အညစ်အကြေးများကြားမှ အဘိုးအဘွားများအတွက် ရှယ်လေးလုပ်ပြီး ကယ်တင်ပေးကြပါ
312
စေတနာရှင်များအမြန်ဆုံးလိုအပ်နေသည်… ဟင်္သာတမြို့က “ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာ” ဟာ ဂီလာန သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းဘိုးဘွားတွေ နဲ့ စိတ်ကျန်းမာရေးချို့တဲ့သူ ဘိုးဘွားတွေအတွက်အပြင် ခိုကိုးရာမဲ့၊ နာခိုးရာမဲ့ဖြစ်ပြီး အကူအညီမဲ့နေသူ ဘယ်လို ဘိုးဘွားတွေအတွက်မဆို နားခိုရာအဖြစ် လက်ခံပေးပြီး မွန်မြတ်တဲ့ ပရဟိတအနေနဲ့ ပြုစုစောင့်ရှောက်မှု ​ေ​​ပးနေတဲ့ ဘိုးဘွားရိပ်သာတစ်ခုပါ။
ဒီသတင်းကို အများအကျိုးပြုလုပ်ငန်း နဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ One to One ကလေးလူနာကူညီရေးအဖွဲ့ရဲ့ ပို့စ်ကနေ တစ်ဆင့်တွေ့ရှိခဲ့ရတာဖြစ်ပြီး အဲ့ဒီပို့စ်လေးမှာ သတင်းမျှဝေထားမှုကို သက်သေ ဓာတ်ပုံနဲ့တကွ AlinnMyay(အလင်းမြေ) ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်လိုက်ရခြင်းဖြစ်ကာ အလှူရှင်အမြန်ဆုံး ပေါ် ပေါက်စေဖို့ သတင်းပေးမျှဝေလိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။
အဆိုပါ “ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာ”မှာ သက်ကြီးရွယ်အို ဘိုးဘွားဦးရေပေါင်း ၁၁ဝဦး ရှိတယ်လို့ သိရပါတယ်။ ဒီ ဘိုးဘွားတွေထဲကမှ ကိုယ်တိုင်ကျင်ကြီးကျင်ငယ်မစွန့်နိုင်သူ ဘိုးဘွားတွေဟာ နဲ့ ဂီလာနဘိုးဘွားတွေဟာ အိပ်ရာပေါ်မှာသာ အညစ်အကြေး စွန့်ရရှာတယ်လို့ သိရပါတယ်။
ဒီလိုဘိုးဘွားတွေက အယောက်၅ဝကျော်အထိ ရှိနေတယ်လို့ သိရှိရပြီး အဆိုပါဘိုးဘွား ၅ဝကျော်ကို နေ့စဉ် Diaperတွေဝတ်ထားပေးမှ ဘိုးဘွားတွေခမျာ သန့်သန့်ရှင်းရှင်းနေထိုင်ရတာဖြစ်ပါတယ်။
ဘိုးဘွား ၅ဝဦးအတွက် နေ့စဉ် Diaper ၄ထုပ်အနည်းဆုံးကုန်တယ််လို့ သိရှိရပြီး Diaper တစ်ထုပ်ရဲ့စျေးဟာ ၅၀၀၀​ရှိတယ်လို့ သိရပါတယ်။ Diaper စရိတ်အတွက် နေ့စဉ်ကုန်ကျငွေအနေနဲ့ ​တစ်နေ့ ငွေ နှစ်သောင်းကုန်ကျနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘိုးဘွားတွေအတွက် နေ့စဉ်နဲ့အမျှ Diaper ဝယ်ပေးဖို့ခက်ခဲလာလို့ ဘိုးဘွားတွေမှာ အိမ်ရာ ပေါ် မှာ ကျင်ကြီးကျင်ငယ်တွေနဲ့ ညစ်ညစ်ပတ်ပတ်နေနေရတော့မယ့် အခြေအနေဖြစ် ပေါ် လာကြောင်း၊ အညစ်အကြေးများကြားမှ အဘိုးအဘွားများကိုကယ်တင်ပေးကြစေလိုကြောင်း၊ တတ်နိုင်သလောက် အလှူငွေများ ကူညီပြီး ထည့်ဝင်လှူဒါန်းပေးစေလိုကြောင်း သတင်းရရှိခဲ့ပါတယ်။
အလှုငွေများကို တာဝန်ရှိသူ ဥက္ကဌဖြစ်တဲ့ မသင်းရွှေစင်လှိုင် (ခိုလှုံရာခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာ) ထံသို့ တိုက်ရိုက်လှူဒါန်းပေးနိုင်သလို One To One ကလေးလူနာကူညီရေးအဖွဲ့ ကိုဝမ်းထံသို့လည်း ဆက်သွယ်လှူဒါန်းပေးန်ိုင်ကြောင်း သိရှိရပါတယ် AlinnMyay(အလင်းမြေ) ချစ်ပရိသတ်ကြီးတို့ရေ။
လှူဒါန်းလိုသူ စေတနာရှင်များအနေဲ့ (ONE TO ONE လူနာကူညီရေး) ကိုဝမ်း ဖုန်း ၀၉၇၆၅၇၆၅၁၇၉ မန္တလေးမြို့ နဲ့ မသင်းရွှေစင်လှိုင် ဥက္ကဌ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဖွားရိပ်သာ 09773333368,09795929849 ထံသို့ ဆက်သွယ်ပြီး လှူဒါန်းမွုတွေ ပြုလုပ်ပေးန်ိုင်ကြောင်း သိရှိရပါတယ်။
#AlinnMyay(အလင်းမြေ)
(Zawgyi)
အောက်တိုဘာ(၁၃)AlinnMyay(အလင်းမြေ)
အလှုငွေများကို တာဝန်ရှိသူ ဥက္ကဌဖြစ်တဲ့ မသင်းရွှေစင်လှိုင် (ခိုလှုံရာခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာ) ထံသို့ တိုက်ရိုက်လှူဒါန်းပေးနိုင်သလို One To One ကလေးလူနာကူညီရေးအဖွဲ့ ကိုဝမ်းထံသို့လည်း ဆက်သွယ်လှူဒါန်းပေးနိုင်ကြောင်း သိရှိရပါတယ် AlinnMyay(အလင်းမြေ) ချစ်ပရိသတ်ကြီးတို့ရေ။
လှူဒါန်းလိုသူ စေတနာရှင်များအနေဲ့ (ONE TO ONE လူနာကူညီရေး) ကိုဝမ်း ဖုန်း ၀၉၇၆၅၇၆၅၁၇၉ မန္တလေးမြို့ နဲ့ မသင်းရွှေစင်လှိုင် ဥက္ကဌ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဖွားရိပ်သာ 09773333368,09795929849 ထံသို့ ဆက်သွယ်ပြီး လှူဒါန်းမွုတွေ ပြုလုပ်ပေးနိုင်ကြောင်း သိရှိရပါတယ်။
#AlinnMyay(အလင်းမြေ)