တံတားအောက်တွင် ဖိနပ်၊နာရီ၊ခမောက်ကိုသာတွ့ရ တော့သည့် (၇)တန်းကျောင်းသူလေး ပြန်ရှာမတွေ့သေး

33

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် ပျောက်သွားလို့ လိုက်ရှာသည့်အခါ တံတားအောက်တွင် သူမဝတ်ဆင်သွားသည့် ဖိနပ်၊နာရီ၊ခမောက်ကိုသာတွ့ရ တော့သည့် ကျောင်းသူမလေး ယနေ့အထိ ပြန်ရှာမတွေ့သေးကြောင်း သိရသည်။

ရေကြည်မြို့နယ်၊အောင်ဆန်းရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး ငါးသိုင်းချောင်းမြို့ အထက်တန်းကျောင်းတွင် ၇ တန်း တက်နေသူ ဖြစ်ပြီး စျေးထဲမုန့်ထွက်ဝယ်စားရင်း အိမ်ပြန်မလာသဖြင့် လိုက်ရှာကြရာမှာ ငါးသိုင်းချောင်း မြစ်ကူးတံတား၏ အောက် ကမ်းစပ်တွင် ၎င်းဝတ်ဆင်သွား သည့် နာရီ ၊ခမောက်၊ဖိနပ်ကိုသာပြန် တွေ့ရတော့ကြောင်းသိရသည်။

(၇)တန်းကျောင်းသူကို ၂၀၁၉ခုနှစ် သြဂုတ် (၃၁)ရက်နံနက်ကပျောက်ဆုံးခဲ့ ခြင်းဖြစ်ပြီး ၂၀၁၉ခုနှစ် အောက်တိုဘာ (၁၂)ရက်ယနေ့အထိ ပြန်ရှာမတွေ့သေး ကျောင်းသူမလေး၏ အသက်မှ ၁၄ နှစ်ခန့်ဖြစ်ကြောင်းသိရသည်။

”အစအနကိုပြန် မတွေ့သေးတာပါ တစ်လကျော်နေပါပြီ ကျွန်တော်ရဲ့ အထင်တော့ ရေထဲခုန်ချတယ်လို့ ထင်တယ် ဒါပေမယ့်လည်း အလောင်း တွေ့ရမယ်လေ အခုက ခက်ပါတယ် မိသားစုကတော့ အကောင်းဘက်ကန မျှော်လင့်တာပေါ့ တစ်ကြိမ်အခုလိုပဲ ပျောက်ဖူးတဲ့ဗျ ဒီကလေးမလေးက အဲ့တုန်းကတော့ ရက် ၂၀ ကျော်ကျော် လောက်ကြာတယ် အခုတော့ တစ်လ ကျော်နေပါပြီ”ဟု ပျောက်ဆုံး ကျောင်းသူ ရှာရာတွင်ပါဝင်သူ ကိုကျော်မိုးက ပြောသည်။

ပျောက်ဆုံးနေသည့် အသက်(၁၄)ရက် အရွယ်(၇)တန်းကျောင်းသူသည် ပထမ အကြိမ်ပျောက်စဉ်တုန်းကလည်း ငါးသိုင်း ချောင်းတံတားအောက်တွင် ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ပျောက်ဆုံး ကျောင်းသူနှင့် ပတ်သက်ပြီး မိသားစုများမှာ ရေကြည်မြို့မရဲစခန်း တွင် လူပျောက်တိုင်ကြားထားကြောင်း သိရသည်။

သတင်းတာဝန်ခံ – ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

(Zawgyi)

တံတားေအာက္တြင္ ဖိနပ္၊နာရီ၊ခေမာက္ကိုသာတြ႕ရ ေတာ့သည့္ (၇)တန္းေက်ာင္းသူေလး ယေန႔အထိ ျပန္ရွာမေတြ႕ေသး

ေအာက္တိုဘာ(၁၂)AlinnMyay(အလင္းေျမ)

ဧရာဝတီတိုင္းေဒသႀကီး ေရၾကည္ၿမိဳ႕နယ္တြင္ ေပ်ာက္သြားလို႔ လိုက္ရွာသည့္အခါ တံတားေအာက္တြင္ သူမဝတ္ဆင္သြားသည့္ ဖိနပ္၊နာရီ၊ခေမာက္ကိုသာတြ႕ရ ေတာ့သည့္ ေက်ာင္းသူမေလး ယေန႔အထိ ျပန္ရွာမေတြ႕ေသးေၾကာင္း သိရသည္။

ေရၾကည္ၿမိဳ႕နယ္၊ေအာင္ဆန္းရပ္ကြက္ တြင္ေနထိုင္သူျဖစ္ၿပီး ငါးသိုင္းေခ်ာင္းၿမိဳ႕ အထက္တန္းေက်ာင္းတြင္ ၇ တန္း တက္ေနသူ ျဖစ္ၿပီး ေစ်းထဲမုန႔္ထြက္ဝယ္စားရင္း အိမ္ျပန္မလာသျဖင့္ လိုက္ရွာၾကရာမွာ ငါးသိုင္းေခ်ာင္း ျမစ္ကူးတံတား၏ ေအာက္ ကမ္းစပ္တြင္ ၎ဝတ္ဆင္သြား သည့္ နာရီ ၊ခေမာက္၊ဖိနပ္ကိုသာျပန္ ေတြ႕ရေတာ့ေၾကာင္းသိရသည္။

(၇)တန္းေက်ာင္းသူကို ၂၀၁၉ခုႏွစ္ ၾသဂုတ္ (၃၁)ရက္နံနက္ကေပ်ာက္ဆုံးခဲ့ ျခင္းျဖစ္ၿပီး ၂၀၁၉ခုႏွစ္ ေအာက္တိုဘာ (၁၂)ရက္ယေန႔အထိ ျပန္ရွာမေတြ႕ေသး ေက်ာင္းသူမေလး၏ အသက္မွ ၁၄ ႏွစ္ခန႔္ျဖစ္ေၾကာင္းသိရသည္။

”အစအနကိုျပန္ မေတြ႕ေသးတာပါ တစ္လေက်ာ္ေနပါၿပီ ကၽြန္ေတာ္ရဲ့ အထင္ေတာ့ ေရထဲခုန္ခ်တယ္လို႔ ထင္တယ္ ဒါေပမယ့္လည္း အေလာင္း ေတြ႕ရမယ္ေလ အခုက ခက္ပါတယ္ မိသားစုကေတာ့ အေကာင္းဘက္ကန ေမၽွာ္လင့္တာေပါ့ တစ္ႀကိမ္အခုလိုပဲ ေပ်ာက္ဖူးတဲ့ဗ် ဒီကေလးမေလးက အဲ့တုန္းကေတာ့ ရက္ ၂၀ ေက်ာ္ေက်ာ္ ေလာက္ၾကာတယ္ အခုေတာ့ တစ္လ ေက်ာ္ေနပါၿပီ”ဟု ေပ်ာက္ဆုံး ေက်ာင္းသူ ရွာရာတြင္ပါဝင္သူ ကိုေက်ာ္မိုးက ေျပာသည္။

ေပ်ာက္ဆုံးေနသည့္ အသက္(၁၄)ရက္ အရြယ္(၇)တန္းေက်ာင္းသူသည္ ပထမ အႀကိမ္ေပ်ာက္စဥ္တုန္းကလည္း ငါးသိုင္း ေခ်ာင္းတံတားေအာက္တြင္ ျပန္ေတြ႕ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ေပ်ာက္ဆုံး ေက်ာင္းသူႏွင့္ ပတ္သက္ၿပီး မိသားစုမ်ားမွာ ေရၾကည္ၿမိဳ႕မရဲစခန္း တြင္ လူေပ်ာက္တိုင္ၾကားထားေၾကာင္း သိရသည္။

သတင္းတာဝန္ခံ – ေက်ာ္ေခတ္လင္း #AlinnMyay(အလင္းေျမ)