မေတ္တာရှေ့ထားအကူအညီတောင်းခံအပ်ပါသည်

124

အလှူရှင်အမြန်ဆုံး ပေါ်စေဖို့ ဒီသတင်းကို စေတနာမွန်အသင်းနဲ့အတူ အများအကျိုးပြုလုပ်ငန်း နဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ Ko Nay Oo Thar အကောင့်ပိုင်ရှင် ဘကြီး စေတနာမွန်ရဲ့ ပို့စ်ကနေ တစ်ဆင့်တွေ့ရှိခဲ့ရတာဖြစ်ပြီး သူ့ရဲ့ သတင်းမျှဝေမှုကို သက်သေ ဓာတ်ပုံနဲ့တကွ AlinnMyay(အလင်းမြေ) ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်လိုက်ရခြင်းဖြစ်ကာ အလှူရှင်အမြန်ဆုံး ပေါ်စေလိုတဲ့ စေတနာနဲ့ သတင်းပေးမျှဝေလိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ နမ့်ကယ်အိုက်ကျေးရွာမှာနေထိုင်တဲ့ ရှမ်းတိုင်းရင်းသား စိုင်းဝင်းမောင်ဆိုသူဟာ လွန်ခဲ့တဲ့ လေးနှစ်ခန့်က မီးစက်နှိုးနေစဉ် ဘယ်ဘက်လက်ကို မတော်တဆထိခိုက်မိရာကနေ အစပြုလို့ ယခုအချိန်တွင် ဘယ်ဖက်လက်သည် လက်ချောင်းလေးများအားလုံးနီးပါး ပြတ်ကျသွားခဲ့ပြီလို့ ပို့စ်လေးမှာ ဝမ်းနည်ဖွယ်ရာ တွေ့ခဲ့ရပါတယ်။ သူဟာ စနစ်တကျ ဆေးကုသမှုခံယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ဒဏ်ရာဝေဒနာဟာ တံတောင်ဆစ်အထိ လှိုက်စားမူ့ဖြစ်ပေါ်လာခဲ့ပြီး လက်ကိုပါဖြတ်တောက်ပစ်ရတော့မယ် အခြေအနေအထိ ဆိုးရွားစွာခံစားနေရကြောင်း ဖော်ပြချက်အရ သိခဲ့ရပါတယ်။

ကိုစိုင်းဝင်းမောင်ဟာ ဘယ်ဘက်ခြေထောက်မှာလည်း မွေး ရာပါမသန်မစွမ်းဖြစ်တယ်လို့ သိရပြီး ခြေထောက်မှာ အနာများပေါက်နေကြောင်း တွေ့ခဲ့ရပါတယ်။

သူဟာ ကျန်းမာရေးမကောင်းသော်ငြား မိသားစုစားဝတ်နေရေးအတွက် ဒဏ်ရာများရှိလျက်နဲ့ပင် ရုန်းကန်နေရသူတစ်ဦးဖြစ်ပြီး ဝမ်းရေးအတွက် လုပ်ကိုင်ရှာဖွေစားသောက်နေရသူမို့ ဆေးကုသမှု ခံယူနိုင်ဖို့ မစွမ်းသာသူပါ။ ငွေရေးကြေးရေးအရ ဆင်းရဲနွမ်းပါသူ သူတို့မိသားစုအတွက် ဘယ်လိုမှမတတ်နိင်စွမ်းကြဘူးလို့ သိရပါတယ်။

သူ့ရဲ့ လက်ဟာ မခံမရပ်နိုင်အောင် ဝေဒနာခံစားလာရတဲ့အချိန်မှ သူဟာ စေတနာမွန်အသင်းကို ရောက်ရှိလာခဲ့ပြီး သူ့ကို ကုသပေးပါရန် အကူအညီတောင်းခံခဲ့ရကြောင်း စိတ်ထိခိုက်ရင်နာဖွယ်ရာ သိရှိခဲ့ရပါတယ်။

စေတနာမွန်အသင်းက လူနာ ကိုစိုင်းဝင်းအောင်ဟာ အမှန်တကယ်ဆင်းရဲနွမ်းပါးပြီး ဝေဒနာမခံမရပ်နိုင်အောင်ဖြစ်နေသည်ကို တွေ့ရှခဲ့ရတာမို့ လတ်တလောမှာ လူနာမိသားစုရဲ့ စားဝတ်နေရေးကိုကူညီဆောင်ရွက်ပေးပြီး နောင်ချိုပြည်သူ့ဆေးရုံနဲ့ အရေပြားနဲ့ သက် ဆိုင်တဲ့ ရေနံ့သာ ဆေးရုံကြီးတို့မှာ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိခဲ့ရပါတယ်။

ဆေးကုသစရိတ်အမှန်တကယ်လိုအပ်နေပါသောကြောင့် လှူဒါန်းလိုသော မိတ်ဆွေများအနေဖြင့် ပါဝင်လှူဒါန်းပေးပါရန် အကူအညီတောင်းခံအပ်ပါတယ် AlinnMyay(အလင်းမြေ) ပရိသတ်ကြီး ခင်ဗျား။

ဆက်သွယ်လှူဒါန်းရန်

ဘကြီးစေတနာမွန်

မှတ်ချက်။ ။အလှုရှင်စာရင်းနှင့်အသုံးပြုမှု့များကိုလဲတင်ပြပေးပါ့မယ်ခင်ဗျား။

082. 85383

09. 790627044

09. 766732160 ဘကြီး စေတနာမွန်

#AlinnMyay(အလင်းမြေ)

(Zawgyi)

ေမတၱာေရွ႕ထားအကူအညီေတာင္းခံအပ္ပါသည္

အလႉရွင္အျမန္ဆုံး ေပၚေစဖို႔  ဒီသတင္းကို ေစတနာမြန္အသင္းနဲ႔အတူ အမ်ားအက်ိဳးျပဳလုပ္ငန္း နဲ႔ ပရဟိတအလုပ္ေတြ လုပ္ကိုင္ေနတဲ့ Ko Nay Oo Thar အေကာင့္ပိုင္ရွင္ ဘႀကီး ေစတနာမြန္ရဲ့ ပို႔စ္ကေန တစ္ဆင့္ေတြ႕ရွိခဲ့ရတာျဖစ္ၿပီး သူ႔ရဲ့ သတင္းမၽွေဝမႈကို သက္ေသ ဓာတ္ပုံနဲ႔တကြ AlinnMyay(အလင္းေျမ) ပရိသတ္ႀကီးအတြက္ ျပန္လည္တင္ဆက္လိုက္ရျခင္းျဖစ္ကာ အလႉရွင္အျမန္ဆုံး ေပၚေစလိုတဲ့ ေစတနာနဲ႔ သတင္းေပးမၽွေဝလိုက္ရျခင္း ျဖစ္ပါတယ္ခင္ဗ်ာ။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕၊ နမ့္ကယ္အိုက္ေက်းရြာမွာေနထိုင္တဲ့ ရွမ္းတိုင္းရင္းသား စိုင္း၀င္းေမာင္ဆိုသူဟာ လြန္ခဲ့တဲ့ ေလးႏွစ္ခန္႔က မီးစက္ႏွိုးေနစဥ္ ဘယ္ဘက္လက္ကို မေတာ္တဆထိခိုက္မိရာကေန အစျပဳလို႔ ယခုအခ်ိန္တြင္ ဘယ္ဖက္လက္သည္ လက္ေခ်ာင္းေလးမ်ားအားလုံးနီးပါး ျပတ္က်သြားခဲ့ၿပီလို႔ ပို႔စ္ေလးမွာ ဝမ္းနည္ဖြယ္ရာ ေတြ႕ခဲ့ရပါတယ္။ သူဟာ စနစ္တက် ေဆးကုသမႈခံယူနိုင္ခဲ့ျခင္း မရွိတာေၾကာင့္ ဒဏ္ရာေဝဒနာဟာ တံေတာင္ဆစ္အထိ လွိုက္စားမူ႔ျဖစ္ေပၚလာခဲ့ၿပီး လက္ကိုပါျဖတ္ေတာက္ပစ္ရေတာ့မယ္ အေျခအေနအထိ ဆိုးရြားစြာခံစားေနရေၾကာင္း ေဖာ္ျပခ်က္အရ သိခဲ့ရပါတယ္။

ကိုစိုင္းဝင္းေမာင္ဟာ ဘယ္ဘက္ေျခေထာက္မွာလည္း ေမြး ရာပါမသန္မစြမ္းျဖစ္တယ္လို႔ သိရၿပီး ေျခေထာက္မွာ အနာမ်ားေပါက္ေနေၾကာင္း ေတြ႕ခဲ့ရပါတယ္။

သူဟာ က်န္းမာေရးမေကာင္းေသာ္ျငား မိသားစုစား၀တ္ေနေရးအတြက္ ဒဏ္ရာမ်ားရွိလ်က္နဲ႔ပင္ ႐ုန္းကန္ေနရသူတစ္ဦးျဖစ္ၿပီး ဝမ္းေရးအတြက္ လုပ္ကိုင္ရွာေဖြစားေသာက္ေနရသူမို႔ ေဆးကုသမႈ ခံယူနိုင္ဖို႔ မစြမ္းသာသူပါ။ ေငြေရးေၾကးေရးအရ ဆင္းရဲႏြမ္းပါသူ သူတို႔မိသားစုအတြက္ ဘယ္လိုမွမတတ္နိင္စြမ္းၾကဘူးလို႔ သိရပါတယ္။

သူ႔ရဲ့ လက္ဟာ မခံမရပ္နိုင္ေအာင္ ေဝဒနာခံစားလာရတဲ့အခ်ိန္မွ သူဟာ ေစတနာမြန္အသင္းကို ေရာက္ရွိလာခဲ့ၿပီး သူ႔ကို ကုသေပးပါရန္ အကူအညီေတာင္းခံခဲ့ရေၾကာင္း စိတ္ထိခိုက္ရင္နာဖြယ္ရာ သိရွိခဲ့ရပါတယ္။

ေစတနာမြန္အသင္းက လူနာ ကိုစိုင္းဝင္းေအာင္ဟာ အမွန္တကယ္ဆင္းရဲႏြမ္းပါးၿပီး ေဝဒနာမခံမရပ္နိုင္ေအာင္ျဖစ္ေနသည္ကို ေတြ႕ရွခဲ့ရတာမို႔ လတ္တေလာမွာ လူနာမိသားစုရဲ့ စား၀တ္ေနေရးကိုကူညီေဆာင္ရြက္ေပးၿပီး ေနာင္ခ်ိဳျပည္သူ႔ေဆး႐ုံနဲ႔ အေရျပားနဲ႔ သက္ ဆိုင္တဲ့ ေရနံ့သာ ေဆး႐ုံႀကီးတို႔မွာ ပို႔ေဆာင္ကုသေပးခဲ့ေၾကာင္း သိခဲ့ရပါတယ္။

ေဆးကုသစရိတ္အမွန္တကယ္လိုအပ္ေနပါေသာေၾကာင့္ လႉဒါန္းလိုေသာ မိတ္ေဆြမ်ားအေနျဖင့္ ပါ၀င္လႉဒါန္းေပးပါရန္ အကူအညီေတာင္းခံအပ္ပါတယ္ AlinnMyay(အလင္းေျမ) ပရိသတ္ႀကီး ခင္ဗ်ား။

ဆက္သြယ္လႉဒါန္းရန္

ဘႀကီးေစတနာမြန္

မွတ္ခ်က္။ ။အလႈရွင္စာရင္းႏွင့္အသုံးျပဳမႈ႔မ်ားကိုလဲတင္ျပေပးပါ့မယ္ခင္ဗ်ား။

082. 85383

09. 790627044

09. 766732160 ဘႀကီး ေစတနာမြန္

#AlinnMyay(အလင္းေျမ)