Myanmar Idol Golden Week ပထမပတ်အပြီး တစ်ပြေးနေတဲ့ ပြိုင်ပွဲဝင် ၄ ဦး

77

Myanmar Idol Season 4 ပြိုင်ပွဲဝင်တွေကို ApannPyay ပရိသတ်တွေ တော်တော်များများတော့ ကြည့်ရှုအားပေးနားဆင်ဖြစ်ပြီးလောက်ပြီ ထင်ပါတယ်နော်။ ApannPyay ချစ်ပရိသတ်ကြီးတို့ရေ… အဲ့ဒီ ပြိုင်ပွဲဝင်တွေထဲကမှ ကိုယ်သဘောကျတဲ့ အကြိုက်ဆုံး အသံပိုင်ရှင်တစ်ယောက်ရော တွေ့နေကြပြီလားဗျို့။

အပြိုင်အဆိုင်လည်း အားပေးနေကြတာမြင်ရသလို ကိုယ့်ရဲ့ Idol လေးကို ဝန်းရံမယ့်သူတွေကလည်း အဆင်သင့်ကိုစောင့်မျှော်နေကြတာလည်း Myanmar Idol ပြိုင်ပွဲရဲ့ အစဥ်အလာလိုကို ဖြစ်နေပြီး ဒီနှစ်မှာလည်း ထူးခြားတဲ့ အသံပိုင်ရှင် နဲ့ ပါရမီရှင် ပြိုင်ပွဲဝင် တွေ တဦးပြီးတဦး ထွက်ပေါ်လာနေပြန်ပါပြီ။

တစ်နှစ်နဲ့တစိနှစ် မတူညီတဲ့ တင်ဆက်ပုံ.. မတူညီတဲ့ ထူးထူးခြားခြား ရွက်ပုန်းသီး အဆိုပါရမီရှင် ပြိုင်ပွဲဝင်အသစ်တွေအပြင် သူမတူအောင် ဆွဲဆောင်နိုင်လွန်းတဲ့ အခင်းအကျင်းအသစ်တွေနဲ့ Myanmar Idol Season 4 ဟာ လက်ရှိအချိန်မှာ ပရိသတ်တွေရှေ့မှောက်ကို နောက်ထပ်တစ်ကြိမ် ရောက်ရှိလာခဲ့ပြီး Judges Audition အဆင့်မှာကတည်းက အားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုအသစ်တွေကို ပေးစွမ်းလာခဲ့ပြန်တာဟာ Golden Week ရဲ့ ပထမရက်သတ္တပတ်ဖြစ်တဲ့ Theatre Round 1 အဆင့်ထိရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ Myanmar Idol Season 4 မှာ ဒိုင်တွေအဖြစ် နို်င်ငံကျော် ဂီတအနုပညာရှင်များဖြစ်တဲ့ အောင်ကိုလတ် တင်ဇာမော် ဖြူဖြူကျော်သိန်းတို့က တာဝန်ဆောင်ရွက်နေတာဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ်နဲ့ တစ်ပတ်မတူအောင်ကို ညှို့ငင် ဖမ်းစားနေတာဖြစ်ပါတယ်။

Myanmar Idol အဆိုပြိုင်ပွဲဟာ ပဏာမအသံစစ်ဆေးခြင်း Judges Audition အဆင့်ကို ပြီးမြောက်လို့ Golden Week အနေနဲ့ Theatre Round 1 အဆင့် ယှဥ်ပြိုင်မှုကို စတင်ထုတ်လွှင့်ပြသနေပြီဖြစ်လို့ ပရိသတ်တွေ ပိုပြီးစိတ်လှုပ်ရှားစရာအခြေအနေတစ်ခုကို ရောက်လာပြီး ကိုယ််အားပေးတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အဆိုပညာ အရည်အသွေးတွေကိုလည်း ပိုပြီး ထင်ရှားလာပြီဖြစ်ပါတယ်။

Myanmar Idol Golden Week ပထမပတ်အပြီးမှာ ပရိသတ်တွေ စိတ်ကြိုက်အဖြစ်ဆုံး တစ်ပြေးနေတဲ့ ပြိုင်ပွဲဝင် ၄ ဦး လည်း ထွက်ပေါ်လာခဲ့တာ ထင်ရှားခဲ့ပြီဖြစ်ပါတယ်။

ဒါက လက်ရှိမှာ ပရိသတ်အားပေးမှု အခံရဆုံး နဲ့ စိတ်ဝင်တစား အာရုံစိုက်ခြင်းအခံရဆုံး ပြိုင်ပွဲဝင် လေးဦးလို့လည်း ဆိုနိုင်ပါတယ်။

သူတို့တွေကတော့ Winner ဖြစ်လာမယ်လို့ သဲသဲလှုပ် ထင်ကြေးပေးခံနေရတဲ့ အသက်အငယ်ဆုံး မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်လေး အေးမြဖြူ၊ နိုင်ငံကျော်အနုပညာရှင်တွေကပါ ဝန်းရံနေတဲ့ ကချင်တိုင်းရင်းသူ ပြိုင်ပွဲဝင်လေး အက်စသာဒေါ့သ်ချင်းဆုန်၊ နာဂမျိုးဆက်တွေအတွက် နာဂဂီတမျိုးဆက်သစ်လေး တန်ခွန်ကျော် နဲ့ Myanmar Idol Season 4 ရဲ့ နာမည်ကြီး ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ Benjamin Sum တို့ပဲဖြစ်ပါတယ်။

သူတို့တွေလေးဦးစလုံးဟာ ပရိတ်သတ်များ ထင်ကြေးပေးခဲ့ကြတဲ့အတိုင်း mood အပြည့်နဲ့ သီဆိုယှဥ်ပြိုင်ပီး ပရိတ်သတ်များ ထင်ကြေးပေးခဲ့ကြတဲ့အတိုင်း နောက်တစ်ဆင့်ကို အောင်မြင်စွာနဲ့ တက်လှမ်းသွားခဲ့ပြီး Winner ဖြစ်ဖို့ ခြေတစ်လှမ်းတိုးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Myanmar Idol Season 4 ရဲ့ ပရိတ်သတ်အများစု တစ်ပေးခြင်းခံထားရတဲ့ နာမည်ကြီးပြိုင်ပွဲဝင်တွေဟာ နောက်တစ်ဆင် ထိုက်ထိုက်တန်တန် တက်ရောက်သွားတာမို့ သူတို့ရဲ့ပရိသတ်တွေကတော့ ဝမ်းမြောက်ကိုယ်စီ ဂုဏ်ယူနေကြရပြီဖြစ်သလို ဘယ်သူ Winner ဖြစ်မလဲဆိုတာလည်း စိတ်လှုပ်ရှားဖွယ်ရာ ဆက်လက်စောင့်ကြည့် အာရုံစိုက်နေကြပြီဖြစ်ပါတယ်။

ApannPyay ချစ်ပရိသတ်ကြီးတို့ကရော… Myanmar Idol Season 4 ရဲ့ ပရိတ်သတ်အများစု တစ်ပေးခြင်းခံထားရတဲ့ နာမည်ကြီးပြိုင်ပွဲဝင်တွေကို အကြိုက်ချင်းတူကြပါရဲ့လား။ ဘယ်သူ့ကို အားအပေးဆုံးလည်း ဆိုတာကိုပါ မျှဝေပေးခဲ့ကြပါဦးနော်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

EFIL-APANNPYAY

(Zawgyi)





လက်ရှိ Myanmar Idol Season 4 မှာ ဒိုင်တွေအဖြစ် နိုင်ငံကျော် ဂီတအနုပညာရှင်များဖြစ်တဲ့ အောင်ကိုလတ် တင်ဇာမော် ဖြူဖြူကျော်သိန်းတို့က တာဝန်ဆောင်ရွက်နေတာဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ်နဲ့ တစ်ပတ်မတူအောင်ကို ညှို့ငင် ဖမ်းစားနေတာဖြစ်ပါတယ်။

Myanmar Idol အဆိုပြိုင်ပွဲဟာ ပဏာမအသံစစ်ဆေးခြင်း Judges Audition အဆင့်ကို ပြီးမြောက်လို့ Golden Week အနေနဲ့ Theatre Round 1 အဆင့် ယှဉ်ပြိုင်မှုကို စတင်ထုတ်လွှင့်ပြသနေပြီဖြစ်လို့ ပရိသတ်တွေ ပိုပြီးစိတ်လှုပ်ရှားစရာအခြေအနေတစ်ခုကို ရောက်လာပြီး ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အဆိုပညာ အရည်အသွေးတွေကိုလည်း ပိုပြီး ထင်ရှားလာပြီဖြစ်ပါတယ်။







EFIL-APANNPYAY