ထောပတ်သီးကြီးတစ်လုံးကို ဂင်းနစ်စံချိန်ဝင်အောင် တင်နိုင်ခဲ့တဲ့ မိသားစု

35

ကမ္ဘာပေါ်မှာ ထူးဆန်းတာတွေ၊ သူများနဲ့မတူတာတွေကို လုပ်ပြလုပ်နိုင်တဲ့ ထူးဆန်းတဲ့အရာတွေဆိုရင် ဂင်းနစ်စံချိန်ထဲ ထည့်ပေးတတ်ကြပါတယ်။ သူများထက်သာလွန်နေတာမျိုးမှ စံချိန်ဝင်တာဖြစ်ပြီး၊ ဂင်းနစ်စံချိန်ဝင်ဖို့ဆိုရင် အနောက်နိုင်ငံမှာ တော်တော်လေးအားထုတ်ကြတာပါ။

အခုလည်း အမေရိကန် ဟာဝိုင်ရီဒေသမှာရှတဲ့ Kula ဆိုတဲ့ မိသားစုဟာ ထောပတ်သီးကြီးတစ်လုံးကြောင့် ကမ္ဘာှုဂင်းနစ်စံချိန်ကို ဝင်ခဲ့ပ်ပြီ။ သူတို့ တင်သွားတဲ့ စံချိန်က ကမ္ဘာ့ဝိတ်အများဆုံး ထောပတ်သီးဆိုတဲ့ ဂုဏ်ပုဒ်ဖြစ်ပြီး ပုံမှန်ထက်ကို ပိုထူးခြားနေတဲ့ သူတို့ရဲ့ ထောပတ်သီးကြောင့် နာမည်ကြီးခဲ့ပါတယ်။

ထောပတ်သီးရဲ့ အလေးချိန်ကို သူတို့လိုပဲ ယှဉ်ပြိုင်နေတဲ့ အပင်စိုက်သူတွေဟာ မိသားစုရဲ့ ထောပတ်သီးကိုတော့ မယှဉ်နိုင်တော့ပါဘူး။ (၅.၆)ပေါင်လေးတဲ့ အဆိုပါ ထောပတ်သီးကို စံချိန်အဖွဲ့တွေက သူတို့သတ်မှတ်ထားတဲ့ လုပ်ထုံးအဆင့်ဆင့်နဲ့ စစ်ဆေးအပြီးမှာ အခုတွေ့တဲ့အလုံးဟာ တကယ်ပဲ လက်ရှိကမ္ဘာ့အလေးဆုံးဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီအသီးဟာ အရင်က သူတို့စိုက်ထားတဲ့ အပင်ကနေ သီးတာဖြစ်ပြီး၊ (၂၀၁၈)တုန်းကလည်း အဲဒီအပင်ကနေပဲသီးတဲ့ ထောပတ်သီးတစ်လုံးကို ဂင်းနစ်စံချိန်တင်ဖို့ ကြိုးစားပါသေးတယ်။ စံမမီတဲ့အတွက် ပယ်ချခံခဲရတာပါ။ အခုတစ်ခေါက်မှာတော့ ဂင်းနစ်အဖွဲ့က အသိအမှတ်ပြုခဲ့ရပြီး၊ နောက်ဆုံးထပ်တွေ့ခဲ့တဲ့ အလုံးတစ်လုံးဆိုရင်

ဟာဝိုင်ရီက တခြားပိုင်ရှင်ဆီကပဲ (၆.၇)ပေါင်လေးတဲ့ ထောပတ်သီးကြီးတစ်လုံးကို ထပ်တွေ့ခဲ့တယ်ဆိုပါတယ်။ ဒါပေမဲ့ ပိုင်ရှင်က ထောပတ်သီးကို ဂင်းနစ်စံချိန်တင်ဖို့မကြိုးစားဘဲ သတင်းစာရှင်းလင်းပွဲပဲလုပ်ခဲ့တဲ့အတွက် လက်ရှိမှာ Kula မိသားစုရဲ့ (၅.၆)ပေါင် ထောပတ်သီးကြီးက ကမ္ဘာ့အလေးဆုံးထောပတ်သီးကြီးအဖြစ် မှတ်တမင်းတင်ထားတာဖြစ်ပါတယ်။

သူရေး (ApannPyay)

ေထာပတ္သီးၾကီးတစ္လံုးကို ဂင္းနစ္စံခ်ိန္၀င္ေအာင္ တင္ႏုိင္ခဲ့တဲ့ မိသားစု

ကမာၻေပၚမွာ ထူးဆန္းတာေတြ၊ သူမ်ားနဲ႔မတူတာေတြကို လုပ္ျပလုပ္ႏိုင္တဲ့ ထူးဆန္းတဲ့အရာေတြဆိုရင္ ဂင္းနစ္စံခ်ိန္ထဲ ထည္႔ေပးတတ္ၾကပါတယ္။ သူမ်ားထက္သာလြန္ေနတာမ်ိဳးမွ စံခ်ိန္၀င္တာျဖစ္ျပီး၊ ဂင္းနစ္စံခ်ိန္၀င္ဖို႔ဆိုရင္ အေနာက္ႏိုင္ငံမွာ ေတာ္ေတာ္ေလးအားထုတ္ၾကတာပါ။

အခုလည္း အေမရိကန္ ဟာ၀ိုင္ရီေဒသမွာရွတဲ့ Kula ဆိုတဲ့ မိသားစုဟာ ေထာပတ္သီးၾကီးတစ္လံုးေၾကာင့္ ကမာၻႈဂင္းနစ္စံခ်ိန္ကို ၀င္ခဲ့ပ္ျပီ။ သူတို႔ တင္သြားတဲ့ စံခိ်န္က ကမာၻ႕၀ိတ္အမ်ားဆံုး ေထာပတ္သီးဆိုတဲ့ ဂုဏ္ပုဒ္ျဖစ္ျပီး ပံုမွန္ထက္ကို ပိုထူးျခားေနတဲ့ သူတို႔ရဲ႕ ေထာပတ္သီးေၾကာင့္ နာမည္ၾကီးခဲ့ပါတယ္။

ေထာပတ္သီးရဲ႕ အေလးခ်ိန္ကို သူတို႕လိုပဲ ယွဥ္ျပိဳင္ေနတဲ့ အပင္စိုက္သူေတြဟာ မိသားစုရဲ႕ ေထာပတ္သီးကိုေတာ့ မယွဥ္ႏုိင္ေတာ့ပါဘူး။ (၅.၆)ေပါင္ေလးတဲ့ အဆိုပါ ေထာပတ္သီးကို စံခ်ိန္အဖြဲ႔ေတြက သူတုိ႔သတ္မွတ္ထားတဲ့ လုပ္ထံုးအဆင့္ဆင့္နဲ႔ စစ္ေဆးအျပီးမွာ အခုေတြ႔တဲ့အလံုးဟာ တကယ္ပဲ လက္ရွိကမာၻ႕အေလးဆံုးဆိုတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။

ဒီအသီးဟာ အရင္က သူတို႔စိုက္ထားတဲ့ အပင္ကေန သီးတာျဖစ္ျပီး၊ (၂၀၁၈)တုန္းကလည္း အဲဒီအပင္ကေနပဲသီးတဲ့ ေထာပတ္သီးတစ္လံုးကို ဂင္းနစ္စံခ်ိန္တင္ဖို႔ ၾကိဳးစားပါေသးတယ္။ စံမမီတဲ့အတြက္ ပယ္ခ်ခံခဲရတာပါ။ အခုတစ္ေခါက္မွာေတာ့ ဂင္းနစ္အဖြဲ႔က အသိအမွတ္ျပဳခဲ့ရျပီး၊ ေနာက္ဆံုးထပ္ေတြ႔ခဲ့တဲ့ အလံုးတစ္လံုးဆိုရင္

ဟာ၀ိုင္ရီက တျခားပိုင္ရွင္ဆီကပဲ (၆.၇)ေပါင္ေလးတဲ့ ေထာပတ္သီးၾကီးတစ္လံုးကို ထပ္ေတြ႔ခဲ့တယ္ဆိုပါတယ္။ ဒါေပမဲ့ ပိုင္ရွင္က ေထာပတ္သီးကို ဂင္းနစ္စံခ်ိန္တင္ဖို႔မၾကိဳးစားဘဲ သတင္းစာရွင္းလင္းပြဲပဲလုပ္ခဲ့တဲ့အတြက္ လက္ရွိမွာ Kula မိသားစုရဲ႕ (၅.၆)ေပါင္ ေထာပတ္သီးၾကီးက ကမာၻ႕အေလးဆံုးေထာပတ္သီးၾကီးအျဖစ္ မွတ္တမင္းတင္ထားတာျဖစ္ပါတယ္။

သူေရး (ApannPyay)