အရက်ပုလင်း ၃လုံးနှင့် ငွေ ခုနှစ်ထောင်ကျော်ခိုးယူသည့် ဖောက်ထွင်းမှု (CCTV)

49

တောင်ငူမြို့ ၊ ရပ်ကွက် ( ၃ )၊ အောင်ကောင်း စားသောက်ဆိုင် အတွင်း အောက်တိုဘာ( ၁၃ )ရက်နေ့ မနက် ၂နာရီ ဝန်းကျင်အချိန်ခန့်က ဆိုင်ခန်း တံခါးသော့အား ဖျက်ကာ ဆိုင်ထဲသို့ အမည်မသိသူမှ ဝင်ရောက် ဖောက်တွင်း ပြီး အရက် ၃ ပုလင်းနှင့် ပိုက်ဆံ ခုနှစ်ထောင်ကျော် ကျပ်(၇၀၀၀)ကျော် ခိုးယူမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

” ရဲစခန်းကိုတော့ မတိုင်ကြားရသေးပါဘူး ဆိုင်မှာ အလုပ်များနေတာရယ် ၊ ပစ္စည်းလဲ အရမ်းပါမသွားတာရယ်ကြောင့် မတိုင်ဖြစ်သေးတာပါ တိုင်ချက်တော့ ဖွင့်ထားမှာပါ ” ဟု စားသောက်ဆိုင် ပိုင်ရှင် ဦးစိုးလင်း က AlinnMyay(အလင်းမြေ) သို့ ပြောသည်။

” လောလောဆယ်တိုင်ချက်လာဖွင့် ထားတာမရှိသေးပါဘူး တိုင်ချက်လာဖွင့်ထားတာ ကောင်းပါတယ် ၊ လုပ်လို့ရတယ်ဆို တစ်ခြားဆိုင်တွေလည်း လိုက်လုပ်နေလေ့မယ် ၊ တိုင်ချက်လာဖွင့်ပြီးတာနဲ့ CCTV ကြည့်ပြီး သူခိုးကို ဖော်ထုတ် ဖမ်းဆီးနိုင်အောင် ကြိုစားမှာပါ ဟု အမှတ် (၂ )နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက AlinnMyay(အလင်းမြေ) သို့ပြောသည်။

အောင်ကောင်း စားသောက်ဆိုင် အတွင်း ဝင်ရောက်ခိုးယူမှုတွင် အရက်ပုလင်း ၃လုံးနှင့် ပိုက်ဆံ ခုနှစ်ထောင် ခိုးရာပါသွားခဲ့ကြောင်းသိရပြီး တောင်ငူမြို့တွင် ခိုးမှုများမကြာခဏ ဖြစ်ပွါးခဲ့သော်လည်း CCTV မှတ်တမ်း ရှိသော ခိုးမှုများကို အများဆုံးဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

သတင်း – ကေတု(ကိုနေ) #AlinnMyay(အလင်းမြေ)

(Zawgyi)

အရက္ပုလင္း ၃လုံးႏွင့္ ေငြ ခုႏွစ္ေထာင္ေက်ာ္ခိုးယူသည့္ ေဖာက္ထြင္းမႈ ေတာင္ငူၿမိဳ႕တြင္ျဖစ္ပြါး

ေအာက္တုိဘာ(၁၄)AlinnMyay(အလင္းေျမ)

ေတာင္ငူၿမိဳ႕ ၊ ရပ္ကြက္ ( ၃ )၊ ေအာင္ေကာင္း စားေသာက္ဆိုင္ အတြင္း ေအာက္တိုဘာ( ၁၃ )ရက္ေန႔ မနက္ ၂နာရီ ဝန္းက်င္အခ်ိန္ခန္႔က ဆိုင္ခန္း တံခါးေသာ့အား ဖ်က္ကာ ဆိုင္ထဲသို႔ အမည္မသိသူမွ ဝင္ေရာက္ ေဖာက္တြင္း ၿပီး အရက္ ၃ ပုလင္းႏွင့္ ပိုက္ဆံ ခုႏွစ္ေထာင္ေက်ာ္ က်ပ္(၇၀၀၀)ေက်ာ္ ခိုးယူမႈျဖစ္ပြါးခဲ့ေၾကာင္းသိရသည္။

” ရဲစခန္းကိုေတာ့ မတိုင္ၾကားရေသးပါဘူး ဆိုင္မွာ အလုပ္မ်ားေနတာရယ္ ၊ ပစၥည္းလဲ အရမ္းပါမသြားတာရယ္ေၾကာင့္ မတိုင္ျဖစ္ေသးတာပါ တိုင္ခ်က္ေတာ့ ဖြင့္ထားမွာပါ ” ဟု စားေသာက္ဆိုင္ ပိုင္ရွင္ ဦးစိုးလင္း က AlinnMyay(အလင္းေျမ) သို႔ ေျပာသည္။

” ေလာေလာဆယ္တိုင္ခ်က္လာဖြင့္ ထားတာမရွိေသးပါဘူး တိုင္ခ်က္လာဖြင့္ထားတာ ေကာင္းပါတယ္ ၊ လုပ္လို႔ရတယ္ဆို တစ္ျခားဆိုင္ေတြလည္း လိုက္လုပ္ေနေလ့မယ္ ၊ တိုင္ခ်က္လာဖြင့္ၿပီးတာနဲ႔ CCTV ၾကည့္ၿပီး သူခိုးကို ေဖာ္ထုတ္ ဖမ္းဆီးနိုင္ေအာင္ ႀကိဳစားမွာပါ ဟု အမွတ္ (၂ )နယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက AlinnMyay(အလင္းေျမ) သို႔ေျပာသည္။

ေအာင္ေကာင္း စားေသာက္ဆိုင္ အတြင္း ဝင္ေရာက္ခိုးယူမႈတြင္ အရက္ပုလင္း ၃လုံးႏွင့္ ပိုက္ဆံ ခုႏွစ္ေထာင္ ခိုးရာပါသြားခဲ့ေၾကာင္းသိရၿပီး ေတာင္ငူၿမိဳ႕တြင္ ခိုးမႈမ်ားမၾကာခဏ ျဖစ္ပြါးခဲ့ေသာ္လည္း CCTV မွတ္တမ္း ရွိေသာ ခိုးမႈမ်ားကို အမ်ားဆုံးေဖာ္ထုတ္နိုင္ခဲ့ေၾကာင္းသိရသည္။

သတင္း – ေကတု(ကိုေန) #AlinnMyay(အလင္းေျမ)