မြင့်မြတ် နှင့် ထူးအယ်လင်း တို့ မတည်လှူဒါန်းငွေဖြင့် အောင်သိဒ္ဓိစေတီကို တည်ထား ပူဇော်မည်

42

ဧရာဝတီတိုင်းဒေသကြီး၊သာပေါင်းမြို့ နယ်လှေတော်ကျေးရွာ ကျောက်တောင် အပေါ်တွင် အဆိုတော်ထူးအယ်လင်းနှင့် မြင့်မြတ်တို့၏ မတည်လှူဒါန်းငွေဖြင့် အောင်သိဒ္ဓိစေတီကိုတည်ထား ပူဇော်လျှက်ရှိကြောင်းသိရသည်။

အောင်သိဒ္ဓိစေတီတည်ထား ပူဇော်ရန်အတွက် အဆိုတော်ထူးအယ် လင်းနှင့် သရုပ်ဆောင်မြင့်မြတ်တို့က မတည်အလှူငွေသိန်း(၈၀)ကျပ်လှူဒါန်း ပေးကြောင်းသိရသည်။

”လှေတော်ကျေးရွာမှာ စေတီတည်ဖို့ရှိတာဟုတ်ပါတယ် အဆိုတော် ထူးအယ်လင်း သရုပ်ဆောင် မြင့်မြတ်တို့၏ မတည်အလှူငွေနဲ့ တည်ထားပူဇော်နေပါတယ်”ဟု ဒေသခံ ဦးကံမြင့်ကပြောသည်။

သာပေါင်းမြို့နယ် လှေတော်ကျေးရွာ တွင် တည်ထားပူဇော်မည့် အောင်သိဒ္ဓိ စေတီတော်တည်ထားပူဇော်ရန်အတွက် အဆိုတော် ထူးအယ်လင်းမှ အလှူငွေ သိန်း(၃၀) ကျပ်၊သရုပ်ဆောင်မြင့်မြတ်မှသိန်း(၅၀)ကျပ်ကို စုစုပေါင်း သိန်း ၈၀ ကျပ်ကိုပါဝင် မတည်းလှူဒါန်းပေး ခြင်းဖြစ်ကြောင်းသိရသည်။

”ဒေသမှာ အနုပညာရှင်တွေရဲ့ ပံ့ပိုးလှူ ဒါန်းမှုငွေနဲ့ လိုအပ်တဲ့ စေတီတော်ကို တည်ထားပူဇော်တော့မှာ ကိုယ့်ဒေသမှာ တည်ထားမယ့် စေတီကို လှူပေးတဲ့ အနုပညာရှင်တွေကိုလည်း အခုထက် ပိုချစ်ပါ သူတို့တွေလည်း အခုထက် အောင်မြင်ပါစေလို့ဆုတောင်းပေး ပါတယ်”ဟု သာပေါင်းမြို့နယ် လှေတော် ကျေးရွာမှ မဝေဝေက ပြောသည်။

အဆိုပါ စေတီတော်ကို သရုပ်ဆောင် မြင့်မြတ် ထူးအယ်လင်းတို့၏ စုပေါင်း လှူဒါန်းငွေ သိန်း(၈၀) ကျပ်ဖြင့်စတင် တည်ထားပူဇော်ပူဆောင်ရွက်နေပြီ(၃၁) ဘုံသားအားလုံးအတွက်ရည်စူတည်ထားသည့်အတွက် ဉာဏ်တော်(၃၁)တောင်ခန့်ရှိကြောင်းသိရသည်။

သတင်းတာဝန်ခံ – ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

(Zawgyi)


အောက်တိုဘာ(၁၂)AlinnMyay(အလင်းမြေ)






