ဒီနှစ်ဆိုရင် ဘွဲ့ရလေးတွေဖြစ်လာမယ့် ကျောင်းသား(၂၅၀)လေတိမ်းမှောက်ဖူးတဲ့အဖြစ်

84

တောင်ကိုရီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုက အခုထက်ထိကျန်ရစ်သူမိဘတွေကို စိတ်ထဲမှာ တနုံ့နုံ့နဲ့ တွေးမိတိုင်းခံစားရခက်နေတုန်းပါ။ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကျောင်းသားလေးတွေဟာ အဖြစ်အပျက်တစ်ခုမှာ အကုန်လုံးအသက်ပေးလိုက်ရတဲ့ ကံကြမ္မာဆိုးတစ်ခုပါပဲ။

အထက်တန်းကျောင်းသား (၃၂၅)လောက်ပါတဲ့ သင်္ဘောတစ်စင်းမှာ လူစုစုပေါင်း (၄၇၆)ယောက်ပါပါတယ်။ အင်ချွန်းကနေ ဂျယ်ဂျူးကျွန်းကို လေ့လာရေးခရီးထွက်ဖို့ သင်္ဘောနဲ့ အတူတူခရီးထွက်လာချိန် လှေကထိခိုက်မှုတစ်ခုခုဖြစ်ခဲ့ပြီး တိမ်းမှောက်ခဲ့ပါတယ်။

ကျောင်းသားလေး အယောက်(၂၅၀)အပါအဝင် (၃၀၄)ယောက် ရေနှစ်သေဆုံးခဲ့ပြီး၊ တောင်ကိုရီးယားသမိုင်းမှာ အဆိုးဆုံးသော သင်္ဘောတိမ်းမှောက်မှုတစ်ခုဖြစ်ခဲ့တာပါ။ ဒီကျောင်းသားလေးတွေဟာ အထက်တန်းတွေဖြစ်တဲ့အတွက် တိမ်းမှောက်ချိန် (၂၀၁၄)ကနေ တွက်လိုက်ရင် အခုနှစ်မှာ ဘွဲ့ရကလေးတွေဖြစ်လာမယ့် ကျောင်းသားလေးတွေပါ။

ကျောင်းသားလေးတွေက ဒေဝန်းအထက်တန်းကျောင်းကဖြစ်ပြီး အဲဒီထဲက သေဆုံးသွားတဲ့ (၅)ယောက်ဟာ ကိုရီးယားနိုင်ငံသားမဟုတ်ဘဲ ဖော်ရိန်နာကလေးတွေဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အဖြစ်အပျက်မှာ ကံဆိုးခဲ့တဲ့ ကျောင်းသားလေးတွေကို ကျောင်းက သတိတရနဲ့ ပြန်အမှတ်တရပွဲတွေလုပ်နေဆဲဖြစ်ပြီး သူတို့လေးတွေကို တန်ဖိုးထားတာကို ပြနေဆဲပါ။

တချို့အသက်ကာ် အင်္ကျီနဲ့အတူ လှေရဲ့တစ်နေရာမှာ ပုန်းနိုင်ခဲ့တဲ့ကျောင်းသားတွေကတော့ အသက်ရှင်ခဲ့ပြီး လက်ရှိမှာ ဘွဲ့ရတွေဖြစ်ကုန်ပြီဖြစ်ပါတယ်။ သဘောၤကနေ ထွက်ပြေးခဲ့တဲ့ ကပ္ပတိန်ကိုလည်း တစ်သက်တစ်ကျွန်းထောင်ချခဲ့သလို အခုအချိန်မှာ ကလေးတွေလည်း ကောင်းရာမွန်ရာရောက်ြ့ပီလို့ ဆုံးရှုံးခဲ့ရတဲ့ မိဘတွေက ဖြေသိမ့်နေကြပါတယ်။

သူရေး (ApannPyay)

ဒီႏွစ္ဆိုရင္ ဘြဲ႔ရေလးေတြျဖစ္လာမယ့္ ေက်ာင္းသား(၂၅၀)ေလတိမ္းေမွာက္ဖူးတဲ့အျဖစ္

ေတာင္ကိုရီးယားႏုိင္ငံမွာျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ေလးတစ္ခုက အခုထက္ထိက်န္ရစ္သူမိဘေတြကို စိတ္ထဲမွာ တႏံု႕ႏံု႕နဲ႔ ေတြးမိတုိင္းခံစားရခက္ေနတုန္းပါ။ အနာဂတ္မွာ ထြန္းေတာက္လာမယ့္ ေက်ာင္းသားေလးေတြဟာ အျဖစ္အပ်က္တစ္ခုမွာ အကုန္လံုးအသက္ေပးလိုက္ရတဲ့ ကံၾကမၼာဆိုးတစ္ခုပါပဲ။

အထက္တန္းေက်ာင္းသား (၃၂၅)ေလာက္ပါတဲ့ သေဘၤာတစ္စင္းမွာ လူစုစုေပါင္း (၄၇၆)ေယာက္ပါပါတယ္။ အင္ခၽြန္းကေန ဂ်ယ္ဂ်ဴးကၽြန္းကို ေလ့လာေရးခရီးထြက္ဖို႔ သေဘၤာနဲ႔ အတူတူခရီးထြက္လာခ်ိန္ ေလွကထိခိုက္မႈတစ္ခုခုျဖစ္ခဲ့ျပီး တိမ္းေမွာက္ခဲ့ပါတယ္။

ေက်ာင္းသားေလး အေယာက္(၂၅၀)အပါအ၀င္ (၃၀၄)ေယာက္ ေရႏွစ္ေသဆံုးခဲ့ျပီး၊ ေတာင္ကိုရီးယားသမိုင္းမွာ အဆိုးဆံုးေသာ သေဘၤာတိမ္းေမွာက္မႈတစ္ခုျဖစ္ခဲ့တာပါ။ ဒီေက်ာင္းသားေလးေတြဟာ အထက္တန္းေတြျဖစ္တဲ့အတြက္ တိမ္းေမွာက္ခ်ိန္ (၂၀၁၄)ကေန တြက္လိုက္ရင္ အခုႏွစ္မွာ ဘြဲ႔ရကေလးေတြျဖစ္လာမယ့္ ေက်ာင္းသားေလးေတြပါ။

ေက်ာင္းသားေလးေတြက ေဒ၀န္းအထက္တန္းေက်ာင္းကျဖစ္ျပီး အဲဒီထဲက ေသဆံုးသြားတဲ့ (၅)ေယာက္ဟာ ကိုရီးယားႏုိင္ငံသားမဟုတ္ဘဲ ေဖာ္ရိန္နာကေလးေတြျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ အျဖစ္အပ်က္မွာ ကံဆိုးခဲ့တဲ့ ေက်ာင္းသားေလးေတြကို ေက်ာင္းက သတိတရနဲ႔ ျပန္အမွတ္တရပြဲေတြလုပ္ေနဆဲျဖစ္ျပီး သူတို႔ေလးေတြကို တန္ဖိုးထားတာကို ျပေနဆဲပါ။

တခ်ိဳ႕အသက္ကာ္ အက်ၤီနဲ႔အတူ ေလွရဲ႕တစ္ေနရာမွာ ပုန္းႏုိင္ခဲ့တဲ့ေက်ာင္းသားေတြကေတာ့ အသက္ရွင္ခဲ့ျပီး လက္ရွိမွာ ဘြဲ႔ရေတြျဖစ္ကုန္ျပီျဖစ္ပါတယ္။ သေဘာၤကေန ထြက္ေျပးခဲ့တဲ့ ကပၸတိန္ကိုလည္း တစ္သက္တစ္ကၽြန္းေထာင္ခ်ခဲ့သလို အခုအခ်ိန္မွာ ကေလးေတြလည္း ေကာင္းရာမြန္ရာေရာက္ျ႔ပီလို႔ ဆံုးရံႈးခဲ့ရတဲ့ မိဘေတြက ေျဖသိမ့္ေနၾကပါတယ္။

သူေရး (ApannPyay)