အမျိုးသမီးထုကြီး သဲသဲလှုပ်​ဝန်း ရံ​နေတဲ့ Myanmar Idol Season 4 က ​ဘရောင်း နဲ့ စနေလင်းကျော်

286

အမိုက်စားစတိုင်လ်ကြောင့် အမျိုးသမီးထုကြီး သဲသဲလှုပ်​ဝန်း ရံ​နေတဲ့ Myanmar Idol Season 4 က ​ဘရောင်း နဲ့ စနေလင်းကျော်

တစ်နှစ်ထက်တစ်နှစ် မတူညီတဲ့ တင်ဆက်ပုံ… မတူညီတဲ့ ထူးထူးခြားခြား ရွက်ပုန်းသီး အဆိုပါရမီရှင် ပြိုင်ပွဲဝင်အသစ်တွေအပြင် သူမတူအောင် ဆွဲဆောင်နိုင်လွန်းတဲ့ အခင်းအကျင်းအသစ်တွေနဲ့ Myanmar Idol Season 4 ဟာ လက်ရှိအချိန်မှာ ပရိသတ်တွေရှေ့မှောက်ကို နောက်ထပ်တစ်ကြိမ် ရောက်ရှိလာခဲ့ပြီး Judges Audition အဆင့်မှာကတည်းက အားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုအသစ်တွေကို ပေးစွမ်းလာခဲ့ပြန်တာဟာ Golden Week ရဲ့ ပထမရက်သတ္တပတ်ဖြစ်တဲ့ Theatre Round 1 အဆင့်ထိရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ Myanmar Idol Season 4 မှာ ဒိုင်တွေအဖြစ် နိုင်ငံကျော် ဂီတအနုပညာရှင်များဖြစ်တဲ့ အောင်ကိုလတ် တင်ဇာမော် ဖြူဖြူကျော်သိန်းတို့က တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ်နဲ့ တစ်ပတ်မတူအောင်ကို ညှို့ငင် ဖမ်းစားနေတာဖြစ်ပါတယ်။

Myanmar Idol အဆိုပြိုင်ပွဲဟာ ပဏာမအသံစစ်ဆေးခြင်း Judges Audition အဆင့်ကို ပြီးမြောက်ကာ Golden Week အနေနဲ့ Theatre Round 1 အဆင့် ယှဥ်ပြိုင်မှုကို စတင်ထုတ်လွှင့်ပြသနေပြီဖြစ်လို့ ပရိသတ်တွေအတွက် ပိုပြီးစိတ်လှုပ်ရှားစရာအခြေအနေတစ်ခုကို ရောက်လာပြီး ကိုယ််အားပေးတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အဆိုပညာ နဲ့ ကိုယ်ပိုင် အရည်အသွေးတွေကိုလည်း ပိုပြီး ထင်ရှားစွာမြင်တွေ့လာရပြီ ဖြစ်ပါတယ်။

Myanmar Idol Season 4 ပြိုင်ပွဲဝင်တွေကို ApannPyay ပရိသတ်တွေ တော်တော်များများတော့ ကြည့်ရှုအားပေးနားဆင်ဖြစ်ပြီးလောက်ပြီ ထင်ပါတယ်နော်။ ApannPyay ချစ်ပရိသတ်ကြီးတို့ရေ… အဲ့ဒီ ပြိုင်ပွဲဝင်တွေထဲကမှ ကိုယ်သဘောကျတဲ့ အကြိုက်ဆုံး အသံပိုင်ရှင်တစ်ယောက်ရော တွေ့နေကြပြီလားဗျို့။

အပြိုင်အဆိုင်လည်း အားပေးနေကြတာမြင်ရသလို ကိုယ့်ရဲ့ Idol လေးကို ဝန်းရံမယ့်သူတွေကလည်း အဆင်သင့်ကိုစောင့်မျှော်နေကြတာလည်း Myanmar Idol ပြိုင်ပွဲရဲ့ အစဥ်အလာလိုကို ဖြစ်နေပြီး ဒီနှစ်မှာလည်း ထူးခြားတဲ့ အသံပိုင်ရှင် နဲ့ ပါရမီရှင် ပြိုင်ပွဲဝင် တွေ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာနေပြန်ပါပြီ။

အဲ့ဒီအထဲကမှ လတ်​တ​လောမှာ ဆိုရှယ်​မီဒီယာထက်​​နေရာယူထားရုံမက မြန်​မာပြည်​တစ်ဝှမ်းလုံးက အမျိုးသမီးပရိသတ်ထုကြီးရဲ့ စိတ်​နှလုံးအိမ်​ကို ပွက်လောရိုက်စေခဲ့ပြီး အမိုက်စားစတိုင်လ်ကြောင့် အမျိုးသမီးထုကြီးရဲ့ သဲသဲလှုပ်​ဝန်းရံခြင်းခံနေရသူတွေကတော့ Myanmar Idol Season 4 က အဆိုပြိုင်​ပွဲဝင်​ ​ဘရောင်း နဲ့ စနေလင်းကျော်တို့ဖြစ်ပါတယ်။ ​ အမျိုးသမီးထုပရိသတ်ကြီးအတွက်တော့ စိတ်နှလုံးသားထဲနေရာယူပြီးထားပြီးသူများပေါ့လေ။ ဒီလိုဆိုရမှာပါ။

ပြောစရာ​တောင်​မလို​အောင်​ကို ပြီးပြည့်စုံတဲ့ အမိုက်စား ပုံစံနဲ့ စတိုင်လ်၊ ကိုယ်ပိုင်ဟန်ပန် နဲ့ အတူ ယောကျာ်းပီသတဲ့ အလန်းစားဘော်ဒီကြီးတွေကို ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ဦးဟာ လက်ရှိအချိန်မှာ Myanmar Idol ပရိသတ်တွေရဲ့ အမြင်မှာ သူများနဲ့မတူ တမူထူးခြားစေခဲ့တာကြောင့်မို့ နာမည်​ကြီးလူကြိုက်​များပြီး အင်တာနက် ပေါ်မှာ တဖွဖွ ချီးကျူးပြောဆိုခံရရင်း အာရုံစိုက်ခံလာရတဲ့ သူတွေ ဖြစ်ပါ

Myanmar Idol Season 4 ရဲ့ နာမည်ကြီးပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ Brown ကတော့ ဂျင်ထရိန်နာလေးတစ်ဥိးဖြစ်ပြီး ကိုယ်ကာယအလှအပ နဲ့ အမိုက်စားဘော်ဒီ က သူ့ရဲ့ အဓိက ညို့အားလက်နက်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ သူဟာ Judges audition အဆင့်မှာကတည်းက နှုတ်ခမ်းနီးမလေးတွေ နဲ့ လှပျိုဖြုတွေရဲ့ အသည်းနှလုံးအာရုံကို ဖမ်းစားနေသူလေး ဖြစ်ပြီး ပရိတ်သတ်များ ထင်ကြေးပေးထားခဲ့တဲ့အတိုင်း Golden Week ပထမပတ်ကို အောင်မြင်စွာ ကျော်ဖြတ်ပြခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သူက ဝဲ သီချင်းနဲ့ ယှဥ်ပြိုင်ခဲ့တာမို့ ”ဘရောင်း ရဲ့ အပြုံးနဲ့အသံလေးကအသက်… ဝဲသီချင်းလို သူ့အနားဝဲချင်ပြီ ” လို့ သူရဲ့အချစ်တော်ပရိသတ်ကြီးက ဝန်းရံနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဘရောင်းက အသံစတိုင်လ်ရှိပြီး ပရိသတ်ကို ဆွဲဆောင်သွားသူမို့ ရင်ခုန်ခဲ့ရပါတယ်ဆိုတဲ့ ပရိသတ်တွေကလည်း တခဲနက်အားပေးခဲ့ပါတယ်။

Myanmar Idol Season 4 မှာ တည်ငြိမ်သူလေးတစ်ဦး အနေနဲ့ ပွဲဆူသွားခဲ့တဲ့ စနေလင်းကျော်ကတော့ အသံချိုချိုလေးနဲ့ တည်တည်ငြိမ်ငြိမ် သီဆိုယှဥ်ပြိုင်တတ်သူဖြစ်ပါတယ်။ သူလည်းပဲ Gold Week ပထမပတ်မှာ အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တည်တည်ငြိမ်ငြိမ် ပဲ ဖြတ်ကျော်ပြသွားခဲ့ပါတယ်။

သူ့အသံနဲ့ ဆိုပုံစတိုလ်ကိုသဘောကျကြသူတွေက သဲသဲလှုပ်ဝန်းရံပေးခဲ့ကြတဲ့ စနေလင်းကျော်ဟာ မော်ဒယ် အဖြစ်လည်း လုပ်ကိုင်သလို Unplugged အဆိုတော်အဖြစ်လည်း Unplugged ဆိုင်တွေမှာ သီချင်းဆိုရင်း ရပ်တည်နေသူဖြစ်​ပါတယ်။တည်ငြိမ်သူလေးရဲဲ့ ဆံပင်လေးကိုကြွေမိသလို ”ကိုယ့်ရဲ့ပျိုပျိုမောင်လေး…သီချင်းကောရုပ်ကော​ ပြည့်စုံပါတယ်အောင်မြင်ပါစေ” လို​့ ဒုနဲ့ဒေး နှစ်ခြိုက်အားပေးနေသူ မိန်းကလေးပရိသတ်အပေါင်းကို သိမ်းပိုက်ထားသူဖြစ်ပါတယ်။

EFIL-APANNPYAY