ဒေါက်တာအောင်ကျော်ဝင်းအား ရွှေတိဂုံစေတီတော် အထက်ပေစ္စယံကို တက်ရောက်ဖူးမြော်ခွင့်ပြုခဲ့သည့် ကိစ္စ အငြင်းပွားမှု

90

ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဝင်းအား ရွှေတိဂုံစေတီတော် အထက်ပေစ္စယံကို တက်ရောက်ဖူးမြော်ခွင့်ပြုခဲ့သည့် ရွှေတိဂုံစေတီတော်၏ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကို ဌာနဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်

အောက်တိုဘာ(၁၂)AlinnMyay(အလင်းမြေ)

ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဝင်းအား ရွှေတိဂုံစေတီတော် အထက်ပေစ္စယံကို တက်ရောက်ဖူးမြော်ခွင့်ပြုခဲ့သည့် ရွှေတိဂုံစေတီတော်၏ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကို ဌာနဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းဒု ဥက္ကဋ္ဌနှင့်ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းပါသုံးဦး သည် ရွှေတိဂုံစေတီတော်၏ အထက်ပေစ္စယံသို့ ဖူးမြော်လိုကြောင်း အောက်တိုဘာ(၂)ရက်နေ့က လျှောက်လွှာနှင့်အတူ တာဝန်မှူးရုံးခန်းသို့ ခွင့်ပြုချက်တောင်းခံခဲ့ပြီး တာဝန်မှူးက ရွှေတိဂုံစေတီတော်၏ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေထံ ဆက်လက်တင်ပြ၍ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်

ဒေါက်တာအောင်ကျော်ဝင်းနှင့် အဖွဲ့သည်ပတ္တမြား မျက်ရှင်ဘုရားရှေ့တွင် အချိန်အနည်းငယ်ကြာ ဘုရားဝတ်ပြုပြီး ပြန်ထွက်သွားသည်ကို အထက်ပေစ္စယံ လုံခြုံရေးတာဝန်ကျ ရဲဘော်မှ တွေ့ရှိသဖြင့် သက်ဆိုင်ရာ စစ်ကြောင်းမှူးအပါအဝင် တာဝန်ရှိ ပုဂ္ဂိုလ်အသီးသီးကို သတင်းပေးတင်ပြခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းအဖွဲ့၊ ဂေါပကအဖွဲ့ဝင်လူကြီးများမှ ရုံးအဖွဲ့ကို ဌာနတွင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် အထက်ပေစ္စယံနေရာတွင် ဘုရားဝတ်ပြုခွင့် လျှောက်ထားရာမှာ လျှောက်လွှာတင်သွင်းရာ စည်းကမ်းချက်များတွင် လျှောက်ထားသူသည် စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊မြန်မာတိုင်းရင်းသား(၁၈)နှစ် ပြည့်ပြီးသူအမျိုးသား ဖြစ်ရမည်ဖြစ်ပြီးနိုင်ငံသားစီစစ်ရေး ကဒ်ပြား မူရင်းတင်ပြပြီး လျှောက်လွှာပုံစံ ရယူ၍ လျှောက်လွှာပုံစံနှင့် မိတ္တူပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရွှေတိဂုံ စေတီတော် ရုံးအဖွဲ့မှု ဦးထွန်း အောင်ငွေကို ၎င်းရာထူးမှရပ်ဆိုင်းထားကြောင်း သိရသည်။

သတင်းတာဝန်ခံ – ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

(Zawgyi)

ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း ဒုဥကၠ႒ ေဒါက္တာေအာင္ေက်ာ္ဝင္းအား ေ႐ႊတိဂံုေစတီေတာ္ အထက္ေပစၥယံကို တက္ေရာက္ဖူးေၿမာ္ခြင့္ျပဳခဲ႔သည့္ ေ႐ႊတိဂံုေစတီေတာ္၏ ႐ံုးအဖြဲ႔မွဴး ဦးထြန္းေအာင္ေငြကို ဌာနဆိုင္ရာစစ္ေဆးမႈမ်ား ျပဳလုပ္

ေအာက္တိုဘာ(၁၂)AlinnMyay(အလင္းေျမ)

ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း ဒုဥကၠ႒ ေဒါက္တာေအာင္ေက်ာ္ဝင္းအား ေ႐ႊတိဂံုေစတီေတာ္ အထက္ေပစၥယံကို တက္ေရာက္ဖူးေၿမာ္ခြင့္ျပဳခဲ႔သည့္ ေ႐ႊတိဂံုေစတီေတာ္၏ ႐ံုးအဖြဲ႔မွဴး ဦးထြန္းေအာင္ေငြကို ဌာနဆိုင္ရာစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ႔ေၾကာင္းသိရသည္။

ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္မ်က္ရတနာ လုပ္ငန္း႐ွင္မ်ား အသင္းဒု ဥကၠ႒ႏွင့္ေ႐ႊနန္းေတာ္ စိန္ေ႐ႊရတနာဆိုင္ပိုင္႐ွင္ ေဒါက္တာေအာင္ေက်ာ္ဝင္းပါသံုးဦး သည္ ေရႊတိဂုံေစတီေတာ္၏ အထက္ေပစၥယံသို႔ ဖူးေျမာ္လိုေၾကာင္း ေအာက္တိုဘာ(၂)ရက္ေန႔က ေလွ်ာက္လႊာႏွင့္အတူ တာဝန္မွဴး႐ံုးခန္းသို႔ ခြင့္ျပဳခ်က္ေတာင္းခံခဲ႔ၿပီး တာဝန္မွဴးက ေ႐ႊတိဂံုေစတီေတာ္၏ ႐ံုးအဖြဲ႔မွဴး ဦးထြန္းေအာင္ေငြထံ ဆက္လက္တင္ျပ၍ ခြင့္ျပဳခဲ႔ျခင္းျဖစ္ေၾကာင္းသိရသည္

ေဒါက္တာေအာင္ေက်ာ္ဝင္းႏွင့္ အဖြ႔ဲသည္ပတၱျမား မ်က္႐ွင္ဘုရားေ႐ွ႕တြင္ အခ်ိန္အနည္းငယ္ၾကာ ဘုရားဝတ္ျပဳၿပီး ျပန္ထြက္သြားသည္ကို အထက္ေပစၥယံ လံုၿခံဳေရးတာဝန္က် ရဲေဘာ္မွ ေတြ႔႐ွိသျဖင့္ သက္ဆိုင္ရာ စစ္ေၾကာင္းမွဴးအပါအဝင္ တာဝန္႐ွိ ပုဂၢိဳလ္အသီးသီးကို သတင္းေပးတင္ျပခဲ႔ျခင္းျဖစ္ ေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး ေ႐ႊတိဂံုေစတီေတာ္ ဘ႑ာထိန္းအဖြဲ႔၊ ေဂါပကအဖြဲ႔ဝင္လူႀကီးမ်ားမွ ႐ံုးအဖြဲ႔ကို ဌာနတြင္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ႔ၿပီး ေတြ႔႐ွိခ်က္မ်ားႏွင့္ ပတ္သက္၍ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေ႐ႊတိဂံုေစတီေတာ္ အထက္ေပစၥယံေနရာတြင္ ဘုရားဝတ္ျပဳခြင့္ ေလွ်ာက္ထားရာမွာ ေလွ်ာက္လႊာတင္သြင္းရာ စည္းကမ္းခ်က္မ်ားတြင္ ေလွ်ာက္ထားသူသည္ စာရိတၱေကာင္းမြန္ေၾကာင္း ရပ္ကြက္ေထာက္ခံစာ၊ျမန္မာတိုင္းရင္းသား(၁၈)ႏွစ္ ျပည့္ၿပီးသူအမ်ဳိးသား ျဖစ္ရမည္ျဖစ္ၿပီးႏိုင္ငံသားစီစစ္ေရး ကဒ္ျပား မူရင္းတင္ျပၿပီး ေလွ်ာက္လႊာပံုစံ ရယူ၍ ေလွ်ာက္လႊာပံုစံႏွင့္ မိတၱဴပူးတြဲတင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ေရႊတိဂုံ ေစတီေတာ္ ရုံးအဖြဲ႕မႈ ဦးထြန္း ေအာင္ေငြကို ၎ရာထူးမွရပ္ဆိုင္းထားေၾကာင္း သိရသည္။

သတင္းတာဝန္ခံ – ေက်ာ္ေခတ္လင္း #AlinnMyay(အလင္းေျမ)