အမေကမလုပ်ဖို့ တားထားပေမဲ့ သမီးတွေဆက်လုပ်နေဆဲကိစ္စ(၅)ခု

69

သမီးလေးရှိတဲ့မေမေနဲ့ မေမေချစ်တဲ့ သမီးတို့ကြားမှာ အခု Apannpyay ကဖော်ပြမယ့် ကိစ္စလေးတွေက အမှားရယ်လို့ မဟုတ်ဘဲ လုပ်နေမယ့်အရာလေးတွေပါ။ အမေကလည်း မလုပ်ဖို့တားသလို သမီးကလည်း အမေမသိအောင်လုပ်လိုက်ရမှဆိုတဲ့ ညှိမရတဲ့အချက်လေးတွေပေါ့။ ဆိုးဆိုးသွမ်းသွမ်းတွေမဟုတ်ဘဲ သမီးဖြစ်သူကို စိတ်ပူတတ်တဲ့ မေမေရဲ့စိုးရိမ်စိတ်လေးတွေဆိုလည်းမမှားပါဘူး။

ဒီတော့ ကိုယ်ကြုံနေရတဲ့အချက် ဘယ်နှစ်ချက်ပါမလဲ။ အကုန်လုံးပဲလား ဒါမှမဟုတ် ကိုယ်က တစ်ချက်နဲ့မှ မညီဘဲ မေမေချစ်တဲ့ သမီးလိမ္မာလေးလားဆိုတာကတော့ ကြည့်လိုက်ရအောင်။

(၅)ဆံပင်ရေစိုကြီးနဲ့အိပ်တာ
ဒီအချက်က ညှင်းမရတဲ့အချက်ထဲပါပါလိမ့်မယ်။ Apannpyay ရဲ့ မေ့မေ့သမီးလေးတွေ ညဖက်မှ ခေါင်းလျှော်ပြီး အိပ်ရတာ အေးအေးလူလူရှိတယ်ဆိုတာဟုတ်တယ်ဟုတ်။ ခေါင်းအေးအေးလေးနဲ့အိပ် မနက်ရောက်တော့ ခြောက်သွားရော၊ အမေကတော့ ရောဂါဖြစ်မှာစိုးလို့ မလုပ်ဖို့ အတန်တန်တားပေမဲ့ ကိုယ်ကလည်း ဒါလေးကတော့ လုပ်လိုက်ရမှ ကျေနပ်တာမျိုးပါ။

(၄)အိပ်ချိန်ရောက်မှ ဖုန်းသုံးတာ
တခါတခါ အိပ်နေပြီလားလို့ လာချောင်းကြည့်ရင်း နင်မအိပ်သေးဘူးလားဆိုတဲ့ အမေ့ရဲ့ ဆူသံက နေ့တိုင်းကြားနေကျဆိုတာ ငြင်းလို့ရမယ်မထင်။ တကယ်လည်း အခုခတေ်ကတော့ အလုပ်ကပြန်လာအိပ်ခါနီးမှ ဖုန်းသုံးရတာဆိုတော့ အဆောင်နေသူကလွဲရင် မေမေ့အိမ်က သမီးလေးတွေကတော့ ဒီအချက်နဲ့ ညှိကိုညှိပါလိမ့်မယ်။

(၃)စားပြီးအိပ်တာ
တချို့ကတော့ ပြောင်းပြန် အိပ်ခါနီးမှ စားတာပါ။ တချို့ကတော့ စားပြီးဗိုက်တင်းမှ အိပ်တာပါ။ အမေက အဲဒီလိုမျိုးဆိုရင် သမီးရော၊ သားရော ဘာနေနေ စားပြးအိပ်တာကို ရောဂါတစ်ခုခုဖြစ်မှာကို စိုးရိမ်တာနဲ့ ကျန်းမာရေးအတွက်မကောင်းတာကြောင့် တားမြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကတော့ ဗိုက်တင်းတင်းလေးနဲ့ အိပ်ရမှ ကျေနပ်တာမလား။

(၂)တစ်နေကုန် ဖုန်း၊ ကွန်ပျူတာ သုံးတာ
အကယ်လို့ ကိုယ်က အိမ်မှာနေနေဆဲ လူတစ်ယောက်ဆိုရင် မေမေက သမီးဖြစ်သူ ဖုန်းတစ်နေကုန်သုံးနေတာကို လုံးဝမကြိုက်ပါဘူး။ မျက်စိပျက်မှာရယ်၊ ကြည့်မရတာရယ်ပေါင်းပြီး ဆူတာက ညံနေအောင်ကို ပြောခံရမှာ မလွဲပါပဲ။ အလုပ်လုပ်လို့ အိပ်ခါနီးသုံးရင်လည်း ဆူသလို အိမ်မှာဒီအတိုင်းလေးနေနေရင်လဲ ကျိန်းသေဆုမှာပါ။ အကောင်းဆုံးက ဘာမှမသုံးဘဲ မေမေ့သမီးအလိမ္မာလုပ်လိုက်ပါ။

(၁)သောက်တာစားတာ
ဒီခေတ်မိန်းကလေးတွေအတွက် ဆိုရှယ်ကျဖို့ဆိုပြီး သောက်တဲ့စားတဲ့ ကိစ္စတွေကတော့ တားလို့မရတော့ပါဘူး။ ဒါပေမဲ့ မေမေတို့ခေတ်က ဖြတ်သန်းလာတဲ့ပုံအရ မိန်းကလေးအရက်သောက်တာက လက်မခံနိုင်စရာပါပဲ။ မွေးနေ့၊ ပါတီ၊ လကုန်ရက်တွေမှာ ကိုယ်ကမိန်းကလေးဖြစ်ပေမဲ့ သောက်လာတယ်ဆိုတာသိရင်တော့ အဲဒီနေ့က ပွဲသိမ်းဆူခံရတဲ့နေ့ပါပဲ။ မေမေတချို့ကတော့ လက်ခံပေမဲ့ အများစုကတော့ ဖေဖေတွေကအစ လက်မခံပါဘူး။

သူရေး (ApannPyay)

Zawgyi

အေမကမလုပ္ဖို႔ တားထားေပမဲ့ သမီးေတြဆက္လုပ္ေနဆဲကိစၥ(၅)ခု

သမီးေလးရွိတဲ ့ေမေမနဲ႔ ေမေမခ်စ္တဲ့ သမီးတို႔ၾကားမွာ အခု Apannpyay ကေဖာ္ျပမယ့္ ကိစၥေလးေတြက အမွားရယ္လို႔ မဟုတ္ဘဲ လုပ္ေနမယ့္အရာေလးေတြပါ။ အေမကလည္း မလုပ္ဖို႔တားသလို သမီးကလည္း အေမမသိေအာင္လုပ္လိုက္ရမွဆိုတဲ့ ညိွမရတဲ့အခ်က္ေလးေတြပေါ့။ ဆိုးဆိုးသြမ္းသြမ္းေတြမဟုတ္ဘဲ သမီးျဖစ္သူကို စိတ္ပူတတ္တဲ့ ေမေမရဲ႕စိုးရိမ္စိတ္ေလးေတြဆိုလည္းမမွားပါဘူး။

ဒီေတာ့ ကိုယ္ၾကံဳေနရတဲ့အခ်က္ ဘယ္ႏွစ္ခ်က္ပါမလဲ။ အကုန္လံုးပဲလား ဒါမွမဟုတ္ ကိုယ္က တစ္ခ်က္နဲ႔မွ မညီဘဲ ေမေမခ်စ္တဲ့ သမီးလိမၼာေလးလားဆိုတာကေတာ့ ၾကည္႔လိုက္ရေအာင္။

(၅)ဆံပင္ေရစိုၾကီးနဲ႔အိပ္တာ
ဒီအခ်က္က ညွင္းမရတဲ့အခ်က္ထဲပါပါလိမ့္မယ္။ Apannpyay ရဲ႕ ေမ့ေမ့သမီးေလးေတြ ညဖက္မွ ေခါင္းေလွ်ာ္ျပီး အိပ္ရတာ ေအးေအးလူလူရွိတယ္ဆိုတာဟုတ္တယ္ဟုတ္။ ေခါင္းေအးေအးေလးနဲ႔အိပ္ မနက္ေရာက္ေတာ့ ေျခာက္သြားေရာ၊ အေမကေတာ့ ေရာဂါျဖစ္မွာစိုးလို႔ မလုပ္ဖို႔ အတန္တန္တားေပမဲ့ ကိုယ္ကလည္း ဒါေလးကေတာ့ လုပ္လိုက္ရမွ ေက်နပ္တာမ်ိဳးပါ။

(၄)အိပ္ခ်ိန္ေရာက္မွ ဖုန္းသံုးတာ
တခါတခါ အိပ္ေနျပီလားလို႔ လာေခ်ာင္းၾကည္႔ရင္း နင္မအိပ္ေသးဘူးလားဆိုတဲ့ အေမ့ရဲ႕ ဆူသံက ေန႔တိုင္းၾကားေနက်ဆိုတာ ျငင္းလို႕ရမယ္မထင္။ တကယ္လည္း အခုခေတ္ကေတာ့ အလုပ္ကျပန္လာအိပ္ခါနီးမွ ဖုန္းသံုးရတာဆိုေတာ့ အေဆာင္ေနသူကလြဲရင္ ေမေမ့အိမ္က သမီးေလးေတြကေတာ့ ဒီအခ်က္နဲ႔ ညိွကိုညွိပါလိမ့္မယ္။

(၃)စားျပီးအိပ္တာ
တခ်ိဳ႕ကေတာ့ ေျပာင္းျပန္ အိပ္ခါနီးမွ စားတာပါ။ တခ်ိဳ႕ကေတာ့ စားျပီးဗိုက္တင္းမွ အိပ္တာပါ။ အေမက အဲဒီလိုမ်ိဳးဆိုရင္ သမီးေရာ၊ သားေရာ ဘာေနေန စားျပးအိပ္တာကို ေရာဂါတစ္ခုခုျဖစ္မွာကို စုိးရိမ္တာနဲ႔ က်န္းမာေရးအတြက္မေကာင္းတာေၾကာင့္ တားျမစ္တတ္ၾကပါတယ္။ ဒါေပမဲ့ ကိုယ္ကေတာ့ ဗိုက္တင္းတင္းေလးနဲ႔ အိပ္ရမွ ေက်နပ္တာမလား။

(၂)တစ္ေနကုန္ ဖုန္း၊ ကြန္ပ်ဴတာ သံုးတာ
အကယ္လို႔ ကိုယ္က အိမ္မွာေနေနဆဲ လူတစ္ေယာက္ဆိုရင္ ေမေမက သမီးျဖစ္သူ ဖုန္းတစ္ေနကုန္သံုးေနတာကို လံုး၀မၾကိဳက္ပါဘူး။ မ်က္စိပ်က္မွာရယ္၊ ၾကည္႔မရတာရယ္ေပါင္းျပီး ဆူတာက ညံေနေအာင္ကို ေျပာခံရမွာ မလြဲပါပဲ။ အလုပ္လုပ္လို႔ အိပ္ခါနီးသံုးရင္လည္း ဆူသလို အိမ္မွာဒီအတိုင္းေလးေနေနရင္လဲ က်ိန္းေသဆုမွာပါ။ အေကာင္းဆံုးက ဘာမွမသံုးဘဲ ေမေမ့သမီးအလိမၼာလုပ္လိုက္ပါ။

(၁)ေသာက္တာစားတာ
ဒီေခတ္မိန္းကေလးေတြအတြက္ ဆုိရွယ္က်ဖို႔ဆိုျပီး ေသာက္တဲ့စားတဲ့ ကိစၥေတြကေတာ့ တားလို႔မရေတာ့ပါဘူး။ ဒါေပမဲ့ ေမေမတို႔ေခတ္က ျဖတ္သန္းလာတဲ့ပံုအရ မိန္းကေလးအရက္ေသာက္တာက လက္မခံႏုိင္စရာပါပဲ။ ေမြးေန႕၊ ပါတီ၊ လကုန္ရက္ေတြမွာ ကိုယ္ကမိန္းကေလးျဖစ္ေပမဲ့ ေသာက္လာတယ္ဆိုတာသိရင္ေတာ့ အဲဒီေန႔က ပြဲသိမ္းဆူခံရတဲ့ေန႔ပါပဲ။ ေမေမတခိ်ဳ႕ကေတာ့ လက္ခံေပမဲ့ အမ်ားစုကေတာ့ ေဖေဖေတြကအစ လက္မခံပါဘူး။

သူေရး (ApannPyay)