မြက်နှုတ်နေသူ အမျိုးသမီးကြီးထံမှ ဆွဲကြိုးဖြတ်ပြေးသွားသူ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး သတင်းပေးကြပါရန်

178

တောင်ဖီလာမှာ မြက်နှုတ်နေသူအမျိုးသမီးကြီးထံမှဆွဲကြိုးဖြတ်သူ သိရပြီ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး ဝိုင်းဝန်းသတင်းပေးကြပါရန်

မနေ့က အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ငါးနာရီခန့် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ အိုးအိမ် ဝန်ထမ်းအိမ်ရာအနီးအနား ခြံဝန်းထောင့်မှာ မြတ်နှုတ်နေသူ အမျိုးသမီးတစ်ဦးရဲ့ လည်ပင်းကနေ ဆွဲကြိုးဖြတ်ယူ ထွက်ပြေးသွားခဲ့တဲ့ အခင်းဖြစ်ပွားခဲ့ပါတယ်။

ဒီသတင်းကို အများအကျိုးပြုလုပ်ငန်း နဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ Ka Pho Tin အကောင့်ပိုင်ရှင် ကိုတင်ထွန်းဦးရဲ့ ပို့စ်ကနေ တဆင့်တွေ့ရှိခဲ့ရတာဖြစ်ပြီး သူ့ရဲ့ သတင်းမျှဝေမှုကို သက်သေ ဓာတ်ပုံနဲ့တကွ ApannPyay ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်လိုက်ရခြင်းဖြစ်ကာ သတင်းပေးမျှဝေလိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။

ကလေးမြို့နေ ပြည်သူများ ခင်ဗျာ။ လုယက်မှုစစ်ချက်များနဲ့ ပုံပါသက်သေအရ ပုံပါ အမျိုးသားဟာ ကလေးမြို့မှာ ဆွဲကြိုးဖြတ်ယူ လုယက်မှုနဲ့ အလိုရှိနေသူ ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်​ကြောင်း သိရှိခဲ့ရပါတယ်။ တွေ့ရှိပါက မြို့မရဲစခန်းနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ အမြန်ဆုံး အကြောင်းကြား ကူညီပေးကြပါခင်ဗျာ။

သူ့ရဲ့ နာမည်ကတော့ မောင်မောင်အောင်(ဘ)ဦးမြင့်စိုး ဖြစ်ကြောင်း သိရှိရပြီး အင်ဒိုင်းလေးကျေးရွာမှာ မိဘများနေထိုင်ပြီး မောင်မောင်အောင်မှာ အောင်မြေမာန်ရပ်ကွက်တွင် မတင့်ရင့်ဇော်နဲ့အတူအိမ်ငှါးနေထိုင်နေသူဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

၂၀၁၆တုန်းကလည်း ချမ်းမြေ့အောင်စည်ရပ်ကွက် နှင့် တာဟန်းရပ်ကွက်တွင် လုယက်မူဖြင့် ထောင်ကျဖူးသူဖြစ်ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှထောင်ကလွတ်လာသူဖြစ်ကြောင်း ကလေးမြို့ခံများရဲ့ သတင်းပေးချက်များအရ တွေ့ရှိခဲ့ရပါတယ်။

EFIL-ApannPyay

(Zawgyi)

ေတာင္ဖီလာမွာ ျမက္ႏႈတ္ေနသူအမ်ိဳးသမီးႀကီးထံမွဆြဲႀကိဳးျဖတ္သူ သိရၿပီ ေတြ႕ရွိပါက သက္ဆိုင္ရာသို႔ အျမန္ဆုံး ဝိုင္းဝန္းသတင္းေပးၾကပါရန္

မေန႔က ေအာက္တိုဘာလ ၁၀ ရက္ေန႔ ညေန ငါးနာရီခန္႔ ကေလးၿမိဳ႕၊ ေတာင္ဖီလာရပ္ကြက္၊ အိုးအိမ္ ဝန္ထမ္းအိမ္ရာအနီးအနား ၿခံဝန္းေထာင့္မွာ ျမတ္ႏႈတ္ေနသူ အမ်ိဳးသမီးတစ္ဦးရဲ့ လည္ပင္းကေန ဆြဲႀကိဳးျဖတ္ယူ ထြက္ေျပးသြားခဲ့တဲ့ အခင္းျဖစ္ပြားခဲ့ပါတယ္။

ဒီသတင္းကို အမ်ားအက်ိဳးျပဳလုပ္ငန္း နဲ႔ ပရဟိတအလုပ္ေတြ လုပ္ကိုင္ေနတဲ့ Ka Pho Tin အေကာင့္ပိုင္ရွင္ ကိုတင္ထြန္းဦးရဲ့ ပို႔စ္ကေန တဆင့္ေတြ႕ရွိခဲ့ရတာျဖစ္ၿပီး သူ႔ရဲ့ သတင္းမၽွေဝမႈကို သက္ေသ ဓာတ္ပုံနဲ႔တကြ ApannPyay ပရိသတ္ႀကီးအတြက္ ျပန္လည္တင္ဆက္လိုက္ရျခင္းျဖစ္ကာ သတင္းေပးမၽွေဝလိုက္ရျခင္း ျဖစ္ပါတယ္ခင္ဗ်ာ။

ကေလးၿမိဳ႕ေန ျပည္သူမ်ား ခင္ဗ်ာ။ လုယက္မႈစစ္ခ်က္မ်ားနဲ႔ ပုံပါသက္ေသအရ ပုံပါ အမ်ိဳးသားဟာ ကေလးၿမိဳ႕မွာ ဆြဲႀကိဳးျဖတ္ယူ လုယက္မႈနဲ႔ အလိုရွိေနသူ ထြက္ေျပးတိမ္းေရွာင္ေနသူ ျဖစ္​ေၾကာင္း သိရွိခဲ့ရပါတယ္။ ေတြ႕ရွိပါက ၿမိဳ႕မရဲစခန္းနဲ႔ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးထံသို႔ အျမန္ဆုံး အေၾကာင္းၾကား ကူညီေပးၾကပါခင္ဗ်ာ။

သူ႔ရဲ့ နာမည္ကေတာ့ ေမာင္ေမာင္ေအာင္(ဘ)ဦးျမင့္စိုး ျဖစ္ေၾကာင္း သိရွိရၿပီး အင္ဒိုင္းေလးေက်းရြာမွာ မိဘမ်ားေနထိုင္ၿပီး ေမာင္ေမာင္ေအာင္မွာ ေအာင္ေျမမာန္ရပ္ကြက္တြင္ မတင့္ရင့္ေဇာ္နဲ႔အတူအိမ္ငွါးေနထိုင္ေနသူျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္။

၂၀၁၆တုန္းကလည္း ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္ ႏွင့္ တာဟန္းရပ္ကြက္တြင္ လုယက္မူျဖင့္ ေထာင္က်ဖူးသူျဖစ္ၿပီး ၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္မွေထာင္ကလြတ္လာသူျဖစ္ေၾကာင္း ကေလးၿမိဳ႕ခံမ်ားရဲ့ သတင္းေပးခ်က္မ်ားအရ ေတြ႕ရွိခဲ့ရပါတယ္။

EFIL-ApannPyay