လူတွေ ဘာဖြစ်ကုန်ကြပြီလဲ? မတရားသောအမှုဖြစ်တာမို့ ကူညီပြီးရှယ်ပေးကြပါ

330

လူမှုကွန်ရက် ပေါ် မှာ လတ်တလော လူအများကို ကြိတ်မနိုင်ခဲမရဖြစ်သွားစေတဲ့ ပို့စ်လေးတစ်ခုကို တွေ့ခဲ့ရပါတယ်။ မတရားမှုဖြစ်ရပ်တစ်ခုကို ကိုယ်တွေ့ကြုံရပြီး ကိုယ်တိုင်ခံစားခဲ့ရသူက အဲ့ဒီ ဖြစ်စဥ်အပေါ်ရင်ဖွင့်ထားတဲ့ ပို့စ်လေးပဲဖြစ်ပါတယ်။

Khin Thandar W အကောင့်ပိုင်ရှင်ဖြစ်တဲ့ ဒဂုံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ ညီမငယ် ခင်သန္တာဝင်းက တရားမျှတမှု နဲ့ အကူအညီကို လိုအပ်နေလို့ ဒီပို့စ်လေးကို တင်ခဲ့တာဖြစ်ပြီး သူဟာ ရပ်ကွက်အတွင်းမှာ မင်းမဲ့စရိုက်ဆန်ဆန် လူမဆန်စွာ ထိပါးစော်ကားမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ရက်၊ တနလာနေ့ ညနေ ၅ နာရီ ဝန်းကျင်အချိန်မှာ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အမှတ် ၁၂ရပ်ကွက် အောင်ပန်းဝေလမ်း မှာ အခင်းဖြစ်ပွားခဲ့ကြောင်း သိရပြီး နေအိမ်မှာ မခင်သန္တာဝင်းရဲ့ မိဘများမရှိစဉ်အချိန် မခင်သန္တာဝင်းအပါအဝင် ကျောင်းသူကျောင်းသားများဖြစ်ကြတဲ့ မောင်နှမလေးဦးစလုံးကို သားသမီးချင်း ကိုယ်ချင်းမစာနာစွာ နိုင့်ထက်စီးနင်း ဝိုင်းဝန်း အနိုင်ကျင့်ခဲ့ကြတဲ့ အခင်းဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဥ်အသေးစိတ်ကို ကျောင်းသူညီမငယ် ခင်သန္တာဝင်း သူတို့မောင်နှမတတွေ ကိုယ်တွေ့ကြုံခဲ့ရတဲ့အတိုင်း အသေးစိတ်တင်ပြထားခဲ့တာကို ALinnMyay ကနေ တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါရစေ။ ညီမငယ်လို့ မိသားစု တရားမျှတမှု အမြန်ဆုံးရရှိကြပါစေလို့ ဆုတောင်းနေမိပါတယ်။

” ဝိုင်းShareပေးကြပါနော်အကူအညီလိုအပ်နေလို့ပါ

(7.10.2019)ရက်နေ့ တနလာင်္နေ့ညနေ5နာရီကျော်အချိန်၌ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အမှတ် ၁၂ရပ်ကွက် အောင်ပန်းဝေလမ်းနေအိမ်၌ မိဘများမရှိစဉ် ကျောင်းသူကျောင်းသားများအား သားသမီးချင်းကိုယ်ချင်မစာမနာနိုင်ထက်စီးနင်အနိုင်ဝိုင်ကျင်ကြသောကြောင့်ဖြစ်ပါသည်
ထို့ကြာင့်ကျွန်မမခင်သန္တာဝင်(ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဋ္ဌာန ဒုတိယနှစ်ကျောင်းသူ) အ.လ.က ၁၀ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်မှကျောင်းသားများဖြစ်တဲ့မောင်အောင်မင်းခန့်(အကြီးကောင်)(အဋ္ဌမတန်း ကျောင်းသား ) မောင်နေလင်းထွန်း (အငယ်ကောင်)(တတိယတန်းကျောင်းသား ) မနန္ဒာအေး(နဝမတန်းကျောင်းသူ)မောင်နှမလေးဦးတို့သည်းအိမ်၌ကျန်ခဲ့ရပါသည်။

မောင်အောင်မင်းခန်(အကြီးကောင့်)နှင်မနန္ဒာအေးမှာစာမေးပွဲဖြေနေတဲ့ရက်ဖြစ်သောကြောင့်ကျွန်မ မခင်သန္တာဝင်းအိမ်တွင်အိမ်မှုကိစ္စလုပ်ရင်မောင်လေးညီမလေးများကိုစာသင်ပေးနေရပါသည်။အကြီးကောင်သည် မနက်(7:00)မှ (7:45)အထိစာမေးပွဲဖြေရပါသည် မိဘများမှ စာမေးပွဲရှိသောကြောင့် သူတို့နှင့်မခေါ်သွားပါ။မနန္ဒာအေးမှာ စာမေးပွဲ(10:30)တွင်ဖြေရပါသည်မနန္ဒာအေး စာမေးပွဲဖြေpပြန်အလာတွင်လမ်းတွင်ခွေးအကိုက်ခံရပါသည်း အိမ်သိုငိုးပြီးပြန်လာပါသည်။မိဘများမရှိသောကြောင့် မိဘများအကြာင်းကြားကားအစ်မဖြစ်သူ မတရုတ်မဆီမှပိုက်ဆံချေး၍ဆေးသွာထိုးခဲ့ရပါသည်။

ဆေးခန်းမှပြန်လာpညီမလေးကိုအိပ်ခိုင်းထားပါသည် အကြီးကောင်သည် နေခင်(12:00)တွင်စာမေးပွဲရှိသောကြောင့်ကျူရှင်သွားရပါသည်။အိမ်သို (2:00)ကျော်မှပြန်ရောက်ပါသည်။ကျွန်မ မခင်သန္တာဝင်းသည်မောင်ဖြစ်သူ အကြီးကောင်နဲ့အငယ်ကောင်အား မိဘများညကျပြန်လာလျှင်အလုပ်ရှုပ်မှာဖြစ်တဲ့အတွက်ညနေ3နာရီကျော်ကျော်တွင်စာကျက်ခိုင်းခဲ့ပါသည်။မောင်ဖြစ်သူအကြီးကောင်မှကညနေ 4နာရီကျော်5နာရီထိုးခံနီးလောက်တွင်ကျွန်မ မခင်သန္တာဝင်းမီးပူတိုက်နေစဉ်အချိန်၌”မမသားတို့ခေါင်းတွေပူလာပြီ စာတွေအကုန်ရနေပြီအရုပ်ဆက်တဲ့အရုပ်ကလေးတွေနဲ့ခနထွက်ဆော့ပါရစေ”ဟုပြောကာ ကျွန်မတို့အိမ်ရှေ့လမ်းဘေးတွင်ထွက်ဆော့နေကြပါသည်။ထိုအချိန်တွင်ညီအစ်ကိုနှစ်ယောက်အရုပ်ဝေမညီသောကြောင့်လုကြပါသည် အရုပ်တစ်ရုပ်လမ်းမပေါ်ကျသွားသောကြာင့် အစ်ကိုဖြစ်သူအကြီးကောင်မှ”ညီလေးမင်းယူလိုက်တော့”ဟုပြောလိုက်ပါသည်။

ထိုကြောင့်အငယ်ကောင်လဲပြန်ကြဲသွားသာအရုပ်စလေးများအားလမ်းမပေါ်တွင်သွားကောက်ပါသည်။လမ်းမသည်းကျွန်မတို့အိမ်ရှေ့လမ်းကြားလမ်းဖြစ်ပါသည်။ထို့အချိန်တွင် ကျွန်မတိုအိမ်နှင့်တစ်အိမ်ကျော် မှ မဖြူလေးခေါ် မဖြူဖြူဝင်သည် သူမ၏နေအိမ်ဆိုင်ထဲကစက်ဘီစီးထွက်လာပါသည်။ကျွန်မမောင်အငယ်ကောင်နားအရောက်တွင် စက်ဘီကိုရပ်ကာ “နင်ဘာလုပ်နေတာလဲ နင်တို့တွေရှုပ်နေတာကြာပြီ ” ငါဆုံးမမှဖြစ်မယ်ဟုပြောလိုက်သောကြောင်မှမောင်ဖြစ်သူအငယ်ကေါင်မှအန်တီးကိုသားတို့ဘာလုပ်လို့ဆုံးမမှာလဲဟုမေးသေားအခါ မဖြူလေးကနေ “နင်ငါကိုပြန်ပြောရဲတယ်”ဟုဆိုကာ သူစက်ဘီးကိုရပ်ပြီး အငယ်ကောင်အားသူမစီးလာသောဖိနပ်ဖြင့်ကျောကုန်းအားရိုက်ပါသည်။

အစ်ကိုဖြစ်သူအကြီးကောင်မှမြင်တော့မဖြူလေးအား အန်တီဘာလို့သားညီကိုရိုက်တာလဲဟုမေးသောအခါမဖြူလေမှး နင်ကကောဘာကောင်လဲဟုဆိုကာ သူမဖိနပ်နှင်အကြီးကောင်၏ပါးအားဖိနပ်နှင်အဆက်မပြတ်ရိုက်ပါသည်။အကြီးကောင်သည်မဖြူလေးလက်ထဲ့မှဖိနပ်အားလုနေစဉ် မဖြူလေး ယောကျာင်္မျိုးစန်းခေါ်ငပေါ သည်သူနေအိမ်ဆိုင်ထဲ့မှ ဘိလပ်မြေအုတ်ခဲကျိုးနှစ်လုံးကိုင်ကာ ပြေးထွက်လာပြီး တစ်လုံးအားအကြီးကောင်အားလှမ်းပြစ်လိုက်ရာ အကြီးကောင့်ကရှောင်လိုက်သဖြင့်မဖြူလေးနှဖူးအားထိသွားခဲ့ပါသည်။

ဦးမျိုးစန်းမှ ကျန်ဘိလပ်မြေအုတ်ခဲတစ်လုံးဖြင့်ကျွန်မ၏မောင်ဖြစ်သူအကြီးကောင်ကျောကုန်းအားအနောက်မှထိချလိုက်ပါသည်။အငယ်ကာင်မှအနောက်ကဝင်ဆွဲသောကြောင့် မောင်နေလင်းထွန်းအား ဦးမျိုးစန်းမှ သူအားဖြင်ဆောင့်တွန်းချလိုက်ပါသည်။မောင်နေလင်ထွန်းသည်အိမ်နောက်ဖေးတွင်မီးပူတိုက်နေသောကျွန်မ မခင်သန္တာဝင်းအားကိုကြီအကြီးကာင်တုိ့ရန်ဖြစ်နေကြပြီမမဟုပြောသောကြာင့် ကျွန်မမောင်အတွက်စိတ်ပူသွားကာမီးပလပ်ပေါက်ဖြုတ်၍ အိမ်ရှေ့သို့ပြေးထွက်သွားပါသည်။လက်ထဲတွင်လဲဘားမှယူမသွားပါ။အိမ်ရှေ့အရောက်တွင်ကျွန်မ၏မောင်ဖြစ်သူ အကြီးကောင်အ ဦးမျိုးစန်းမှအနောက်ကချုပ်ပေးထားပြီးမဖြူလေးမှ အရှေ့ကနေဖိနပ်နှင့်ချနေပါသည်။

ကျွန်မမောင်လေအတွက်စိတ်ပူသွားပြီးသူတို့ကြားထဲ့သို့ပြေးဝင်သွားကာ မောင်ဖြစ်သူက်ုမလုပ်ဖို့တောင်ပန်ပါသည်။မဖြူးလေမှနင်ကကောဘာကောင်မလဲဟုပြောကာ ညီမအိင်္ကျီရင်ဘက်ကိုဆောင်ဆွဲကာသူမ၏ဖိနပ်နှင့်ချပါသည်။ကျွန်မလဲဒေါသထွက်သွားပြီးမဖြူလေူလက်ထဲ့မှဖိနပ်အားဝင်လုပါသည်။ထိုသိုဖြစ်ချိနိတွင်ဦးမျိုးစန်းမှ ကျွန်မ မခင်သန္တာဝင်းအားသူ၏ယောကျာင်္အားနှင့် ဦးခေါင်ကိုလက်ဝါးဖြင်၃ ၄ချက်ပိတ်ရိုက်ပါသည်။ကျွန်မလဲအလွန်နာကျင်လာသောကြောင့်မဖြူလေးဘက်လှည်ှမဦးမျိုးစန်းဘက်လှည်ကာဦးမျိုးစန်းအားဦးလေးလူကြီးဖြစ်ပြီရိုက်တာလွန်နေပြီးနော် မိဘတွေမရှိတုန်းနိုင်ထက်စီးနင်လုပ်နေကြတာလားဟုပြောသောအခါဦးမျိုစန်းမှ နင်ကဘာဖြစ်ချင်လဲ နင်ဘာစောင့်ဆင်ရှိလို့လဲဟုပြောကာကျွန်မအိင်္ကျီရင်ဘက်အားဆောင်ဆွဲလိုက်သောကြောင့်အိင်္ကျီပြဲသွားပါသည် ။ထိုကြောင်အတွင်းခံအိင်္ကျီပေါ်သွားမည်ကိုစိုးရိမ်သောကြောင့်ရင်ဘက်သို့ငုံကြည့်လိုက်သောအခါကျွန်မလည်ပင်တွင်ဆွဲထားသောဆွဲကြိုးမရှိတော့ကြောင်းသိရှိရပါသည်။ကျွန်မလဲ ဆွဲကြိုးပျောက်သွားကြောင်းအော်အကူအညီတောင်းပါသည်။

မောင်ဖြစ်သူအားဦးမျိုးစန်းတို့လင်မယားနှစ်ယောက်ဘာတွေလုပ်ထားလဲမသိပါ။မောင်လေကျူံးထလာကာ ဦမျိုးစန်းအားဝင်လုံးပါသည်။ထိုအချိန်တွင်မဖြူလေးနှင့်ဦးမျိုးစန်းတို့၏သားဖြစ်သူ မှ သူ၏အိမ်ထဲ့မှနေ၍ တူနဲ၈လက်မလောက်ရှိတဲ့ဓားပြားနှစ်ချောင်းယူလာကာသူ၏အမေနဲ့အဖေအား ပေးလိုက်ပါသည်။မဖြူလေးလက်ထဲတွင်တူရောက်သွားပြီး ဦးမျိုးစန်းလက်ထဲတွင် ၈လက်မခန့်ရှိစတီးဓားပြားနှစ်ချောင်းရသွားပါသည်။ကျွန်မတို့မောင်နှမသည်အရိုက်လဲအရိုက်ခံထားရသောကြောင့်ခေါင်တွေလဲမူးနေကြပါသည်။ကျွန်မခေါင်မူးမူးနှင့်မဖြူလေးနှင့်လုံးနေပါသည်။

ဦးမျိုးစန်းမှ၈လက်မခန့်ရှိစတီးဓားပြားနှစ်ချောင်းကိုဘယ်ညာကိုင်ဆောင်ကာအကြီးကောင်အ ဓားနဲ့ခုတ်မလိုလုပ်နေတာကိုမြင်သောကြောင့် မဖြူလေးကိုထားခဲ့ကားမောင်အတွက်စိတ်ပူ၍ဦးမျိုးစန်းညာဘက်လက်ကိုကိုင်ကာကျွန်မမာင်အကြီကောင်ကိုမလုပ်ဖိုဝင်ဆွဲပါသည်နင်ဘာကောင်မလဲဟုဆိုကာ ကျန်မအားသူ၏ညာဘက်လက်ကကိုင်ထားသောဓားဖြင့်လှည့်ခုတ်လိုက်ပါသည်။ကျွန်မလက်တွင်သွေးများထွက်နေသော်လဲမောင်လေးကိုခုတ်မှာကိုစိုးရိမ်သဖြင့်ဓားအားဝင်လုပါသည်။ယောကျာင်္အားနှင့်မိန်မအားမမျှသောကြောင့်မရခဲ့ပါ။

ဦးမျိုးစန်းနှင့်ဓားလုနေစဉ်မဖြူလေးမှ ကျွနိမခေါင်းအားတူဖြင့်အနောက်မှချထုချလိုက်ပါသည် အကြီးကောင်မှအစ်မလက်တွင်သွေးများမြင်သောကြောင့်ဦးမျိုးစန်းအားဝင်လုံးပါသည် ။မဖြူလေးမှအနောက်ကနေpမောင်လေအကြီးကာင်အားတူနှင့်ထုချလိုက်ပါသည် ကျွန်မတို့မောင်နှမနှစ်ယောက်လုံး လမ်းမပေါ်တွင်မိဘတွေမရှိတုန်းနိုင်ထက်စီးနင်အနိုင်ကျင့်ခံရကားလမ်းမပေါ်တွင်လဲနေကြပါသည်။ထို့အချိန်တွင့်အိမ်ထဲတွင်အစ်မဖြစ်သူမနန္ဒာအေးအားသွားနှိုးနေသောအငယ်ကောင်နှင့်မနန္ဒာအးတို့ရောက်လာကာကျနိမတိုမောင်နှမနှစ်ယောက်အားအိမ်ထဲသို့တွဲခေါ်သွားကြပါသည်။မနန္ဒာအေးမှအစ်မဖြစ်သူတရုတ်မအားအငယ်ကောင်အာသွားခေါ်ခိုင်ပါသည်။

အငယ်ကောင်ခြံပြင်သို့ထွက်သောအခါ ဒေါ်အေးသိန်ဆိုသူမဖြူလေးအသိမှ အငယ်ကောင်အားလက်ကဖမ်းဆွဲက မင်သွားရဲသွားကြည့် သွားရင်အသေဘဲဟုကြိမ်မောင်ကာဝါးခြမ်းပြားနှင်၃ ၄ချက်ရိုက်ပါသည်။မနန္ဒာအေးမှအန်တီအမှူထဲမပါချင်ရင်ဘေးဖယ်နေဟုပြောကာမတရုတ်မအားခ်ါရန်လွှတ်လိုက်ပါသည်ငယ်ကောင်ထွက်သွားပြီးမကြာမီပင် မဖြူလေး၏မောင်များ ဆွေမျိုးများ မောင်၏သူငယ်ချင်များမှ၁၀ရပ်ကွက်ကနေ၁၂ရပ်ကွက်အထိ နယ်ကျော်ကာဒုတ်တွေဓားတွေကိုင်ကာ ကျွန်မတို့အိမ်ရှေ့တွင့်၃ဘီဆိုင်ကယ်ကိုရပ်ကာမဖြူလေးမောင်မှဓာရှည်ကိုင်ထားပြီးကျန်တဲ့သူများကဒုတ်တွေဓားတွေကိုင်ကာအိမ်ရှေ့တွင်စိန်ခေါ်နေကြပါသည်။ခြံတံခါးဝကိုလဲဆောင့်ကန်ကြ ကိုင်လှုပ်ကြနှင့်ကျွန်မတို့အားသတ်မယ်ထွက်ခဲ့ မဖြူလေး၏အစ်မတွေကလဲထွက်ခဲ့ထွက်လာလို့ကတော့အသေဘဲဟုပြောကာကြိမ်းမောင်းကြပါသည်။ထို့သိုဖြစ်နေစဉ်မတရုတ်မရောက်လာပြီးလူကြီးတွမရှိကြောင်းတောင်ပန်ပါသည်။

မဖြူလေးမှမောင်ဖြစ်သူအားအငယ်ကောင်ကိုအဲကောင်လဲပါသည်ဟုပြောကာမဖြူလေး၏မောင်မ ှ၃တန်ကလေအားခြေထောက်နှင့်စောင့်ကန်လိုက်ပါသည်။အငယ်ကောင်အလွန်နာသွားသောကြောင့်မထနိုင်တော့ဘဲခွေလဲကျသွားပါသည်။မတရုတ်မမှတရားဖွင့်ခိုင်းသဖြင့်မနန္ဒာအေးမှခြံစည်ရိုးတံခါးဖွင့်ပေးလိုက်ပြီး အငယ်ကောင်အားအ်ိမ်ထဲ့သိုခေါ်လာပါသည် မဖြူလေနှင့်သူမောင်တို့လူအုပ်ကြီးသူဓားရှည်များတုတ်များကိုင်ကာခြံထဲသိုလိုက်လာကြပါသည်။သူတို့အိမ်တံစပ်မြိတ်နားအရောက်တွင့်မတရုတ်မမှအိမ်ထဲ့မှနေ၍ခင်များတို့လွန်နေပြီး ကလေးတွေကိုလူကြီးတွေမရှိတုန်းကလေးတွကိုနိုင်ထက်စီးနင်လုပ်နေကြတာ ဒါကျွန်မတိုခြံနော် ခင်ဗျားတို့ကိုပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲရတယ်လို့ပြောသောကြောင့်ဘေးအ်ိမ်ကအစ်ကိုကြီကလဲ ကလေတွေနော်မင်တို့လွန်မယ်ဟုပြောသောကြောင့်ခြံအပြင်သို့ပြန်ထွက်သွားကြပါသည်။ယောက်မလဲအိမ်တံခါးအမြန်ပိတ်လိုက်ပါသည်။

မဖြူလေးမောင်ကဓာရှည်ကိုကိုင်ကာ ကျွန်မတို့ကိုအပြင်ထွက်ဖို့စိန်ခေါ်နေပါသည်။ကျွန်မတို့အိမ်ထဲ့ကိုဒုတ်တွေ အုတ်ခဲတွေ ဖိနပ်တွေနဲ့ပြစ်ပေါက်ကြပါသည်။ကျွန်မတို့လဲမိဘတွေကိုဖုန်းဆက်အကြောင်းကြားပါသည်။ကျွန်မတို့မိဘတွေကိုဖုန်းဆက်ပြီချိန်တွင်၁၂ရပ်ကွက်ဥက္ကဋ္ဌဆိုသူတစ်ဦးရယ်၊ရာအိမ်မှူရယ်၊ရဲတစ်ဦးရယ်ရောက်လာပြီး ကျွန်မတိုအိမ်ရှေ့တွင်မင်တို့ကိုစခန်သိုခေါ်သွားရမည်ဟုပြောပါသည်။မိဘတွေလာမှလိုက်ခဲ့ပါရစေတို့လို့ကျွန်တို့မောင်နှမနှစ်ယောက်ကတောင်ပန်ပါသည်။သူတို့ကလက်မခံပါ။

ပြီးမှကျွန်မလက်မှဓားဒဏ်ရာမြင်ကာဆေးရုံလိုက်ပို့ပေးမယ်ဟုပြောကာခေါ်လာပြီးလမ်းတစ်ဝက်တွင်ချထားခဲ့ပြီးကျွန်မနဲ့အကြီးကောင်ကို ကိုယ်ဘာသာဆက်သွားတော့ဟုဆိုင်ကယ်ဋ္ဌားပေးပါသည်။ကျွန်မတို့မောင်နှမနှစ်ယောက်လက်ထဲ့တွင်ပိုက်ဆံလဲမပါ ဖိနပ်လဲမပါ မတရုတ်မပေးလိုက်တဲ့ဖုန်းလေးသာပါသွားကာဆိုင်ကယ်သမားကိုကြီးအားအဖေနဲ့အမေလာမှပေးမယ်ဟုပြောကာဆေးရုံသိုးသွားခဲ့ရပါသည်။မိဘတွေကိုလဲအကြောင်းကြားရပါသည်။ကျွန်မတို့မောင်နှမသည်ဆေးရုံးကိုမိဘတွေမပါဘဲမောင်နှမနှစ်ယောက်ထဲ့ယောင်ချာချာနဲ့သွားရပါသည်။ဆရာဝန်တွေမှလဲသားသမီးချင်ကိုယ်ချင်းမစာမနာ လူကြီးမပါလို့ဘားမှမလုပ်ပေးပါ။မတရုတ်မမှအသိဦးလေး ဦးအောင်ဝင်းအားမောငအငယ့်ကာင်နှင်အတူလွှတ်လိုက်လို့ ဦးအောင်ဝင်ရောက်တဲ့အခါမှသာကျွန်မလက်ကအနာနဲ့မောင်လေးခေါင်ကဒဏ်ရာကိုချုပ်ကပါသည်။

ကျွန်မတို့ကိုလူကြီးများမရှိချိနိမှာအမေနဲ့အမေအရွယ်လောက်ရှိတဲ့သူတွေခန္ဓာကိုယ်ချင်းယှဉ်ရင်တောင်ဆီနဲ့ဆားလိုကွာတဲ့သူတွေကသားသမီးချင်းယောကျာင်္အားနဲ့ခေါင်ကိုလက်ဝါးနဲ့လဲရိုက်တယ်မိန်မဖြစ်သူကိုကျွန်ကိုတူနဲ့ထုတယ်ဖိနပ်နဲ့လးပါူရိုက်တယ်ကိယ်ချင်းမစာမနားရုပ်ညံတဲ့ဖိနပ်နဲ့လဲရိုက်တယ်ယောကျာင်္ဖြစ်သူကကျွန်မမခင်သန္တာဝင်ကိုဓားနဲူခုတ်တယ်သူလက်အားနဲ့အိင်္ကျီရင်ဘက်ကိုဆောင့်ဆွဲလို့အိင်္ကျီလဲပြဲတယ်ဆွဲကြိုးလဲပျောက်သွားတယ် ကျွန်မမောင်နှစ်ယောက်ကိုလဲ သူရဲ့ရုပ်ညံတဲမိန်မစီဖိနပ်နဲ့ပါးကိုရိုက်တယ် တူနဲ့လဲထုခံရတယ်ဘိလပ်မြအုတ်ခဲနဲ့လဲအထုခံရတယ် အိမ်ထဲလဲလူအုပ်ကြီးနဲ့ဝိုင်းအနိုင်ကျင့်ခံရတယ် မဖြူလေးမောင်ဖြစ်သူကလဲဓားရှည်ကိုင်ပြီးကြိမ်းမောင်ကြသေးတယ် ရဲကိုလဲသူတို့ကပိုင်တယ်တဲ့ကြိုက်တဲ့နေရာတိုင်တဲ့ မြောက်ဥက္ကလာမှာရှိတဲ့ရုံးတိုင်သူတို့ပိုင်တယ်ဟုပြောသောကြောင့်အခုလို့postတင်ပြီးအကူအညီတောင်ူခံရချင်းဖြစ်ပါတယ်အထက်ကလူကြီးများသိအောင်ဝိုင်းshareပေးကြပါနော် ”

EFIL-APANNPYAY