၄)နာရီ (၁၅)မိနစ်အချိန်ခန့်မှာ ကလေးမြို့ အိမ်တော်ရာစေတီတော် အရှေ့ဘက်စောင်တန်းက အာရုံခံဓမ္မာရုံထဲမှ အလှူခံပုံးမှန်ကို စကားပြောက်စက်ဖြင့် ထုရိုက်ပြီး ပိုက်ဆံ ခိုးယူမှု အခင်းဖြစ်ပွားခဲ့ပါတယ်။

ဒီသတင်းကို Ka Pho Tin အကောင့်ပိုင်ရှင်ရဲ့ပို့စ်ကနေ တဆင့်တွေ့ရှိခဲ့ရတာဖြစ်ပြီး သူ့ရဲ့ သတင်းမျှဝေမှုကို သက်သေ ဓာတ်ပုံနဲ့တကွ ApannPyay ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဖြစ်စဥ်အသေးစိတ်အရ ဘုရားအလှုခံပုံး ဖောက်ခွဲသူဟာ အိမ်တော်ရာစေတီဘုရားဝင်းထဲ ယောင်လည်လည် လုပ်နေခဲ့တာ သုံးလေးရက်မျှ ရှိပြီလို့ သိရပါတယ်။

အလှူခံပုံး ဖောက်ခွင်းသူ သူခိုးရဲ့ အသွင်အပြင်နဲ့ ပုံစံအရ လူပုံက ကတုံးနဲ့ အားကောင်းမောင်းသန် လူတစ်ယောက်လို့ သိရှိရပြီး သူဟာ စိတ်ဝေဒနာရှင်တစ်ဦးလား ဆိုတာလည်း သံသယဖြစ်စရာ ရှိနေခဲ့ပြီး သူ့အကြောင်းကို သတင်းအတိအကျနဲ့ ကွဲကွဲပြားပြား မသိရသေးပါဘူးလို့ သတင်းက ဆိုပါတယ်။

ဘုရား ပရဝဏ်အတွင်း နဲ့ ဘုရားရင်​ပြင် အပေါ်မှာ ဘုရားဖူးသူတွေနဲ့ တာဝန်ရှိသူတွေ ဒီလောက်များပြားစွာ ရှိနေတဲ့အချိန်မှာ အလှူခံပုံးကို ရိုက်ခွဲပြီး ခိုးယူခဲ့တဲ့ အချက်ကတော့ စဉ်းစားရခက်စေခဲ့ပါတယ်။

ဒီအမှုအခင်းကို သက်ဆိုင်ရာ ရဲစခန်းကနေ ဆက်လက်စုံစမ်းနေတယ်လို့ သိရှိရပြီး အဆိုပါ အိမ်တော်ရာစေတီတော်ရဲ့ ဘုရားအလှူခံပုံး ဖောက်ထွင်းခိုးယူမှု အခင်းဖြစ်ပွားပုံ အကြောင်းစုံ နဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ စခန်းက ဆက်လက်ဖော်ထုတ်စုံစမ်းနေကြောင်း သိရှိရပါတယ်။

EFIL-APANNPYAY

ဘုရားအလႈခံပုံး ေဖာက္ထြင္းခိုးယူသူ

မေန႔က ေအာက္တိုဘာလ ၉ ရက္ေန႔ ညေန (၄)နာရီ (၁၅)မိနစ္အခ်ိန္ခန္႔မွာ ကေလးၿမိဳ႕ အိမ္ေတာ္ရာေစတီေတာ္ အေရွ႕ဘက္ေစာင္တန္းက အာ႐ုံခံဓမၼာ႐ုံထဲမွ အလႉခံပုံးမွန္ကို စကားေျပာက္စက္ျဖင့္ ထုရိုက္ၿပီး ပိုက္ဆံ ခိုးယူမႈ အခင္းျဖစ္ပြားခဲ့ပါတယ္။

ဒီသတင္းကို Ka Pho Tin အေကာင့္ပိုင္ရွင္ရဲ့ပို႔စ္ကေန တဆင့္ေတြ႕ရွိခဲ့ရတာျဖစ္ၿပီး သူ႔ရဲ့ သတင္းမၽွေဝမႈကို သက္ေသ ဓာတ္ပုံနဲ႔တကြ ApannPyay ပရိသတ္ႀကီးအတြက္ ျပန္လည္တင္ဆက္လိုက္ရျခင္းျဖစ္ပါတယ္ခင္ဗ်ာ။

ျဖစ္စဥ္အေသးစိတ္အရ ဘုရားအလႈခံပုံး ေဖာက္ခြဲသူဟာ အိမ္ေတာ္ရာေစတီဘုရားဝင္းထဲ ေယာင္လည္လည္ လုပ္ေနခဲ့တာ သုံးေလးရက္မၽွ ရွိၿပီလို႔ သိရပါတယ္။

အလႉခံပုံး ေဖာက္ခြင္းသူ သူခိုးရဲ့ အသြင္အျပင္နဲ႔ ပုံစံအရ လူပုံက ကတုံးနဲ႔ အားေကာင္းေမာင္းသန္ လူတစ္ေယာက္လို႔ သိရွိရၿပီး သူဟာ စိတ္ေဝဒနာရွင္တစ္ဦးလား ဆိုတာလည္း သံသယျဖစ္စရာ ရွိေနခဲ့ၿပီး သူ႔အေၾကာင္းကို သတင္းအတိအက်နဲ႔ ကြဲကြဲျပားျပား မသိရေသးပါဘူးလို႔ သတင္းက ဆိုပါတယ္။

ဘုရား ပရဝဏ္အတြင္း နဲ႔ ဘုရားရင္​ျပင္ အေပၚမွာ ဘုရားဖူးသူေတြနဲ႔ တာဝန္ရွိသူေတြ ဒီေလာက္မ်ားျပားစြာ ရွိေနတဲ့အခ်ိန္မွာ အလႉခံပုံးကို ရိုက္ခြဲၿပီး ခိုးယူခဲ့တဲ့ အခ်က္ကေတာ့ စဥ္းစားရခက္ေစခဲ့ပါတယ္။

ဒီအမႈအခင္းကို သက္ဆိုင္ရာ ရဲစခန္းကေန ဆက္လက္စုံစမ္းေနတယ္လို႔ သိရွိရၿပီး အဆိုပါ အိမ္ေတာ္ရာေစတီေတာ္ရဲ့ ဘုရားအလႉခံပုံး ေဖာက္ထြင္းခိုးယူမႈ အခင္းျဖစ္ပြားပုံ အေၾကာင္းစုံ နဲ႔ အေၾကာင္းရင္းကို သက္ဆိုင္ရာ စခန္းက ဆက္လက္ေဖာ္ထုတ္စုံစမ္းေနေၾကာင္း သိရွိရပါတယ္။

EFIL-APANNPYAY